Honda Passport ရဲ့ ၂၀၂၃ ကား မော်ဒယ် အသစ်ကတော့ All-Wheel Drive စနစ် တစ်မျိုးတည်းကိုပဲ စံထားကာ ထုတ်လုပ်ပေးလာခဲ့ပါပြီ။ ဈေးနှုန်းကတော့ Entry-Level ဖြစ်တဲ့ AWD EX-L Version ကိုတောင် $ 42,395 အထိ ရှိလာခဲ့တာ တွေ့ရပါတယ်။ Cars Direct သတင်းရဲ့ အချက်အလက်တွေအရ ဆိုရင်တော့ အဆိုပါ Entry-Level Trim ကား အတွက်ကိုပဲ ဝယ်ယူလိုသူတွေဟာ ယခင်ကထက် ဒေါ်လာ ၂,၇၀၀ လောက် ပိုကုန်ကျ ရတော့မယ်လို့ သိရပါတယ်။
အခု ဈေးနှုန်းတွေ ကြေညာချက်တွေကတော့ Honda အနေနဲ့ Passport ကားမှာ Sport Grade ကို ဖြုတ်ချထားခဲ့ ပြီ လို့ တရားဝင် အတည်ပြုချက် ထွက်ပေါ်လာခဲ့တာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ မော်ဒယ်ရဲ့ Base Model ဈေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် $ 5,080 လောက်ကို ပိုပြီးဈေးတက်သွားတဲ့ သဘော ဖြစ်ပါတယ်။ Honda Passport ကတော့ Redesigned CR-V နဲ့ ပိုကြီးမားတဲ့ ခုနစ်ယောက်စီး Pilot တွေ အကြားမှာ ရပ်တည်နေတဲ့ ကားကောင်းတစ်စီး ပါပဲ။
အခုကားရဲ့ ဈေးအသစ်တွေကို အခြားသော ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရမယ် ဆိုရင်တော့ လာမယ့်နှစ်မှာ ဒီဇိုင်းသစ် ပြောင်းထွက်လာမယ့် Pilot ကားကိုပဲ Front-Wheel Drive စနစ်နဲ့ဆိုရင် $ 40,000 ကျသင့်မှာ တွေ့ရပါတယ်။ အဆိုပါ ဈေးနဲ့ Pilot ကလည်း နောက်နှစ် ကားသစ်ထွက်လာမယ်ဆိုရင် လက်ရှိမြင်ရတဲ့ Passport ကားအမျိုး အစားကိုတောင် ဈေးကျော်တက်သွားနိုင်ပါတယ်။ အခု Passport ကားတင်မကပဲ အခြားသော Honda Model တစ်မျိုးဖြစ်တဲ့ Ridgeline Pickup Truck ကားကိုလည်း လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက Front-Wheel Drive အမျိုး အစားကို ဖြုတ်ချခဲ့ပြီးပါပြီ။ ဒါပေမယ့် Honda ရဲ့ ကားတွေထဲမှာ အခုလိုမျိုး Trim တွေ ဖြုတ်ချပြီး ဈေးတွေ တက်ကုန်တာ ဒီ ၂ မျိုးတည်းတော့ မဟုတ် သေးပြန်ပါဘူး။ လာမယ့် ၂၀၂၃ အရောက်မှာလည်း Honda က CR-V Lineup ထဲက LX Grade ကို ဖြုတ်ချဦးမှာ ဖြစ်တာကြောင့် အဆိုပါ ကားလည်း အသစ်မှာဆိုရင် ဒေါ်လာ ၄,၃၀၀ လောက်အထိ ဈေးတက်သွားနိုင်မယ်လို့ ခန့်မှန်းရပါသေးတယ်။
Ref: AllAutoExperts
