Alfa Romeo Tonale ကားအသစ်ကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တရားဝင် စတင်ချပြတော့မှာလို့ သိရပါတယ်။ အဆိုပါ ကားက တော့ လာမယ့် ၂၀၁၉ တုန်းက ဂျနီဗာ ကားပြပွဲကြီးမှာ မြင်ခဲ့ရတဲ့ Concept ကို ထုတ်လုပ်တဲ့အဆင့် ကားအဖြစ် မြင်တွေ့လာရတာဖြစ်ပြီး ၃ နှစ် လောက် စောင့်လိုက်ရတာလည်း ဖြစ်ပါတယ်။ အခု အသစ် ထွက်လာတဲ့ Teaser Video တစ်ခုအရ ဆိုရင်တော့ အများမျှော်လင့်ထား တဲ့ တစ်ချို့သော အချက်တွေ ပါလာ မလား ဆိုတာကို ပိုပြီး စိတ်ဝင်တစား မြင်လာရပါတယ်။ ၁၂ စက္ကန့် လောက်ပဲ ကြာတဲ့ အဆိုပါ Video အတိုလေးမှာ ဆိုရင်တော့ အရှေ့ဘက်က Iconic Trefoil Grille ကိုမှ LED Daytime Running Lights တွေနဲ့ လှလှပပပေါင်းစပ် ထား တာကို မြင်လိုက်ရတာဖြစ်ပြီး ယခင်ကထက်ပိုပြီး Aggressive ဖြစ်မယ့် Compact Crossover တစ်စီး ဖြစ်လာပါတယ်။ ဒါ့အပြင် Digital Instrument Cluster ကိုလည်း အခု Video လေးထဲမှာ မြင်လိုက်ရပြီး Brand ရဲ့ တံဆိပ်နဲ့ စတီယာတိုင်ကိုလည်း တစ်စိတ်တစ်ပိုင်းတော့ ဖော်ပြထားပါတယ်။ အဆိုပါ Video လေးမှာတော့ ယာဉ်ရဲ့ Driver- Centric Cockpit Design ကို အသားပေး ဖော်ပြထားပြီး Cluster ကလည်း  Multi-Function ဖြစ်လာနိုင်ပါတယ်။

အခုကားအသစ်ကတော့ Alfa Romeo အတွက် အတော်လေးအရေးကြီးတာဖြစ်ပြီး အမေရိကဈေးကွက် အတွက်ဆိုရင် ပိုလို့တောင် အရေး ပါနေပါသေးတယ်။ အကြောင်းကတော့ အဆိုပါ ဈေးကွက်ထဲမှာ ကုမ္ပဏီရဲ့ လက်ရှိ ကားမော်ဒယ်တစ်ချို့က အောင်မြင်မှု မရ‌ထားသေးလို့ပဲ ဖြစ်ပါတယ်။ အခြားသော မော်ဒယ်တွေ ဖြစ်တဲ့ Giulia နဲ့ Stelvio တို့မှာ ဆိုရင်လည်း Special Edition တွေ အများအပြား ထုတ်လုပ်ကာ သီးသန့်ဆန်တဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကိုလည်း မိတ်ဆက် ပေးထားပေမယ့် ဂျာမနီထုတ် ကားတွေနဲ့ယှဉ်ရင်တော့ အနည်းငယ် ရုန်းကန် နေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု Tonale ကားအသစ်ကတော့ အတော်လေးကိုဈေးကွက် ရှာပေးနိုင်တဲ့ ကား တစ်စီးအဖြစ် မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် Alfa အနေနဲ့ကတော့ Jeep Renegade နဲ့ Fiat 500 X တို့မှာ သုံးထားတဲ့ Stellantis Small Wide 4×4 Platform ကားတွေကိုတော့ အတော်လေး ယှဉ်ပြိုင်ရဦးမယ့် သဘောပဲ ဖြစ်ပါတယ်။

အဆိုပါ ကားမှာတော့ အင်ဂျင်ပိုင်း အနေနဲ့ Turbocharged 1.3 Liter Gasoline Four-Cylinder Engine ကို သုံး ပေးထားမှာဖြစ်ပြီး လျှပ်စစ်မော်တာတစ်လုံးပါ ပေါင်းစပ်ထားတာကြောင့် 240 hp အထိ စွမ်းဆောင်လာ နိုင်ပါတယ်။ ဒါ့အပြင် အခု ကားကတော့ ကုမ္ပဏီရဲ့ ပထမဆုံးသော Plug-In Hybrid ကား ဖြစ်ပြီး အနာဂါတ် လျှပ်စစ် ကားသစ် တွေအတွက် ခြေလှမ်းအသစ်လည်း ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ Concept ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက မြင်ခဲ့ရပြီး ထုတ်လုပ်ဖို့ ကြာနေရတဲ့ အကြောင်းအရင်းကတော့ Brand ရဲ့ CEO Jean-Phillippe Imparato အနေနဲ့ အခု ကားရဲ့ ထုတ်လုပ်ရေးအဆင့် အစောပိုင်းမော်ဒယ်ကို မကြိုက်နှစ်သက်တာကြောင့်လို့ သိရပါ တယ်။ အဓိက ကတော့ PHEV  System အနေနဲ့ လုံလောက်တဲ့ စွမ်းဆောင်ရည်ကောင်းကို မရသေးလို့ပဲဖြစ်ကာ ပြင်ဆင်နေခဲ့တာ ကြောင့် အခု ကားအသစ်မှာတော့ အစစအရာရာ ကျေနပ်စရာ ကောင်းလာမယ်လို့ ယုံကြည်ရပါတယ်။

Ref: carbuzz.com