MyCars Myanmar

စမ်းသပ် ပျံသန်းမှု အောင်မြင်ခဲ့တဲ့ Xpeng ရဲ့ Car-Copter အမျိုးအစား ကားပျံတစ်မျိုး!

ကားပျံတွေ အကြောင်း ပြောမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်တွေအတွင်း ပုံစံအမျိုးမျိုးနဲ့ Concept အသွင်တွေကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကားလေးတွေရဲ့ ၂ ဆ လောက်ပဲရှိမယ့် လေယာဉ် အသေးစား ဒီဇိုင်းလေးတွေဖြစ်ပြီး သာမန် လေယာဉ်ပျံတွေလိုပဲ အတက်အဆင်းတွေအတွက် လေယာဉ် ပြေးလမ်း တွေ လိုအပ်နေသေးတဲ့ ဒီဇိုင်းတွေပါပဲ။ ဒါကြောင့် သာမန်လမ်းတွေ ကြပ်နေကျ မြို့ထဲ တွေအတွက် ဒီတီထွင်မှုတွေ ဟာ လုံးဝ မကိုက်ညီသေးပဲ ဖြစ်နေတာဖြစ်ပြီး တကယ်သာ ပြေးလမ်း မလိုအပ်မယ့် ကားပျံမျိုးဆိုရင်တော့ အတော် လေး အသုံးဝင်လာ နိုင်ပါတယ်။ အခု ဆိုရင်တော့ ဒီပြဿနာအ တွက်ကို လျှပ်စစ်ကား ကုမ္ပဏီသစ် Xpeng ရဲ့ လုပ်ငန်းခွဲ Xpeng AeroHT ကနေ ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်ပြီဖြစ်တဲ့ ကားပျံနဲ့အတူ ဖြေရှင်း ပြလာပါပြီ။ အဆိုပါယာဉ်ကို ၂၀၂၁ ကတည်းက Concept အနေနဲ့ ချပြလာခဲ့တ ဖြစ်ပြီး အခု အောက်တိုဘာလထဲမှာတော့ ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အခု စမ်းသပ်ဆဲ ယာဉ်အဆင့်ကိုတော့ ဘက်ထရီတွေနဲ့ စွမ်းအင်ထောက်ပံ့ ပေးထားပြီး ခပ်ပါးပါးပြားပြား Sedan ကားပုံစံကိုမှ အမိုးမှာ ပန်ကာ အကြီးကြီးတွေ ပါဝင်တဲ့ ပုံစံ ဖန်တီးထားပါတယ်။ အဆိုပါ ပန်ကာကြီးတွေက မြေပြင်မှာ ကားအနေနဲ့ မောင်းနေတဲ့ အခါမှာ အလွယ်တကူ ခေါက် ထားလို့ရပြီး ပန်ကာတွေထဲက တစ်လုံး အလုပ်မလုပ်နိုင်ရင်တောင်မှ ယာဉ်ကို အန္တရာယ်ကင်းကင်း ဆင်းသက်နိုင်အောင်အထိ ဒီဇိုင်းဆွဲ ပေးထားတယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အခု ယာဉ်ကတော့ ၄,၂၇၀ ပေါင် ရှိပြီးပထမဆုံး စမ်းသပ်ပျံသန်းမှု အနေနဲ့ကတော့ ၃၃ ပေ အထိကို မြင့်ခဲ့ကာ လေပေါ်မှာ ပျံသန်းရာမှာ တည်ငြိမ်မှု ရှိခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။  လေယာဉ်ပျံအနေနဲ့ Flight Mode မောင်းပြီ ဆိုရင်တော့ ကားရဲ့ ဂီယာကိုပဲသုံးပြီး ထိန်းချုပ်မောင်းနှင်ရတော့မှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ စွမ်းအင် တစ်ခါ အပြည့်ရှိရင် ဘယ်လောက်အထိ မောင်းနှင်နိုင်လဲ မဖော်ပြထားသေးပါဘူး။ ကုမ္ပဏီကတော့ အခုယာဉ်ကို မြို့ အတွင်းတွေမှာရှိတဲ့ မြစ်တွေ၊ လမ်းကြပ်တဲ့ နေရာ တွေ စတဲ့ အတားအဆီး တွေကျော်ဖြတ်နိုင်ဖို့ အဓိက သုံးနိုင်မယ်လို့ ဆိုထားပြီး ခရီးတိုတွေအတွက် ပိုဖြစ်လာ နိုင်ပါတယ်။ ပိုရှည် တဲ့ ခရီးစဉ်တွေအတွက် ဆိုရင်တော့ Xpeng HeroHT ဆိုတဲ့ နောက်ထပ် ယာဉ်တစ်မျိုးကို ပြင်ဆင်နေပြီး X2 လို့ အမည်ပေးထားကာ Flying Taxi သဘော မျိုးနဲ့ပါ သုံးလို့ ရလာနိုင်ပါတယ်။ ကုမ္ပဏီကတော့ အခု ယာဉ်တွေကို စီးပွားရေးအရ တရားဝင် ရောင်းချ အသုံး ပြုနိုင်ဖို့အတွက် ဥပဒေတွေကိုပါ ပြင်ဆင်ပေးနိုင်ဖို့ လိုအပ်သေးတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၄ အရောက် မှာတော့ စတင်ရောင်းချ လာနိုင် မယ်လို့ အကြမ်းဖျဉ်း ခန့်မှန်းထားပြီး ဈေးကလည်း ဒေါ်လာ ၁၃၇,၃၅၀ လောက်အထိ ရှိလာနိုင်ပါတယ်။

တကယ်တော့ အနာဂတ်မှာ မြင်လာရနိုင်တဲ့ မြို့ပြက‌ ဝေဟင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအတွက် ကြိုတင် ပြင်ဆင် နေတာဟာ အခု Xpeng AeroHT ကုမ္ပဏီ တစ်ခုတည်းတော့ မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း နာမည်ကြီး Hyundai Motor Group တို့ကနေ Supernal ဆိုတဲ့ နာမည်နဲ့ လုပ်ငန်းတစ်ခု စတင် တည်ထောင်ခဲ့ပြီး XPeng AeroHT ရဲ့ X2 ကားပျံနဲ့ ဆင်တူနိုင်တဲ့ ဒရုန်းအသွင် Flying Taxi တွေ ကို ကြိုးစားဖန်တီး လို့ နေပါပြီ။ အဆိုပါ Supernal ကုမ္ပဏီ ကတော့ ကားပျံတွေကို အမေရိက အပါအဝင် ဈေးကွက်တွေ အများ အပြားမှာ လာမယ့် ၂၀၂၈ အရောက်ကစလို့ စီးပွားဖြစ် ရောင်းချလာနိုင်ဖို့ စီမံနေပါ တယ်။ အဆိုပါ လုပ်ငန်းကြီးတွေ အတွက် Supernal ကတော့ လာမယ့် ဆယ်စုနှစ် ၂ ခု စာလောက်အတွင်း တန်ကြေး ဒေါ်လာ ၁.၅ ထရီလီယံ လောက် အထိ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ အခုကားပျံ လောက ထဲမှာ အခြာသော လုပ်ငန်းတွေအနေနဲ့ Geely နဲ့ Mercedes-Benz တို့ ကျောထောက် နောက်ခံပေးထားတဲ့ Volocopter ၊ Toyota ရဲ့ အစီအစဉ်နဲ့ Joby Aviation စသဖြင့် အစုံအလင် ဝင်ရောက်လာနေပြီပဲ ဖြစ်ပါ တယ်။

Ref: MotorAuthority

Exit mobile version