MyCars Myanmar

လမ်းမပေါ် ရောက်လာပြီဖြစ်တဲ့ Zoox မောင်းသူမဲ့ တက္ကစီများ!

အမေရိကန် ၊ ကယ်လီဖိုးနီးယား အခြေစိုက် မောင်းသူမဲ့ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Zoox ကတော့ သူတို့ရဲ့ မောင်းသူမဲ့ တက္ကစီကို ခရီးသည်လိုက်ပါပြီး ပထမ ဆုံး စမ်းသပ် အောင်မြင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အဆိုပါ ကားလေးကိုတော့ အများပြည်သူသုံး လမ်းထက်မှာ မောင်းသူမဲ့ ဝန်ထမ်း ကြိုပို့ ယာဉ်လေးအဖြစ် ဖေဖော်ဝါရီ ၁၁ ရက် နေ့က စမ်းသပ်ခဲ့တာဖြစ်ပြီး ထိန်းချုပ်ပေးမယ့် လူလိုက်ပါခြင်း လုံးဝမရှိပဲ လမ်းပေါ်မှာ အောင်မြင် ခဲ့တဲ့ ပထမဆုံးသော မောင်းသူမဲ့ယာဉ် အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: AllAutoExperts

အခု အောင်မြင်မှု ကတော့ မောင်းသူနဲ့ နည်းပညာ နယ်ပယ်အတွက် သိသာတဲ့ မှတ်တိုင်ကောင်း တစ်ရပ်ကို စိုက်ထူ လိုက်နိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ Zoox ကုမ္ပဏီက Amazon ရဲ့လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး မောင်းသူမဲ့ ကားတွေကို ကုမ္ပဏီရဲ့ အဓိက ဝန်ထမ်း အဆောက်အဦ နှစ်ခုအကြား ပို့ဆောင်ပေးနိုင်ဖို့ အတွက် စတင် အသုံး ပြုနိုင်ခဲ့တာပါ။ Zoox ရဲ့ အဆိုအရတော့ အဆိုပါ မောင်းသူမဲ့ ကားလေးဟာ ခရီးသည် ၄ ဦး အထိ တင်ဆောင်နိုင်ပြီး မြန်နှုန်းကလည်း တစ်နာရီကို အမြင့်ဆုံး ၃၅ မိုင်အထိ တင်မောင်းနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် လမ်းတစ်လျှောက်က လမ်းကြော အခြေအနေတွေ ၊ လမ်းသွား လမ်းလာတွေ ၊ စက်ဘီးစီးသူ တွေနဲ့ အခြားသော မီးပွိုင့်တွေစတဲ့ အခြေအနေတွေကို အကုန်လုံးကို ပြဿနာ တစ်စုံတစ်ရာ မရှိပဲ ကျော်လွှားနိုင်ခဲ့ ပါတယ်။

Photo Credit: AllAutoExperts

အခုလိုမျိုး မောင်းသူမဲ့ ကားကိုမှ အရေးပေါ် ထိန်းချုပ်ပေးမယ့် သူလည်း မပါ ၊ ခရီးသည်တွေလည်း တကယ် ပါဝင်ပြီး ကယ်လီဖိုးနီးယားရဲ့ လမ်းမထက် အောင်မြင်စွာ စမ်းသပ်လိုက်နိုင်တဲ့ သမိုင်း မှတ်တိုင်သစ်ကိုတော့ Zoox ရဲ့ CEO ဖြစ်သူ Aicha Evans ကိုယ်တိုင်လည်း ဂုဏ်ယူလို့ မဆုံးဖြစ်‌လို့ နေပါတယ်။ တကယ်လို့သာ ရှေ့လျှောက် Zoox အနေနဲ့ အခု ကားလေးတွေ အတွက် အသိအမှတ်ပြု လက်မှတ်တွေ ၊ ခွင့်ပြုချက် တွေသာ ရခဲ့မယ်ဆိုရင် နိုင်ငံတစ်ဝန်း စတင် အသုံးပြုနိုင်တော့မယ့် အဆင့်ထိကို ရောက်လာ နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version