MyCars Myanmar

အသစ်ထွက်ရှိလာတဲ့ Toyota ရဲ့ Aygo X Undercover ကားသစ် !

Toyota ရဲ့ ဥ‌ရောပကား Lineup ထဲ အသေးဆုံး ဖြစ်တဲ့ Aygo ကားလေးကို အထူးထုတ် Version အဖြစ် Toyota နဲ့ Undercover တို့ ပူးပေါင်း ဖန်တီး ခဲ့ကြပါတယ်။ Toyota ရဲ့ Aygo X ဆိုတာ ကတော့ ၂၀၀၅ ကတည်းက အသေးဆုံး နဲ့ Economical အကောင်းဆုံးကားသေးလေး တစ်စီးအဖြစ် မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။ Aygo ရဲ့ ပထမဆုံး မျိုးဆက် ၂ ခု တုန်းကတော့ Peugeot နဲ့ Citroen တို့ နဲ့ အတူ ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် တတိယမြောက် မျိုးဆက်ကစလို့ Toyota ကိုယ်တိုင်ပဲ ထုတ်လုပ်ခဲ့တာဖြစ်ပြီး သိသာတဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် Hatchback ကနေ Crossover ပုံစံ ဖြစ်သွား ခဲ့ပါတော့တယ်။ 

Photo Credit: AllAutoExperts

အခု တစ်ခေါက် ပဲရစ်ဖက်ရှင်ပြပွဲမှာ မြင်တွေ့လာရတဲ့ အဆိုပါ Aygo X Undercover Version ကတော့ ဂျပန် အနုပညာ‌ရဲ့ မူလ ဒီဇိုင်းအသွင်အပြင်လေးတွေကို မြင်လာရတာ ဖြစ်ပါတယ်။ အဆိုပါ ဒီဇိုင်းတွေ အတွက်ကိုတော့ အတော်လေးကို သီးသန့်ဆန်တဲ့ ဒီဇိုင်း ပုံရိပ်တွေကိုသာ ချပြလေ့ ရှိသူ Jun Takahashi ကိုယ်တိုင်က ဖန်တီး ခဲ့တာ ပါ။ အခုကားသေးသေးလေးမျိုးမှာ အပြင်ပိုင်း တော်တော်လှတဲ့ အပြင်အဆင်မျိုးနဲ့အတူ နှစ်ရောင်စပ် မီးခိုးရောင် မျိုးလေးက အတော်ကို သိသာနေစေတာပဲ ဖြစ်ပါတယ်။ 

Photo Credit: AllAutoExperts

ကားမှာ ပါလာတဲ့ အနက်ရောင် ၁၈ လက်မ အရွယ် ဘီးတွေနဲ့ အနီရောင် Accents လေးတွေ ကလည်းအတော်ကို ကြည့်ကောင်းနေစေပါတယ်။ ဒ့ါအပြင် ထိုင်ခုံတွေမှာက အစ Undercover ရဲ့ Logo တွေကို ထည့်သွင်းထားပြီး ကြမ်းခင်းတွေမှာလည်း Monogram Pattern လေးတွေကို ထည့်ပြင်ဆင် ပေးထားပါသေးတယ်။ အမိုးပေါ်မှာ ဆိုရင်လည်း Takahashi ရဲ့ “CHAOS/BALANCE” ဆိုတဲ့ စာသားလေးကို အမှတ်တရ ထည့်ပေးထားပါသေးတယ်။ အသေးစိတ် ပြင်ဆင်ပေးထားတဲ့ အဆိုပါ ကားအလှလေးကိုတော့ အထူးထုတ် ဖြစ်တာကြောင့် အစီးရေ ၅,၀၀၀ ပဲ ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းသီးသန့်ကိုတော့ မသိရသေးပဲ ပုံမှန်အားဖြင့် $ 17,000 ခန့်ရှိတဲ့  Base Model ထက်ဈေးများ ကတော့ အသေအချာပဲ ဖြစ်ပါတယ်။ 

Ref: AllAutoExperts

Exit mobile version