Minivan တွေရဲ့ ခေတ်က ကုန်ဆုံးသွားပြီလား ဆိုတဲ့မေးခွန်းတွေကိုတော့ တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai က SUV တွေလောက် မမြင့်တဲ့ မိသားစု အနေတော်စီး Minivan ကားတွေ ဆက်ရှိနေတယ် ဆိုတာကို သက်သေပြရင်း ကောင်းကောင်း ပြန်ဖြေပြထားပါတယ်။ အခုဆိုရင်တော့ Staria နဲ့ Custo ဆိုတဲ့ Minivan ကားတွေအပြီး ကားသစ် တစ်စီးကိုပါ ထပ်မံ ထုတ်ပြလိုက်ပြီဖြစ်ပြီး အရင်ကားတွေလို ထိုးတံခါးတွေတော့ မပါလာတော့ ပါဘူး။ ကားရဲ့ အရှည် က လည်း ၁၇၅.၅ လက်မပဲ ရှည်တာကြောင့် ရှေ့က Minivan ၂ စီး ထက်လည်း ပိုတိုကာ ဈေးသက်သာတဲ့ Budget Minivan ကား တစ်စီးလို့ပဲ ဆိုရတော့မှာပါ။ ဈေးသက်သာတယ် ဆိုပေမယ့်လည်း ၆ ယောက် ဒါမှမဟုတ် ၇ ယောက် လောက် ကောင်းကောင်း စီးနိုင်တာကြောင့် အတော်လေးတော့ အဆင်ပြေပါတယ်။ ကားရဲ့ အရှေ့ဘက်ပိုင်းမှာ တော့ယခင် Staria ပုံစံကို မှီငြမ်းပြီး LED Light Bar နဲ့ ထည့်ပေးထားကာ Mitsubishi Xpander ကားကိုတောင် သတိရသွားစေ မယ့် Main Light တွေကိုလည်း မြင်ရဦးမှာပါ။ အနောက်ဘက်မှာ ဆိုရင်လည်း Bayon ကားမှာလိုမျိုး Taillight တွေကို ခေတ်လွန် Light Graphics တွေနဲ့ ဖန်တီးထားတာကြောင့် ညဘက်ဆိုရင် အတော်လေး စိတ်ဝင်တစားကြည့် ကောင်းနေပါလိမ့်မယ်။ Stargazer ဆိုတဲ့ နာမည်ကို သုံးထားတယ် ဆိုပေမယ့်လည်း ဒီကားမှာ တော့ အမိုးပေါ်မှာ မှန်နဲ့ Monroof ကို ထည့်သွင်းပေးထားခြင်း မရှိသေးပါဘူး။
အတွင်းပိုင်း ကတော့ အပြင်ထက်စာရင် ပိုပြီး ရိုးရှင်းကာ ထိုင်ခုံ ၃ တန်း ကိုမှ နဂိုပါဝင်လာမယ့် ကော်ဖီခွက် တင်တဲ့ နေရာကို အရှေ့ဘက် ခရီးသည်နေရာရဲ့ နောက်ကျောမှာ ထည့်ပေးထားပါတယ်။ ဒါ့အပြင် ဒုတိယ ထိုင်ခုံတန်းက ခရီးသည်တွေ အဆင်ပြေပြေ ရှိနိုင်စေဖို့အတွက် အားသွင်းနိုင်မယ့် USB အပေါက်တွေ ကိုလည်း ထည့်ပေးထားပြီး ယာဉ်မောင်း အနေနဲ့ကတော့ ၄.၂ လက်မ Digital Instrument Cluster နဲ့ ၈ လက်မ အရွယ် Infotainment Screen ကိုပါ အသုံးပြုနိုင်မှာပါ။ ကားရဲ့ စက်ပိုင်းဆိုင်ရာမှာကတော့ Naturally Aspirated 1.5 Liter Gasoline Engine ကို တပ်ဆင်ပေးထားတာကြောင့် 115 hp နဲ့ 107 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ပြီး Six-Speed Manual Gear ဒါမှမဟုတ် CVT ဂီယာကို ရွေးချယ်နိုင်ပါတယ်။ ကားရဲ့ ဘီးတွေကတော့ ၁၅ လက်မ အရွယ် ဆိုပေမယ့် High-End Version အဆင့်မြင့်မြင့် ကားတွေ ဆိုရင်တော့ ၁၆ လက်မ အရွယ်ဘီးတွေ သုံးထားမှာပါ။
#gallery-9 { margin: auto; } #gallery-9 .gallery-item { float: left; margin-top: 10px; text-align: center; width: 50%; } #gallery-9 img { border: 2px solid #cfcfcf; } #gallery-9 .gallery-caption { margin-left: 0; } /* see gallery_shortcode() in wp-includes/media.php */ကားရဲ့ အသုံးဝင်မှု အပိုင်းတွေကို ကြည့်ရမယ် ဆိုရင်တော့ တတိယမြောက် ထိုင်ခုံတန်း နောက်မှာ ပုံမှန်ကိုပဲ လီတာ ၂၀၀ လောက် အထိဆံ့အောင် ပစ္စည်းတင် နိုင်မှာဖြစ်ပြီး ဒုတိယခုံတန်း အနောက်ကနေ ပစ္စည်း အပြည့်တင်မယ် ဆိုရင် တော့ ၅၈၅ လီတာ ဆံ့ပါတယ်။ အခု ကားကိုတော့ ခေတ်မှီသွက်လက်တဲ့ ဒီဇိုင်း ၊ လုံခြုံရေး နည်းပညာအပြည့်နဲ့ အတူ အမြင့်ဆုံး Trim Level တွေပါ ပေါင်းစပ်ပြီး အင်ဒိုနီးရှား ကားဈေးကွက်ထဲ စတင်ပွဲထွက်လာတာပဲ ဖြစ်ပါတယ်။ အဆိုပါ လုံခြုံရေး နည်းပညာသစ် တွေထဲမှာ ဆိုရင်တော့ Blind Spot သတိပေး စနစ်နဲ့ Lane Keeping Assist စနစ် တွေကိုလည်း တစ်ပါတည်း ထည့်သွင်း ပေးလာ ပါတယ်။ ဈေးနှုန်းတွေကတော့ အမေရိကန် ဒေါ်လာ 17,100 လောက်ကနေစတင်ပြီး $ 20,500 လောက် အထိ အမြင့်ဆုံး ကျသင့်နိုင်ပါတယ်။ အင်ဒိုနီးရှား ကားဈေးကွက်ထဲမှာ ဆိုရင်တော့ Hyundai Stargazer ကားသစ်အနေနဲ့ Mitsubishi ရဲ့ Xpander အပြင် Suzuki Ertiga ၊ Toyota Avanza တို့နဲ့ပါ ယှဉ် ပြိုင်လာရဖို့ ရှိနေပါတယ်။
Ref: motor 1.com
