MyCars Myanmar

အေးခဲနေတဲ့ ရာသီဥတုကြောင့် အားသွင်းရခက်ခဲ့ရတဲ့ Tesla Model S!

အခုလိုမျိုး အပူချိန်တွေ သိသိသာသာ ကျဆင်းလာနေတဲ့ ဆောင်းရာသီမှာတော့ လျှပ်စစ်ကားတွေကို အားသွင်းရတာ အခက်အခဲ တစ်ခု ဖြစ်လာ နိုင်ပါတယ်။ အဓိကကတော့ အားသွင်းပေါက် တွေခဲနေတာ ၊ အားသွင်း နှေးတာနဲ့ မကြာခဏ အားပြန်သွင်းနေရတဲ့ ပြဿနာတွေပါပဲ။ ဒါကြောင့်လည်း အခုလို ရာသီဥတုမျိုး မှာဆိုရင် လျှပ်စစ်ကား ပိုင်ရှင်တွေအဖို့ ကားရဲ့ဘက်ထရီ အခြေအနေကို ကြိုတင်စစ်ဆေးပြီး ပြင်ဆင်ထားသင့်တာလည်း ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အေးခဲနေ တဲ့ရာသီဥတုမှာပဲ အားသွင်းမယ်ဆိုရင် ပူလာစေဖို့ အချိန်ယူရမှာ ဖြစ်သလို အားသွင်း မြန်နှုန်းကလည်း အတော်နှေးသွားနိုင်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ အဖြစ်အပျက်မျိုးကို Tesla Model S ပိုင်ရှင် တစ်ယောက်တော့ ကြုံလိုက်ရပြီဖြစ်ပြီး ခရစ်စမတ် ညနေခင်းမှာ မောင်းဖို့အတွက် ၁၉ မိုင်စာ လောက်ပဲ မီးအားရှိ တော့တဲ့အချိန်မှာ အခက်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

သူ့ရဲ့ ပြဿနာမှာတော့ ကားကို မီးအားသွင်းဖို့ ပလပ်တပ်လိုက်တဲ့ အချိန်ကနေ နာရီအတော်ကြာတဲ့ အထိကို ယာဉ် ကို နွေးလာအောင် လုပ်နေပါတယ်ဆိုတဲ့ သတိပေးစာပဲ ပြပေးပြီး လုံးဝအားမဝင်ပဲဖြစ်နေတာပါ။ သူ့အနေနဲ့လည်း အခု ပြဿနာကြောင့် ခရစ်စမတ် ညနေခင်းလေးမှာ အလုပ်ရှုပ်လိုက်ရတယ် ဆိုတာကို လူမှုကွန်ရက်ပေါ် တင်လိုက် ရာမှာ အတော်လေးနာမည်ကြီးသွားပါတော့တယ်။ နောက်ပိုင်းမှာတော့ အဆိုပါ ပိုင်ရှင်ဖြစ်သူ Domenick ထံကို သူ့ရဲ့ Tesla Model S ကားအား ပြန်လည်စစ်ဆေးထားရချိန်မှာအသုံးပြုနိုင်ဖို့ Tesla Model 3 တစ်စီးကို ကုမ္ပဏီဘက်က ငှားရမ်းပေးလာခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် အနုတ် ၇ ဒီဂရီ လောက် အထိကို ကျဆင်းအေးခဲ နေတဲ့ ရာသီဥတ‌ေမျိုးမှာ အားလုံးဝမသွင်းနိုငပဲ ကားကို စက်မနှိုးထားရသေးချိန်မှာဆို ပိုလို့တောင်မဖြစ်နိုင် တဲ့ အနေအထား ရှိနေပါတယ်။

Photo Credit: InsideEvs

Domenick ကတော့ သူ့ အနေနဲ့ ရလိုရငြား ရှိသမျှ အားသွင်းပေါက်တွေဆီမှာ ကြိုးစားပေမယ့် မရလိုက်တာ ကြောင့် Tesla ကို ဆက်သွယ် အကူအညီ တောင်း လိုက်ရတာလို့ ဆိုပါတယ်။ သူ့ရဲ့ကားက Tesla Model S ကိုမှ ဘယ်ခုနှစ် မော်ဒယ်လဲတော့ မသိရတာကြောင့် Model S ကားတိုင်းမဟုတ်ပဲ သူတစ်စီးတည်းပဲ ဖြစ်နိုင်တယ်လို့ ယူဆရတာပဲ ဖြစ်ပါတယ်။

Ref: InsideEvs

Exit mobile version