MyCars Myanmar

တရုတ်နိုင်ငံ အတွင်း ဒုတိယမြောက်စက်ရုံကို စီစဉ်နေပြီဖြစ်တဲ့ Tesla !

Tesla ကတော့ ၂၀၁၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံအတွင်းမှာ စက်ရုံတည်ထောင်ပြီး စတင် လည်ပတ်နေ ခဲ့တာ ဖြစ်ကာ အခုဆိုရင်တော့ နောက်ထပ် ဒုတိယမြောက်စက်ရုံကို ဆက်လက်တည်ထောင်ဖို့စီစဉ်နေပြီ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံ အသစ်ကနေ တရုတ်ပြည်တွင်းအတွက် သာမက အခြားသော ဈေးကွက်တွေ အထိကိုပါ ကားသစ်တွေ ထုတ်လုပ် ပေးနိုင်မှာပါ။ အဆိုပါ စက်ရုံအသစ် တည်ဆောက်မှုတွေကိုတော့ Tesla အနေနဲ့ အခုလာမယ့် လပိုင်းမှာ ပဲ စတင်လာနိုင်ပြီး ဆောက်လုပ်ပြီးစီးပြီး အင်ပြည့်အားပြည့် လည်ပတ်နိုင်ပါ က သန်းနဲ့ချီတဲ့ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ နှစ်ဆလောက်အထိ ထုတ်လုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒုတိယ မြောက် စက်ရုံ အသစ်ကိုတော့ အခုလက်ရှိ စက်ရုံရဲ့ အနားမှာပဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ စက်ရုံကတော့ ရှန်ဟိုင်းမြို့ကြီးရဲ့ တောင်ဘက်က Lingang Free-Trade Zone ထဲမှာ တည်ရှိနေ တာ ဖြစ်ကာ တရုတ် ဒေသအတွင်း အခြေစိုက်ထားတဲ့ ကားကုမ္ပဏီတွေထဲ နိုင်ငံခြား ကုမ္ပဏီတစ်ခုလုံးက အပြည့်အဝ ပိုင်ဆိုင်တဲ့ ပထမဆုံး သော စက်ရုံလည်း ဖြစ်ပါတယ်။ အခု စက်ရုံ အသစ်မှာတော့ ဘယ်လိုမျိုး  ကားမော်ဒယ်တွေကို တပ်ဆင်ထုတ်လုပ် သွားမယ် ဆိုတာတော့ မသိရှိရသေးပဲ လက်ရှိ စက်ရုံ မှာကတော့ Model 3 နဲ့ Model Y တို့ကို ပြည်တွင်း အတွက်ရော ပြည်ပအတွက်ပါ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိ ပြီးခဲ့တဲ့ ၂၀၂၁ အထိတော့ ယာဉ်အစီးရေပေါင်း ၄၈၄,၁၃၀ စီး အထိ ထုတ်လုပ် နိုင်ခဲ့ပါတယ်။ အဆိုပါ ပမာဏ ကတော့ Tesla အနေနဲ့ ကမ္ဘာ တစ်ဝန်း ထုတ်လုပ်ရောင်းချ နိုင်ခဲ့တဲ့ ကားအစီးရေ ပမာဏ ၉၃၆,၀၀၀ စီး ထဲက တစ်ဝက်လောက် နီးပါးအထိကို ရှိခဲ့တာပါ။

Photo Credit: MotorAuthority

လက်ရှိ မှာတော့ Tesla အနေနဲ့ အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ၊ Austin က စက်ရုံမှာ Model Y ကားတွေကို ထုတ်လုပ်ပေးနေပြီး နောက်ထွက်လာမယ့် Cybertruck ကိုလည်းအဆိုပါစက်ရုံမှာပဲ ထုတ်လုပ် လာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ အဆိုပါ Cybertruck က လာမယ့် ၂၀၂၃ အထိကို နောက် ကျသွား ခဲ့ပြီး ဖြစ်ပါတယ်။ Tesla အနေနဲ့ နောက်ထပ် စက်ရုံသစ်တစ်ရုံ ကိုလည်း ဂျာမနီနိုင်ငံ ၊ ဘာလင်မြို့ မှာ တည်ဆောက်နိုင်ဖို့ နီးစပ်လာ နေပြီဖြစ်ပြီး Model 3 နဲ့ Model Y ကားအသစ်တွေကို ထုတ်လုပ်ပေး နိုင်မယ်လို့လည်း သိရပါတယ်။ Tesla ရဲ့ ပထမဆုံးသော ကားထုတ်လုပ်ရေး စက်ရုံ ကတော့အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Fremont မှာ တည်ရှိတာ ဖြစ်ပြီး Model S ၊ Model X ၊ Model 3 နဲ့ Model Y တို့ကို စတင် ထုတ်လုပ်ပေးခဲ့တာပါ။ လက်ရှိ မှာတော့ နီဗားဒါး ပြည်နယ်ထဲက Reno ဒေသ မှာလည်း စက်ရုံသစ် တစ်ခုကို တည်ဆောက်ဖို့ ရှိနေခဲ့ပြီး ကားအစိတ်အပိုင်းတွေ အပြင် လိုအပ်တဲ့ စွမ်းအင် ဖြည့်တင်းရေး အစိတ်အပိုင်းတွေကိုလည်း တည်ဆောက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version