MyCars Myanmar

ခပ်လန်းလန်း Volkswagen ID.Buzz GTX ရဲ့ ဖြစ်နိုင်ဖွယ် ပုံရိပ်ကြမ်းများ ထွက်ပေါ်လာ !

ဈေးလည်း အတော်လေးများပြီး လက်ရှိမှာလည်း ဈေးကွက်ထဲတောင် မရသေးပေမယ့် အားပေးသူပရိသတ် အတော် များများကို စိတ်ဝင်တစား ဖမ်းစားထား နိုင်တာကတော့ Volkswagen ID.Buzz ကားပဲ ဖြစ်ပါတယ်။ အဓိကကတော့ အဆိုပါ ကားရဲ့ မူလမျိုးဆက် ကားလေးရဲ့ အောင်မြင်မှုနဲ့အတူ ယခင်အရသာ မပျက်သွားအောင် ဖန်တီးထားနိုင်တဲ့ အခု ID.Buzz လေးရဲ့ ပုံစံတွေကြောင့်ပါပဲ။ ဒါ့အပြင် အဆိုပါ ဒီဇိုင်းကိုမှ ပိုခေတ်မှီ နည်းပညာတွေနဲ့ ပေါင်းစပ် ထားလိုက် လို့ အတော်ကို အောင်မြင်နေခဲ့တာပါ။ ဒါပေမယ့် ဒီထက်ပိုကောင်းမယ့် ဒီကားရဲ့မျိုးကွဲ တစ်မျိုးလည်းလာဖို့ ရှိနေပြန်ပါသေးတယ်။ အဆိုပါ ကားကတော့ ID.Buzz GTX ဆိုတဲ့ ကားဖြစ်ပြီး အခုဆိုရင်တော့ တစ်ချို့ ပုံရိပ်တွေကို စတင် မြင်လာရပါပြီ။ အခု ပုံကြမ်းတစ်ချို့မှာတော့ Volkswagen အနေနဲ့ ID.5 ကို ဖန်တီးရာမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲ တစ်ချို့ရဲ့ ပုံစံအတိုင်း မှီငြမ်းထားခဲ့ပြီး လက်ရှိမှာလည်း ID.5 GTX ဆိုတာ ခပ်လန်းလန်း အသွင်နဲ့ ဖြစ်ပါတယ်။ ဒါပေ မယ့် VW ကတော့ ID.5 မျိုးကွဲသစ်ကို ဖန်တီးရာမှာ အပြောင်းအလဲ အများကြီး လုပ်ထားတာ မျိုးတော့ မဟုတ်ပဲ အရှေ့နဲ့အနောက် ဘန်ဘာတွေ၊ ဘီးတွေ လောက်ကိုပဲ ပြောင်းလဲ ပေးထားလိုက်တာပါ။ ဒါ့အပြင် GTX ဆိုတဲ့ သီးသန့်တံဆိပ် ကိုတောင် ကားရဲ့ဘေးနဲ့ အနောက်တို့မှာ ထည့်မပေးထားတာကြောင့် ကြည့်လိုက်ရင် သာမန် ID.5 နဲ့တောင် ခွဲခြားရ ခက်ခဲပါသေးတယ်။

Photo Credit: InsideEvs

ဒါပေမယ့် အခု ID.Buzz GTX လေးကို ဖန်တီး ကြည့်ကြရာမှာတော့ သာမန်မူလ ID.Buzz နဲ့ နည်းနည်း ပွဲကွဲထွက်အောင် ဖန်တီးပေးထားပြီး ID.5 GTX ဆီက Sport ဆန်တဲ့ အရသာကိုပါ ထည့်ပေးထားတာကြောင့် ကားက နည်းနည်း ခပ်နိမ့်နိမ့်အသွင် ဖြစ်လာနိုင်ပါတယ်။ ကား ရဲ့ Suspension အပိုင်းကိုလည်း နည်းနည်း နှိမ့်ပေးထားပြီး ဘီးတွေရဲ့ အနေအထားကတော့ ၂၂ လက်မ ဒါမှမဟုတ် ၂၃ လက်မ လောက် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဒီ အတိုင်း သာ တကယ်ထွက်လာ ဖြစ်မယ်ဆိုရင် VW ID.Buzz GTX ကားသစ်က သာမန် ID.Buzz ထက်တော့ နည်းနည်း ပိုကြီးလာ နိုင်ပါတယ်။ ဒါပေမယ့် ကားနဲ့ သိပ် လိုက်ဖက်တာမျိုးမရှိနိုင်တဲ့ GTX ဆိုတဲ့ အမှတ်တံဆိပ်ကိုတော့ ကားရဲ့အရှေ့ဘက် Fenders တွေဖြစ်ဖြစ် အနောက်ဘက် Hatch အပိုင်းမှာဖြစ်ဖြစ် မထည့်ပေး ထားတာကို ပုံကြမ်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် သာမန် ID.Buzz နဲ့ ကွဲထွက်လာနိုင်တဲ့ နောက်တစ်ချက် အဖြစ် ၂ ရောင်စပ် အရောင် Two Tone Design ကို သုံးလာနိုင်တာဖြစ်ပြီး အခုဒီဇိုင်းကြမ်းမှာတော့ ပိုလန်းတဲ့ အနီရောင် ၂ ရောင်စပ်ကို ဖန်တီးပေးလိုက်တာ တွေ့ရပါတယ်။

Photo Credit: InsideEvs

စက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ကတော့ GTX တံဆိပ်ပါ VW EV တွေရဲ့ စွမ်းဆောင်ရည် အတိုင်းဖြစ်အောင် သုံးပေးလာနိုင်ပြီး ID.Buzz GTX အနေနဲ့ ကတော့ လျှပ်စစ်မော်တာ ၂ လုံး ၊ All-Wheel Drive စနစ်နဲ့အတူ 300 hp လောက် အထိ စွမ်းဆောင်လာ နိုင်ပါတယ်။ ကားရဲ့ အရှိန်ကို တစ်နာရီ ၆၂ မိုင်အထိအရှိန် တင်နိုင်ဖို့ အတွက်ဆိုရင် ၇ စက္ကန့် လောက် အတွင်းအရှိန်တင်မောင်းလို့ ရလာနိုင်ပါတယ်။ ဒါပေမယ့် ID.5 GTX မှာတုန်းကတော့ ဒီ ပမာဏကိုပဲ ၆.၃ စက္ကန့် အတွင်း စွမ်းဆောင် နိုင်တာကြောင့် ID.5 GTX လောက်တော့ မမြန်နိုင်သေးပါဘူး။ အခု ID.Buzz ရဲ့ GTX မျိုးကွဲကို ဘယ်တော့လောက် ထုတ်လုပ်လာမလဲ ဆိုတာ ကုမ္ပဏီဘက်က အတည်မပြုနိုင် သေးပေမယ့်လည်း သေချာတာ ကတော့ ID Models နဲ့ လျှပ်စစ်ကားတွေ အကုန်လုံးမှာ GTX မျိုးကွဲတွေ ရရှိ လာနိုင် မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs

Exit mobile version