MyCars Myanmar

အမှာစာပေါင်း ၂၀,၀၀၀ ကျော်အထိ ရရှိထားပြီးဖြစ်တဲ့ Volkswagen ID.Buzz!

Volkswagen ရဲ့ လူကြိုက်များနေတဲ့ ID.Buzz  ကားလေးဟာ အခုဆိုရင်တော့ အမှာစာပေါင်း ၂၀,၀၀၀ ကျော်အထိကို လက်ခံရရှိခဲ့ပြီဖြစ်တယ်လို့ Volkswagen Commercial Vehicle (VWCV) ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ကုမ္ပဏီ ရဲ့ ကြေညာချက်အရတော့ ဒီပမာဏဟာ တရားဝင် မမိတ်ဆက် ခင် ရရှိထားတာတွေဖြစ်ပြီး အခုဆိုရင် အရောင်းပြခန်း တွေပေါ်လည်း ရောက်လာနေပြီ ဖြစ်တာကြောင့် ဥရောပဈေးကွက် ထဲ လူကြိုက်များနေတယ် ဆိုတဲ့ အချက်က သေချာပါတယ်။ Brand ရဲ့ အရောင်းပိုင်း ဘုတ်အဖွဲ့ဝင်ဖြစ်သူ Lars Krause ကတော့ မမိတ်ဆက်ခင်မှာ တင် အခုလောက် ပမာဏအထိ ရောင်းချထားရတာကြောင့် အခု  Showroom တွေဆီက ပမာဏနဲ့ဆိုရင် ထင်ထားတာထက်ကို ရောင်းရလိမ့်မယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။

Photo Credit: InsideEvs

အဆိုပါ လျှပ်စစ် Van ကားလေးကိုတော့ ကနဦး ထုတ်လုပ်တဲ့အခါမှာ 82 kWh Battery အပါ Rear-Wheel Drive စနစ်တစ်မျိုးတည်းနဲ့ အမျိုးအစားကိုပဲ အရင်ဆုံး ရနိုင်ဦးမှာပါ။ ဝယ်ယူသူတွေကတော့ ခရီးသည် စီးနင်းဖို့ ဒါမှမဟုတ် ကုန်တင်ဖို့စသဖြင့် ရွေးချယ်နိုင်ပါသေးတယ်။ ဘက်ထရီ ပိုကြီးကြီးအပြင် အရွယ်အစားလည်း ကြီးလာမယ့် နောက်ထပ် အမျိုးအစား တစ်ရပ်ကိုလည်း ရောင်းချဖို့ရှိသေးပြီး အဆိုပါ ကားဆိုရင် ဒီထက်တောင် ပိုရောင်းချ ရနိုင်ပါတယ်။ အဆိုပါ ကားတွေကိုတော့ ဇွန်လအစောပိုင်းလောက်ကတည်းက ဂျာမနီနိုင်ငံ ၊ ဟန်နိုဗာမှာ စတင် ထုတ်လုပ်နေခဲ့တာဖြစ်ပြီး အခုနှစ်ကုန်မှာပဲ အစီးရေ ၁၅,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ အနာဂတ် မှာတော့ ကားသစ်တွေကို အစီးရေ ပေါင်း ၁၃၀,၀၀၀ လောက် အထိ သိသိသာသာ တိုးမြှင့် ထုတ်လုပ်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အခုထုတ်လုပ် ထား တဲ့ ကနဦးကားသစ်တွေထဲက ၆,၀၀၀ လောက်ကိုတော့ အရောင်းကိုယ်စားလှယ်တွေ ဘက်ကနေ မီဒီယာ လုပ်ငန်းတွေမှာသုံးဖို့ စီစဉ်ထားတာကြောင့် ဝယ်ယူသူတွေ အနေနဲ့ ဒီနှစ်ထဲမှာ အစီးရေ ၉,၀၀၀ လောက်ပဲ ရရှိနိုင်ဦးမှာပါ။ အခုကတည်းက မှာယူထားမယ် ဆိုရင်တော့ လ‌နဲ့ချီပြီး စောင့်ဆိုင်းရဦးမယ့် အခြေအနေရှိလို့ နေပါတယ်။

Photo Credit: InsideEvs

ဘယ်လိုပဲဖြစ်ဖြစ် Volkswagen ID.Buzz ကားလေး အနာဂတ် ဈေးကွက်ထဲ ဘယ်လောက် အထိ ထိုးဖောက် ရပ်တည် နိုင်မလဲဆိုတာ အတော်စိတ်ဝင်စားဖို့ ကောင်း‌နေပါတယ်။ အခုကားက Volkswagen Group ရဲ့ MEB Platform ပေါ်မှာ အခြေခံ ထုတ်လုပ်ထားတဲ့ ပထမဆုံးသော Van ကားလည်း ဖြစ်သလို သာမန် Van ကားတွေနဲ့မတူပဲ လျှပ်စစ် စွမ်းအင်နဲ့လည်း ထိုးဖောက်ခဲ့တာကြောင့် လူသိများခဲ့တာပါ။ အစောပိုင်း စမ်းသပ်ချက်တွေအရတော့ အခုကားလေး မှာ ရွယ်တူကားတွေနဲ့ယှဉ်ရင် တော်တော်ကောင်းတဲ့ စွမ်းဆောင်ရည်တွေပါ ရထားပါသေးတယ်။ ဒါပေမယ့် တစ်ဖက် မှာတော့ ဈေးကလည်း မသေးတာ အမှန်ဖြစ်ပြီး ဂျာမနီ ဈေးကွက်ထဲမှာဆိုရင် ID.Buzz Pro ကို ယူ‌ရို ၆၄,၅၈၁ ၊ ID.Buzz Cargo ကို ယူရို ၅၄,၄၃၀  ဒါမှမဟုတ် ယူရို ၃၈,၂၄၀ အထိ အသီးသီး ကျသင့်နေတာပဲ ဖြစ်ပါတယ်။

Ref: InsideEvs

Exit mobile version