MyCars Myanmar

ဒေါ်လာ ၁၄၅,၀၀၀ အထိ ဈေးရသွားတဲ့ ကမ္ဘာ့အသေးဆုံးကားလေး !

အခုခေတ်မှာ ကားအသေးလေး ဆိုရင်တော့ Mini Cooper Hardtop လို ကားမျိုးကိုပဲ ပြေးမြင်မိပါလိမ့် မယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ် ဝန်းကျင်လောက် တုန်းကတော့ ၁၂၃ ပေါင်ပဲ အလေးချိန်ရှိတဲ့ ၃ ဘီး ကားလေး တွေက ကမ္ဘာ့အသေးဆုံးကားလေးတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဆိုပါ ကားလေးတွေကတော့ ၁ ယောက်ပဲ စီးနိုင် ပြီး 49CC DKW ဆိုတဲ့ အင်ဂျင် တပ်ဆင်‌ထားကာ နောက်ဘီးကလည်း တစ်ဘီးတည်း ပါဝင်လို့ မြင်ကောင် ရေအားကလည်း ၄ ကောင် အားပဲ ရှိပါတယ်။ အဆိုပါ ကားကို ထုတ်လုပ်ခဲ့တုန်းကတော့ အစီးရေ ၄၇ စီးပဲ ထုတ်လုပ်ခဲ့ပြီး ၁၉၉ ပေါင်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုခေတ်ဈေးနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ $ 10,000 လောက်အထိ တန်ကြေးရှိခဲ့တာပါ။ အလားတူကားမျိုးလေးတွေ ကို ၂၀၁၀ မှာ မူလ ကုမ္ပဏီကပဲ ပြန်လည် အမှတ်တရ ထုတ်လုပ်ခဲ့ သေးပေမယ့်လည်း မူလ အရသာ ကားလေးတွေကသာ ပိုပြီး စိတ်လှုပ်ရှား ဖို့ ကောင်းနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူလေးယောက် စီးလို့ရတဲ့ Morris Mini ဆိုတဲ့ ကားလေးတွေ လည်း ပေါင် ၄၇၀ လောက်နဲ့ တစ်ခေတ်တည်း ပေါ်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ ခု ကျော်လောက်ဆီက အခုလို ကားအသေးလေးတွေဟာ အခုခေတ်မှာ ဆိုရင်တော့ ရှားရှားပါးပါး စုဆောင်းလို့ ကောင်းသွားတဲ့ ကားလေးတွေ ဖြစ်လာခဲ့ပါပြီ။

Photo Credit: CARBUZZ

ဒီကားလေးရဲ့ လေလံအကြောင်း မပြောခင် တစ်ခု သိထားရမှာကတော့ ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့စဉ် ကတည်းက ကားလောကထဲမှာထူးထူးခြားခြားပဲ ခဏခဏစံချိန်ချိုးနိုင်တဲ့ လေလံအောင် ကားတွေပေါ် ထွက်လာခဲ့ တာပါပဲ။ McLaren F 1 ကားဆိုရင်လည်း $ 20,465 မီလီယံ အထိ အံ့မခန်း ဈေးရခဲ့သလို Ferrari Enzo ဆိုရင်လည်း 3.8 Million ဆိုတဲ့ ပမာဏအထိကို ဈေးပေးတဲ့ သူရှိခဲ့ ပါတယ်။ အခုဆိုရင် တော့ ယူကေ မှာရှိတဲ့ Car & Classic အဖွဲ့ ကနေ အခု ၃ ဘီး ကမ္ဘာ့ အသေးဆုံး ကားလေးရဲ့ လေလံအောင် ‌ဈေးကို ဖော်ပြခဲ့ပြီး ပေါင် ၁၁၁,၀၀၀ အထိ ရခဲ့တယ် လို့အံ့အားသင့်ဖွယ် ကြားသိလိုက် ရပါတော့တယ်။ ဒေါ်လာ အနေနဲ့ဆိုရင်တော့ ၁၄၅,၀၀၀ အထိရတာကြောင့် မူလတန်ဖိုးထက် အဆပေါင်း ၅၅၀ ဆ လောက် အထိ မြင့်တက်သွားတာပါ။ ဒါပေမယ့် ယခင် အလားတူကားလေးရဲ့ ဈေး အမြင့်ဆုံး စံချိန်ကိုတော့ မချိုး ဖျက် နိုင်ခဲ့ပဲ ဒုတိယတော့ လိုက်နိုင်ခဲ့ပါတယ်။ အခုလို Peel P 50 ကားသေးလေးကိုပဲ သေချာ ထိန်းသိမ်းပြီး ၂၀၁၆ ခုနှစ်တုန်းက RM Sotheby’s လေလံပွဲမှာတင်ရောင်းခဲ့တုန်းကတော့ အမြင့်ဆုံး ပမာဏ အဖြစ် $ 176,000 အထိကို ရရှိခဲ့တာပါ။

Photo Credit: CARBUZZ

ဒီကားလေးနဲ့ ပတ်သက်ပြီး တစ်ခုထူးခြားတာ ကတော့ သူ့ရဲ့ ဂုဏ်ယူဖို့ ကောင်းတဲ့ သမိုင်းကြောင်းဖြစ်ပြီး Promotion ချပြတဲ့ စတန့်ကား အဖြစ် ပါဝင်ခဲ့ဖူးတာ ဖြစ်ကာ အဆိုပါ ကားလေးကတော့ Blackpool Tower ကြီးရဲ့ အမိုးပေါ်အထိ ရောက်ခဲ့ ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေကတော့ ကားမှာပါတဲ့ အသေး စိတ် အချက်အလက်တွေအရ အခု ကားဟာ အဆိုပါ ကားသေးလေးတွေထဲမှာမှ ရှေးအကျဆုံး ဖြစ်နိုင်တယ် လို့ သုံးသပ်ထားကြပြီး အလွန်တန်ဖိုး မြင့် နေပြီလည်း ဖြစ်ပါတယ်။ ကားရဲ့ Windscreen ကလည်း ပုံမှန် ထက် နိမ့်နေတဲ့ ပုံစံကို တွေ့ရတာဖြစ်ပြီး Sidelights တွေကလည်း အဆိုပါ ခေတ်က Lucas ဆိုတဲ့ တံဆိပ် ကိုသုံးထားတာပါ။ ဒါတင်မကသေးပဲ စတီယာတိုင်မှာ ဆိုရင်လည်း Cream အရောင်လေး ဖြစ်ပြီး အနောက် ဘက်က Roll Bar လည်း မပါဝင်ပြန်ပါဘူး။ အခုလိုမျိုး ရှေးကျ လွန်းတဲ့ ကားလေးတစ်စီးကို အခုလောက် အထိ ဈေးရတာ မဆန်းဘူး ဆို‌နိုင်ပေမယ့် ဘက်ဂီယာတောင် မပါတဲ့ တစ်ယောက်စီး အသေးဆုံးကားလေး ၊ တစ်နာရီကိုလည်း ၃၈ မိုင် ပဲ အမြန်ဆုံး မောင်းနိုင်မယ့် ဒီလို ကားမျိုးကို ဒီဈေး ပေးဝယ် လိုက်တာတော့ အံ့ဩစရာပါပဲ။ ဒါ့အပြင် Instrument Cluster တွေ ဘာတွေတောင် ဘာဆိုဘာမှ မပါဝင်တာ ကြောင့် Morgan ဆိုတဲ့ သုံးဘီး ကားလေးထက်တောင် ပိုရိုးရှင်းလွန်းနေတဲ့ ကမ္ဘာ့အသေးဆုံး ၃ ဘီး တစ်ယောက်စီး ကားလေးပဲ ဖြစ်ပါတော့တယ်။

Ref: carbuzz.com

Exit mobile version