MyCars Myanmar

လူ့အသက်တွေကို ကယ်တင်ပေးနိုင်မယ့် Toyota ရဲ့ စတီယာတိုင်အသစ် !

ကားတွေရဲ့ လုံခြုံရေး နည်းပညာအသစ်အဆန်းတွေနဲ့ ပတ်သက်လာရင်တော့ ဂျပန်ကားကုမ္ပဏီ Toyota က အမြဲတမ်း စိတ်ချဆန်းသစ်နေရအောင် ဖန်တီးလေ့ရှိတာဖြစ်ပြီး နှစ်ပေါင်းများစွာတိုင်အောင်လည်း ယုံကြည်စိတ်ချ ရတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ အခု ဆိုရင်လည်း စိတ်လှုပ်ရှားစရာ ကောင်းလွန်းတဲ့ ကားအသစ်တွေအဖြစ် GR Yaris ၊ GR Supra နဲ့ နောက်ထွက်လာဦးမယ့် GR Corolla တို့ မှာဆိုရင်လည်း လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ ရှိလာဦးမှာပါ။ အခုဆိုရင်တော့ ကိုယ်သွားနေ တဲ့လမ်းကြောင်း တစ်လျှောက် အတိမ်းအစောင်းမဖြစ်အောင် ထိန်းပေးနိုင်မယ့် Lane Keep Assist စနစ်ရဲ့ နောက်ဆက်တွဲ လုံခြုံရေးပိုင်းဆိုင်ရာ စနစ်သစ် တစ်ခုကို Toyota တို့ စတင်တီထွင်လာပြန်ပြီ ဖြစ်ပါတယ်။ အဆိုပါ စနစ်သစ်ကိုတော့ အမေရိကရဲ့ မူပိုင်ခွင့် ရုံးမှာ မှတ်ပုံတင်ထားတာ တွေ့ရတာဖြစ်ပြီး လက်ရှိ Lane Keep Assist စနစ်တွေရဲ့ အားနည်းချက်တွေကိုပါ ဖြေရှင်း ပေးနိုင်မယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

လက်ရှိသုံးနေတဲ့ သာမန် Lane Keep Assist စနစ်မှာ ဆိုရင် ကိုယ်မောင်းနေရာက လမ်းလွဲသွားရင် စတီ ယာတိုင်ကတုန်ခါပြီး လမ်းမှန်ပေါ်ကို အလိုအလျောက် ဆွဲတင်ပေးမှာဖြစ်သလို အသံကြားနိုင်မယ့် အချက်ပြ သံတွေကိုလည်း ပေးလာဦးမှာ ဖြစ်ပါတယ်။ Toyota ကတော့ အဆိုပါနည်းလမ်းတွေက ယာဉ်မောင်း အတွက် အနှောက်အယှက် ဖြစ်တဲ့ သတိပေးနည်းတွေအဖြစ် ယူဆထားပြီး လမ်းကြောင်း အမှားပေါ်ရောက် သွားရင်တောင်မှ အခု အချက်ပေး သံတွေကြောင့် ယာဉ်မောင်းတွေကဘာဖြစ်တယ်ဆိုတာ ပြန်ကြည့်ဖို့နဲ့ ထိတ်လန့်သွားတာကြောင့် လမ်းကိုတောင် သေချာအာရုံ မစိုက်နိုင်တော့တာ ဖြစ်တယ်လို့ ဖော်ပြထား ပါ တယ်။ ဒါကြောင့် အခု Toyota ရဲ့ အဖြေအဖြစ် ဖန်တီးမှုအသစ်ကတော့ လေထိုးလို့ရတဲ့ စတီယာတိုင် ဒီဇိုင်း အသစ်ဖြစ်ပြီး စတီယာတိုင်ရဲ့ပတ်ပတ်လည် အချင်းရဲ့ အထူ အပါးတွေကို လိုသလို လျှော့ချနိုင်မယ့် စနစ် ဖြစ်ပါတယ်။ Toyota ကတော့ အခု စနစ်ကို အလိုအလျောက် လမ်းမှန် ကို မသိမသာ ပြင်ပေးသွားမယ့် စတီယာတိုင်အဖြစ် ချိတ်ဆက်ဖော်ပြထား ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ နည်းပညာမှာတော့ စတီယာတိုင်ရဲ့ ပတ်ပတ်လည် Rim Diameter က ယာဉ်မောင်းအဖို့ ပိုပြီး မြဲမြဲ မြံမြံကိုင်လို့ ထိန်းချုပ်လို့ ကောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ စတီယာတိုင်ရဲ့ တစ်ဖက်ဖက်က လေလျော့ ပြီး ပါးလာပြီ ဆိုရင် အဆိုပါ ဘက်ကို ကားကရောက်နေပြီ၊ လမ်းကြောင်းမှားနေပြီ စသဖြင့် ယာဉ်မောင်းအဖို့ သိပ်ပြီး အာရုံမနှောက်စေပဲ အလွယ်တကူ သတိပြုမိစေမှာပါ။ ဒီစနစ်ရဲ့ နောက်တစ်မျိုးမှာဆိုရင်လည်း စတီ ယာတိုင်ရဲ့ တစ်ဖက်ကို လေလျော့ ထားပြီး တစ်ဖက်ကို လေထိုးထားတာမျိုးနဲ့လည်း ဖန်တီးလို့ရမှာ ဖြစ်ပါ တယ်။ အဓိက ကတော့ လေလျော့ နေတဲ့ ဘက်က လမ်းကြောင်းမှားသလား ၊ လေထိုးထားတဲ့ဘက်က မှား နေပြီလား စသဖြင့် ကားမောင်းရင်းနဲ့ ဘယ်ညာ ခွဲခြားကာ အလိုအလျောက် သိရှိနိုင်ပါလိမ့်မယ်။ သေချာတာ ကတော့အခု လက်ရှိသုံးနေတဲ့ Lane Keep Assist စနစ် ကလည်း အန္တရာယ်များလွန်းပြီး အနှောက်အယှက် ဖြစ်လွန်းတယ်ဆိုတဲ့ သက်သေသာဓကတွေကိုတော့ မမြင် ရသေးပါဘူး။ ဒါပေမယ့်လည်း ဒါကိုပဲ ပိုပြီး လုံခြုံ စိတ်ချရအောင် အသေးစိတ်ကအစစဉ်းစားပြီး ပိုတိုးတက်အောင်ဖန်တီးတာကတော့ အတော်ကို ကောင်းမွန် တဲ့ ခြေလှမ်းပဲ လို့ ဆိုရမှာပါ။ တကယ်လို့ အခုလို တီထွင်မှုကိုသာ Toyota ရဲ့ ခပ်ကြောင်ကြောင် ဖန်တီးမှုလို့ မြင်မိမယ် ဆိုရင်တော့ ပိုအံ့အားသင့်သွားစေမယ့် တီထွင်မှုတစ်ခုကိုပါ ထပ်ညွှန်း ပေးချင်ပါသေးတယ်။ အဲ့ဒါ ကတော့ လျှပ်စစ်ကားတွေအတွက် Manual Gearbox နဲ့ မောင်းနိုင်ဖို့ တီထွင်နေတဲ့ Toyota ရဲ့ အကြောင်း ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် Toyota ရဲ့ အခုလိုတီထွင်မှုတွေကိုတော့ လေးစားရမှာ အမှန်ပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version