MyCars Myanmar

လမ်းပေါ်မှာ မတော်တဆမှုဖြစ်အပြီး ဒေါ်လာ ၁ သိန်းခွဲဖိုး လောက်အထိ ပျက်စီးသွားတဲ့ Tesla Model S Plaid !

Tesla Model S Plaid ကားအသစ် တစ်စီးရဲ့ ပိုင်ရှင်ကတော့ အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်ရဲ့ လမ်းမပေါ်မှာ မောင်းနှင်နေရင်း Pickup Truck တစ်စီးရဲ့ ပိတ်ပြီး တိုက်ခြင်းကို ခံလိုက် ရလို့ အတော်လေး ကံဆိုး သွားခဲ့ရပါတယ်။ ဒါပေမယ့် အခုကတော့ မတော်တဆမှု မဟုတ်ပဲ တစ်ဖက်က Pickup Truck ယာဉ် မောင်းက တမင်တကာ ဝင်တိုက် ခဲ့တာ ဖြစ်ပါတယ်။ Tesla Model S Plaid ကားပိုင်ရှင် ဖြစ်သူ Deshawn ကတော့ သူ့အနေနဲ့ အဆိုပါ Truck  ကား ပိုင်ရှင်နဲ့ ဘာမှလည်း ပြဿနာ မရှိထားခဲ့တာကြောင့် ဘာကြောင့် အခုလို ဖြစ်ရသလဲ ဆိုတာကိုလည်း နားမလည်နိုင် ဖြစ်နေရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုပြဿနာကို အစအဆုံး မသိနိုင်တာကြောင့် ယာဥ်မောင်းတွေရဲ့ ပြောစကား တွေကို ကြည့်ပြီး ဆုံးဖြတ်ရမလိုဖြစ်နေ ပါ တယ်။ တကယ်တမ်း ထွက်ပေါ်လာတဲ့ Video တွေကို ကြည့်မယ်ဆိုရင် တော့ Truck ယာဉ်မောင်း က မောင်းပုံ အတော်လေး အဆင်မပြေဖြစ်နေတာ ဖြစ်ပြီး ယာဉ်တိုက်မှု မဖြစ်ခင်မှာလည်း အတော်လေးကို ဆိုး ရွားတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့တာတွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုး Tesla ကားဆီ ကိုတော့ ဘယ်နည်းနဲ့မှ အရမ်းကြီး ကပ်လိုက်ပြီး တိုက်လိုက်တာမျိုး မလုပ်သင့်တာ သေချာပါတယ်။

Photo Credit: insideEVs

Tesla ကားပိုင်ရှင် Deshawn ကတော့ သူ့အနေနဲ့ ဒီလမ်းကြီးပေါ်မှာ မောင်းနေရင်း အဆိုပါ Truck ကားနဲ့ မတိုက်မိအောင် အတော်လေး နေရာလွတ်ချန်ပြီး မောင်းနေခဲ့တယ်လို့ ဆိုထား ခဲ့ပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ လမ်းမကြီးပေါ်မှာပဲ မကြာသေးမီကမှ ဖြစ်ခဲ့တဲ့ ကားလိုက်တိုက်မှု ဖြစ်စဉ် တစ်ခုက အမှတ်ရစရာ ဖြစ်နေခဲ့ပြီး အဆိုပါ ဖြစ်စဉ်တုန်းက ဆိုရင် ပစ်ခတ်မှုတွေတောင် ရှိခဲ့တာပါ။ ဒါကြောင့် ရုတ်တရတ်ကြီး အခု လို Truck ကား ဘက်ကနေ သူ့ရဲ့ Tesla S Plaid  ဝင်တိုက်ပြီး သူ့ကို လက်ညှိုးတွေထိုးနေ ခဲ့တာကို မြင် လိုက်ရတဲ့ အချိန်မှာတော့ Deshawn တစ်ယောက် အတော်လေးကို လန့်ဖြန့် သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ အနေနဲ့ လွတ်ရာလွတ်ကြောင်းကို ကြိုးစားတဲ့ အနေနဲ့ ကားရဲ့အရှိန်ကို ဆက်ထိန်းပြီး Freeway ကနေထွက် ဖို့ ကြိုးစားခဲ့ပေမယ့် ကားကို ဆက်မထိန်းနိုင်ခဲ့ပဲ ဝင်တိုက်မိပြီး ပျက်စီးခဲ့ကာ $ 150,000 ဖိုး လောက် အထိ ကို ထိခိုက် သွားခဲ့ရပါတော့တယ်။

Photo Credit: insideEVs

ဒါပေမယ့် အဆိုးထဲက အကောင်းကတော့ ကားတွေထဲ ပါလာသူတွေအကုန် ဘေးကင်း ခဲ့တာပါပဲ။ ရဲတွေ ရောက်လာ ချိန်မှာတော့ ရုတ်တရတ် Video သက်သေတွေ မပြနိုင်ခဲ့ကြတာကြောင့် တစ်ဖက်က Truck ယာဉ်မောင်းကိုတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Deshawn အတွက် ကံကောင်းသွားတာကတော့ Model S Plaid နောက်ထပ် အသစ် တစ်စီးကို အစားထိုး ပြန်ရထားခဲ့လို့ အခုတော့ အဆင်ပြေနေခဲ့ပါ သေး တယ်။ ဒါပေမယ့် ထွက်ပေါ်လာခဲ့တဲ့ တစ်ချို့ Video မှတ်တမ်းတွေအရကတော့ အခု ယာဉ်တိုက်မှုမှာ စိတ် ဝင်စားစရာကောင်းတဲ့ တစ်ချို့အချက်တွေ မြင်နေရသေးတာကြောင့် နောက်ကွယ်က အကြောင်းတွေက တော့ စိတ်ဝင်စားစရာ အဖြစ် ရှိနေသေးပြီး ပျက်စီးသွားတဲ့ ကားကတော့ အတော်လေး နှမြောဖို့ ကောင်းနေ ခဲ့တာ သေချာပါတယ်။

Ref: insideEVs

Exit mobile version