MyCars Myanmar

Tesla Model Y တစ်စီးရဲ့ $ 21,200 တန် အလန်းစားပြင်ဆင်မှု !

အမေရိက ‌ကားဈေးကွက်ထဲမှာကတော့ လျှပ်စစ်ကားတွေ အတော်လေး အသုံးများလာကြနေပြီဖြစ်ပြီး လူအတော် များများကလည်း သူတို့ရဲ့ကားတွေကို သာမန်ကနေ ပိုပြီး ကွဲထွက်လာအောင် ပြင်ဆင်လာကြ ပါတယ်။ Aftermarket ထဲက ကားအလှဆင် ပြင်ဆင်ပေးတဲ့ ကုမ္ပဏီ တွေကလည်း လျှပ်စစ်ကားတွေကို သာမန်နဲ့မတူ တစ်မူထူးခြား နေအောင် ကြိုးစားပေးလာနေပြီး လောလောဆယ်မှာတော့ Tesla က ပြင်ဆင် စရာ အကောင်းဆုံး ဖြစ်လာ နေပါတယ်။ Austin ဒေသအခြေစိုက် Tesla လျှပ်စစ် ကားကုမ္ပဏီ ကတော့ အမေရိက ဈေးကွက်တစ်ခုလုံးရဲ့ လျှပ်စစ်ကားရောင်းအား ၇၅ % လောက်ကို စိုးမိုးထားနိုင်တာ ဖြစ်ပါတယ်။ အခုလိုမျိုး ရောင်းအားကောင်းနေတဲ့ Tesla ရဲ့ Model Y အမျိုးအစား ကားတစ်စီးကိုတော့ ဂျာမနီ အခြေ စိုက် Tuning Company တစ်ခု ဖြစ်တဲ့ Startech တို့က ပိုကောင်းတဲ့ Body Kit အလန်း စား တစ်ခု ကို စတင် ထုတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။ အခု မြင်ရသလောက် ကတော့ အဆိုပါ Body Kit အသစ် ဟာ Tesla Model Y ကို အတော်‌လေး လန်းသွားစေတာ တွေ့ရပြီး ကားရဲ့ အတွင်းရော အပြင်ပိုင်းမှာပါ ပိုပြီး ကြည့် ကောင်း လှပနေတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ကားရဲ့ အရှေ့ဘက်မှာ သာမန်နဲ့ မတူတော့တဲ့ Sport ဆန်ဆန် Bumper ကိုမှ Fog Lights ‌တွေကိုပါ ရွေးချယ်တပ်ဆင်နိုင်အောင် ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်ဘက်က Diffuser ၊ Lip နဲ့ အမိုး Spoiler တွေ ၊ လက်မ ၂၀ ဒါမှ မဟုတ် ၂၂ လက်မ အရွယ် ဘီးတွေလည်း ပါဝင်နေ ပါသေးတယ်။ ဒါတင်မကသေးပဲ Smoked Taillight တွေကိုလည်းထည့်ပေးထားပြီး Spring တွေကိုလည်း ပိုနှိမ့်ထားလိုက်တာကြောင့် ကားရဲ့ အမြင့် ကို သာမန် ထက် ၁.၆ လက်မ လောက် ပိုနိမ့်သွားစေပြန်ပါတယ်။ ကား ရဲ့ အတွင်းခန်း မှာတော့ ပိုပြီး သိသာထင်ရှား တဲ့ အပြောင်းအလဲတွေကို မြင်နေရပြီး ထိုင်ခုံတွေကို လည်း Vegan Leather တွေနဲ့ Alcantara တွေပါ ပေါင်းထည့် ထားတာဖြစ်ပါတယ်။ ကား ရဲ့ Digital Instrument Cluster တစ်ခုကိုလည်း သာမန် စတီယာတိုင်ရဲ့ အနောက်မှာ ပလပ်ထိုးပြီး တစ်ခါတည်း သုံးလို့ရအောင် ထည့်ပေးထားသေးတာကြောင့် ပုံမှန်ထက်တောင် ပိုပြီး အသုံးတည့်နေမှာ သေချာပါတယ်။

Photo Credit: INSIDEEVs

တစ်ခု ကောင်းတာကတော့ အခု Package တစ်ခုလုံးရဲ့ ပြင်ဆင်မှု တစ်ခုချင်းစီကို ခွဲပြီး ‌ဝယ်လို့ရမှာ ဖြစ်ပြီး အမေရိက ဈေးကွက်ထဲမှာတော့ အခုနွေရာသီ နှောင်းပိုင်း လောက်မှာကို ‌ရလာနိုင်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ စုစုပေါင်း $21,200 အထိ ကျသင့်မှာဖြစ်ပြီး အရှေ့ဘက် ဘန်ဘာ တစ်ခုတည်းဆိုရင် $ 2,195 ၊ အနောက်ဘက်က Diffuser တစ်ခုဆိုရင် $ 1,495 ၊ Sport စတီယာတိုင်ဆိုရင် $ 1,895 နဲ့ ထိုင်ခုံ Cover အသစ်တွေဆိုရင် $ 3,995 လောက်အသီးသီးကျသင့်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Tesla Model Y လို ကားမျိုးကို အခုလို အလန်းစား ဒီဇိုင်းမျိုးတွေ ဖြစ်အောင်လုပ်ပေးလိုက်နိုင်တဲ့ Kit တွေကတော့ တကယ် အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်ပါတယ်။ ကားရဲ့ ခပ်နိမ့်နိမ့် Sports ဆန်ဆန် ဒီဇိုင်းအတွက်လည်း ဘာမှ စောဒကတက် ဝေဖန်သံတွေ မကြားရသေးတဲ့ အတွက် အခြေအနေ ကောင်းတယ်လို့ပဲ ဆိုရမှာပါ။

Ref: INSIDEEVs

 

Exit mobile version