Bentley ကတော့ ဟိုးယခင်က Azure ကား ပုံစံတူကို ပြီးခဲ့တဲ့ ၂၀၂၂ မှာတင် ပြန်လည် ယူဆောင်ပေးလာခဲ့ပြီး အသစ်အသစ်သော ဇိမ်ခံ အပြင်အဆင်တွေနဲ့ ကျက်သရေ ရှိလှတဲ့ ဒီဇိုင်းမျိုးကို ပြသလာခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါ Continental GT ကိုမှ Special Edition အသစ်တစ်ခု ထပ်မံ ထုတ်ပေးလိုက်ပြီဖြစ်ပြီး ပုံစံကတော့ ဟိုးယခင်က 1953 R-Type Continental နဲ့ အတော်လေးကို ဆင်တူပြီး အမှတ်ရချင်စရာ ကောင်းနေပြီ ဖြစ်ပါတယ်။

#gallery-25 { margin: auto; } #gallery-25 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-25 img { border: 2px solid #cfcfcf; } #gallery-25 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

အဆိုပါ မူလ R-Type ကားကတော့ ၁၉၅၃ ခုနှစ် ဒီဇင်ဘာ လမှာ Dr. Rowland Guenin ဆိုသူက စတင် မှာယူခဲ့တာ ဖြစ်ပြီး အပြင်ဘက်မှာတော့ ဆင်စွယ်အရောင် ၊ အတွင်းဘက်မှာတော့ အနီရောင် အပြင်အဆင်တွေနဲ့ လှပခဲ့တာပါ။ ၂၀၀၁ ခုနှစ် မှာတော့ ကုမ္ပဏီက အဆိုပါ ကားကို ပြန်လည် ဝယ်ယူခဲ့ပြီး မူလပုံစံ အတိုင်းရအောင် ပြန်လည် ပြုပြင်ထိန်းသိမ်း ပေးထား ခဲ့ပါတယ်။ အခုမြင်ရတဲ့ Special Edition မှာ သုံးထားတဲ့ Old English White ဆိုတဲ့ ခေတ်ဟောင်း ဆန်ဆန် အရောင်လေးက တစ်ချိန်က R-Type ကားရဲ့ ဆင်စွယ် အရောင်နဲ့ တစ်ထေရာ တည်းနီးပါး ကို တူညီနေတာပါ။ ဒါ့အပြင် ကားမှာ သုံးထားတဲ့ Shiny Chrome ပြောင်ပြောင် လက်လက်လေးတွေ ၊ Grille နဲ့ ဘေးကိုယ်ထည် အနက်ရောင်တွေက အစကို တူညီနေတာ ဖြစ်ပြီး အခုကားသစ် မှာတော့ ၂၂ လက်မ အရွယ် ဘီးကြီးတွေကို အသုံးပြုပေးထားပါတယ်။

#gallery-26 { margin: auto; } #gallery-26 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-26 img { border: 2px solid #cfcfcf; } #gallery-26 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */

R-Type ရဲ့ အနီရောင် လယ်သာတွေနဲ့ မတူတော့တဲ့ အချက်ကိုတော့ အခုကားသစ်ရဲ့ အတွင်းခန်းမှာ မြင်ရမှာ ဖြစ်ပြီး Cricket Ball Brown လယ်သာ ဆိုတဲ့ အညိုရောင်လေးတွေကို ပြောင်းသုံးပေးထားတာပဲ ဖြစ်ပါတယ်။ Burr Walnut Wood Veneer သားကို တော့ကားရဲ့ Dashboard တစ်လျှောက် သုံးပေးထားတာ တွေ့ရပါတယ်။ Azure ကားသစ် မှာတော့ ဇိမ်ခံ အပြင်အဆင် ပိုပေါက်စေမယ့် တစ်ခြားသော လုပ်ဆောင်ချက်တွေလည်း စုံစုံလင်လင် ပါဝင်လာပါသေးတယ်။ အထူးသဖြင့် ပုံစံ ၆ မျိုး အထိကို ချိန်ညှိနိုင်မယ့် အနှိပ်ထိုင်ခုံတွေကို ကားရဲ့ အရှေ့ပိုင်း ထိုင်ခုံ တွေ အနေနဲ့ရနိုင်မှာပါ။ ဒါ့အပြင် Acitve Anti-Roll Bar တွေ ပါဝင်တဲ့ Bentley Dynamic Ride စနစ် ကြောင့်လည်း ကားမောင်းနေရတဲ့ အခါမှာ ပိုပြီး ငြိမ့်ညောင်းတဲ့ အရသာကို သေသေချာချာ ခံစားရစေမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube