Bizzarrini ဆိုတဲ့ ကား အမျိုးအစားကတော့ ဟိုးယခင် ၁၉၆၀ ဝန်းကျင် လောက်ကတည်း Ferrari နဲ့ Alfa Romeo ကားလုပ်ငန်းတွေရဲ့ အင်ဂျင် နီယာ ဟောင်း Giotto Bizzarrini ဆိုသူက တည်ထောင်ထားတဲ့ လုပ်ငန်းဖြစ်ပြီး အရည် အသွေးမြင့် ကန့်သတ်နှုန်းနဲ့ပဲ ရနိုင်မယ့် Sports ကားကောင်းတွေ ထုတ် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်နီယာ ကတော့ အခုလို ကားအလန်းစားတွေ ကိုယ်တိုင် မဖန်တီးခင်မှာကတည်းက 250 GTO နဲ့ 250 GT SWB တို့လိုမျိုး Iconic ကားကောင်းကြီးတွေကို ဖန်တီးရာမှာ ပါဝင်ခဲ့တာဖြစ်ပြီး Lamborghini ရဲ့ ပထမ ဆုံးသော V12 အင်ဂျင် ကားသစ်ကိုလည်း အတူတူ ထုတ်လုပ်ပေးခဲ့ ဖူးတာပါ။
#gallery-31 { margin: auto; } #gallery-31 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-31 img { border: 2px solid #cfcfcf; } #gallery-31 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */အခုလို ၁၉၆၄ ခုနှစ် လောက်မှာတင် Bizzarrini ဆိုတဲ့ နာမည်နဲ့ ရပ်တည်လာခဲ့ပြီး အဆိုပါ အချိန် မတိုင်ခင်မှာ တုန်းကတော့ Iso Rivolta ကားလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးတယ်။ Bizzarrini လုပ်ငန်းကတော့ ကားအစီးရေ ၁၄၀ လောက် အထိ ထုတ်လုပ်အပြီး ၁၉၆၉ ခုနှစ်မှာ တစ်စခန်း ရပ်ခဲ့ရပါ တယ်။ ဒါပေမယ့် အခုခေတ် ၂၀၂၀ အရောက်မှာတော့ Bizzarrini ဆိုတဲ့နာမည်နဲ့ Brand ကို ပြန်လည် တည်ဆောက်ထားနိုင်ပြီဖြစ်ပြီး 5300 GT လိုကား မျိုးကို ကောင်းကောင်း ဆက်လက် ဖန်တီးကာ အစီးရေ ၂၄ စီးထဲ ထုတ်ပြနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကုမ္ပဏီ ကနေ အလန်းစား ကားကောင်း တစ်စီးကို ချပြနိုင်ခဲ့ပြန်ပါပြီ။ အဆိုပါ ကားကိုတော့ Giorgetto Giugiaro နဲ့ သူ့ရဲ့သားဖြစ်သူ Fabrizio တို့က အတူတူ ဖန်တီးခဲ့ကြတာဖြစ်ပြီး ဒီဇိုင်းပိုင်း အရ ၁၉၆၀ ခုနှစ် အငွေ့ အသက်လေးတွေ ပြန်ရလာ ခဲ့ပါတယ်။ ကိုယ်ထည် အနိမ့်နဲ့ အဆိုပါ Sports Car အသစ်ကိုတော့ ကာဗွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ ပဲတည်ဆောက်ထားတာ ဖြစ်ပြီး ကုမ္ပဏီရဲ့ မူလနာမည်ပဲ ပေးထားကာ 5300 GT တုန်းကလို ဒီဇိုင်း လက်ရာ လေးတွေကိုလည်း တစ်ချို့နေရာတွေမှာ သုံး ပေးထား ပါတယ်။ အသိသာ ဆုံးသော အပြောင်းအလဲကတော့ ကားသစ်မှာ Rear-Mid Engine ဆိုတဲ့ အင်ဂျင်နေရာ အသစ်ကို သုံးပေးထားတာဖြစ်ပြီး ၁၉၆၀ ခုနှစ် လောက်တုန်းက Sports ကားတွေကတော့ အင်ဂျင်ကို ရှေ့မှာပဲ ထားထားသေးတာပါ။
#gallery-32 { margin: auto; } #gallery-32 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-32 img { border: 2px solid #cfcfcf; } #gallery-32 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */အခု ကားမှာတော့ Naturally Aspirated V12 အင်ဂျင် ကိုမှ Eight-Speed ၊ Dual-Clutch Automatic ဂီယာကို တွဲဖက် သုံးပေးထားပြီး Giotto ကား အတွက်ပဲ သီးသန့်လို့ ယူဆလို့ရပါတယ်။ အခြားသော နာမည်ကျော်တွေ ဖြစ်ကြတဲ့ Aston Martin ၊ Rimac နဲ့ Tesla တို့ရဲ့ ကားတည်ဆောက်ပုံတွေ ကောင်းကောင်းသိထားပြီးဖြစ်တဲ့ ကုမ္ပဏီ CTO ဖြစ်သူ Chris Porritt ကတော့ အခုကား အတွက် အသေအချာ လေးအားစိုက်ထား ပါတယ်။ လောလော ဆယ်မှာတော့ ကားသစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရှိရ သေးတာကြောင့် အခုနှစ် နှောင်းပိုင်း လောက်အထိကို စောင့်ဆိုင်းရနိုင်ပါသေးတယ်။ ၂၀၂၄ မှာမှ စတင်ပြီးရောင်းချမှာ ဖြစ်တာကြောင့် အခုကားကို ဝယ်ယူလိုသူတွေ အနေနဲ့ ၂၀၂၅ မတိုင်ခင်လောက်အထိကို ကားသစ် လက်ဝယ် မရလောက် သေးပါဘူး။ ဈေးနှုန်း အတိအကျလည်း မသိရ သေးဘူးဆိုပေမယ့် တစ်ဖက်က Chevrolet V8 အင်ဂျင် နဲ့ 5300 GT တောင်မှ ဒေါ်လာ ၂ သန်း လောက် အထိ တန်ကြေးရှိနေတာကြောင့် အခုကားသစ်ကလည်း တကယ်ကို အကန့်အသတ်နဲ့ တန်ကြေးအမြင့်စားပဲ ဖြစ်လာမှာ သေချာနေပါတယ်။
Ref: motor 1.com
