ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လတုန်းကပဲ Maserati ရဲ့ GranTurismo ကားသစ်ကို ကုမ္ပဏီဘက်က တရားဝင် ချပြခဲ့ ပေမယ့်လည်း အတွင်းခန်း ပုံရိပ်တွေကိုတော့ မြင်တွေ့ခဲ့ရခြင်း မရှိသေးပဲ အခုမှသာလျှင် တရားဝင် ချပြလာတာပဲ ဖြစ်ပါတယ်။ အခုမြင်ရတဲ့ ကားအတွင်းခန်းမှာတော့ အနက်ရောင် Modena ၊ နှစ်ရောင်စပ် Trofeo တို့အပြင် Cream အရောင် ခပ်နုနု Folgore အရောင်တွေကို မြင်ရမှာဖြစ်ပါတယ်။
အခု GranTurismo ကားအသစ်ကတော့ အဓိကအားဖြင့် တော်တော်လေး ခန့်ညားတဲ့ ဒီဇိုင်းအသွင်အပြင်ကို ဖန်တီး ပေးထားတာ တွေ့ရမှာဖြစ်ပြီး အတော်လေး သေသပ်တဲ့ အနုစိတ်လက်ရာ လေးတွေကိုလည်း ကားအတွင်းခန်း တောက်လျှောက် မြင်ရမှာပါ။ သေချာတာ တစ်ခုကတော့ ဒီဇိုင်း လုံးဝပြန်လည် ဆန်းသစ်ပေးထားတဲ့ Cabin ပိုင်းကြီးက တကယ်ကို ကြည့်ကောင်းနေတယ် ဆိုတာပါပဲ။ ဥပမာအားဖြင့် Since 1914 ဆိုတဲ့ စာသားလေးနဲ့ ကြွရွ နေတဲ့ Maserati Logo လေးကို သစ်သား ၊ သတ္တုတွေနဲ့ ရောစပ်ဖန်တီးထားပြီး အီတလီအလံ ပုံစံလေးကိုလည်း ခန့်ခန့်ညားညားလေး ထည့်ပေးထားသေးတာပါ။ ထိုင်ခုံတွေက လည်း Sports Type ထက်စာရင် တော်တော်လေးကို သက်တောင့် သက်သာဖြစ်စေမယ့် ဇိမ်ခံဘက် ပိုသွားထားတာကို တွေ့ရပါလိမ့်မယ်။
#gallery-11 { margin: auto; } #gallery-11 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-11 img { border: 2px solid #cfcfcf; } #gallery-11 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */ဒါ့အပြင် ၁၂.၃ လက်မ အရွယ် Infotainment Cluster နဲ့ ၁၂.၃ လက်မ အရွယ်ပဲဖြစ်တဲ့ Infotainment Touchscreen တို့ကို တွေ့ရဦးမှာပါ။ ဒါပေမယ့် နောက်ထပ် ၈.၈ လက်မ အရွယ် Touchscreen ကလည်း ကားရဲ့ Center Console နေရာမှာ အကျအန ရှိနေတာကြောင့် အတွင်းခန်းထဲ ဝင်လိုက်တာနဲ့ အတော်လေး ဆန်းသစ်တဲ့ ကြိုဆိုမှုပုံစံ ဒီဇိုင်း လေးတွေ ဖြစ်နေမှာ သေချာပါတယ်။ ဒါပေမယ့် ကားရဲ့ အဆင့်မြင့် သီးသန့်ဆန်မှုကို ပြသနိုင်မယ့် ဒီဂျစ်တယ် နာရီမှ အဆင့်မြင့်တဲ့ Analogue နာရီ ပြပုံကိုလည်း ထည့်ပေးထားသေးတာ ထူးခြားတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts
