MyCars Myanmar

အမေရိကန် ၊ လော့စ်အိန်ဂျလိစ် မြို့ကြီးဆီ ရောက်လာတော့မယ့် Waymo One မောင်းသူမဲ့ တက္ကစီများ!

A Waymo LLC Chrysler Pacifica autonomous vehicle sits parked in Chandler, Arizona, U.S., on Monday, July 30, 2018. The Google offshoot is tinkering with pricing and finalizing its business model for autonomous vehicles, which includes a new effort to boost public transit. Photographer: Caitlin O'Hara/Bloomberg via Getty Images

ဖီးနစ်နဲ့ ဆန်ဖရန်စစ္စကို မြို့ကြီးတွေဆီ ရောက်ခဲ့ပြီးတဲ့ Waymo One Robotaxi ဝန်ဆောင်မှုတွေကတော့ အခုဆိုရင် နောက်ထပ် အမေရိကန် မြို့ကြီးတစ်မြို့ ဖြစ်တဲ့ လော့စ်အိန်ဂျလိစ် ဆီကို ခြေဆန့်လာ ပါတော့မယ်။ Alphabet ကုမ္ပဏီရဲ့ မောင်းသူမဲ့ Waymo ကား ဝန်ဆောင်မှုတွေဟာ လာမယ့် လပိုင်းတွေမှာတင် LA မြို့ကြီးရဲ့လမ်းမတွေဆီ ရောက်လာတော့မယ်လို့ တရားဝင် အသိပေး လိုက်ပြီး ဘယ်အချိန်မှာ စတင်မလဲ ဆိုတာကိုတော့အသိမပေး ထားသေးပဲ ခရီးစဉ်ကို တော့ ၂၄ နာရီ အချိန်ပြည့်လည်ပတ်ပေးမယ်လို့ ဆိုထားပါတယ်။ တကယ်ကတော့ LA မှာ အဆိုပါ အခုမောင်းသူမဲ့ ကားတွေကို စမ်းသပ်နေခဲ့တာကြာပြီ ဖြစ်ပြီး Google ရဲ့ မောင်းသူမဲ့ကား စီမံကိန်းအဖြစ် ကုမ္ပဏီကို စတင်ခဲ့စဉ် ကတည်းကဖြစ်ပါတယ်။ ၂၀၁၉ တုန်းကလည်း ကုမ္ပဏီ အနေနဲ့ LA ရဲ့ မြို့တွင်းလမ်းတွေကို Waymo မောင်းသူမဲ့ တက္ကစီတွေအတွက် မြေပုံချတာတွေကအစ လုပ်ဆောင်ခဲ့ပြီးပါပြီ။

Photo Credit: MotorAuthority

လက်ရှိမှာတော့ မြို့ထဲမှာအဆိုပါ ကားတွေကိုဘယ်နေရာတွေအထိ ပြေးဆွဲပေးနိုင်မလဲဆိုတဲ့ မြေပုံအချက်အလက်တွေ မချပြသေးပဲ LA ရဲ့ ‌နာမည်ကျော် နေရာ တွေဖြစ်တဲ့ မြို့ထဲ Downtown နေရာတွေ၊ Miracle Mile ၊ Koreatown ၊ Santa Monica ၊ Westwood ၊ West Hollywood နဲ့ Dodger Stadium နေရာ တွေကိုတော့ ကုမ္ပဏီဘက်က ရောက်နိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ တကယ်တော့ အခု LA ရဲ့ လမ်းတွေက ကုမ္ပဏီအတွက် တကယ့်ကို စိန်ခေါ်မှု ကြီး တစ်ရပ်ဖြစ်ပြီး ယခင် Phoenix နဲ့ San Francisco မြို့တွေမှာတုန်းက အခုလောက်အထိ ရှုပ်ထွေးတဲ့ လမ်းအခြေအနေတွေ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခု Waymo မောင်းသူမဲ့ကားတွေအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတာကတော့ Criss-Crossing Freeway လို့ ခေါ်လို့ရမယ့်လမ်းလွှဲတွေ ၊ လမ်းကျဉ်း ကျဉ်းလေးတွေ ၊ ‌နေဝင်ချိန် မြင်ကွင်းတစ်ချို့ အနေအထားတွေနဲ့ ယာဉ်မောင်းတွေရဲ့ ထင်မှတ် မထားနိုင် တဲ့ အနှောင့်အယှက်တွေ စသဖြင့်ပါပဲ။ တကယ်သာ အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့မယ်ဆိုရင်လည်း လူဦးရေ ၁၃ သန်း လောက်ရှိပြီး အမေရိကရဲ့ တတိယမြောက် အကြီးဆုံး အငှားကား ခေါ်ယူမှုပမာဏ ကို ပိုင်ဆိုင်ထားတဲ့ မြို့ဖြစ်တာကြောင့် Waymo အတွက် အတော်လေးအကျိုး ဖြစ်ထွန်းစေမှာပါ။

 

Waymo ရဲ့ မောင်းသူမဲ့ စနစ်ကတော့ လောလောဆယ် သတ်မှတ်ချက်တွေ အရ Level 4 အဆင့်အထိ ရောက်ထားတဲ့ Waymo Driver ဆိုတဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ကတော့ သူ့အလိုလို ထိန်းချုပ်မောင်းနှင်နိုင်တဲ့အဆင့် ဖြစ်ပေမယ့် ကြိုတင်သတ်မှတ် ထားတဲ့ အခြေအနေ လမ်းကြောင်းတွေမှာပဲ အလုပ်လုပ်ပါသေး တယ်။ ပုံမှန်အားဖြင့်ကတော့ Level 4 အဆင့် မောင်းသူမဲ့ ကားတွေမှာ Geo-Fencing လို့ခေါ်တဲ့ မြေပုံ အချက်အလက်တွေ တိတိကျကျ ပိုပြီးလိုအပ်သေးတာ ဖြစ်ပါတယ်။ မောင်းသူမဲ့ ကားတိုင်းရဲ့ နောက်ဆုံး ရည်မှန်းချက်ကတော့ လုံးဝကို ဘယ်နေရာမဆို လူသား ထိန်းချုပ်စရာ မလိုတော့တဲ့ Level 5 အဆင့်ပဲ ဖြစ်ပါ တယ်။ လက်ရှိမှာ စနစ်ထဲ ရောက်နေသလို တစ်ချို့လည်း စမ်းသပ်နေဆဲ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုတွေနဲ့ မတူတာ ကတော့ အခု Waymo စနစ်မှာ NDA တွေ မလိုအပ်တာ၊ Remote Operators တွေနဲ့ ကြိုတင်သတ်မှတ်ထားရတဲ့ ခရီးသည် သတ်မှတ် နေရာတွေ မလိုအပ်တာက အားသာချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref: MotorAuthority

Exit mobile version