MyCars Myanmar

Tesla Model 3 ကို အနိုင်ယူနိုင်မယ်ဆိုလာပြန်တဲ့ နောက်ထပ် လျှပ်စစ်ကားကုမ္ပဏီ သစ်တစ်ခု!

ဒေါ်လာ ၄၆,၉၉၀ လောက်နဲ့ စတင် လာခဲ့တဲ့ Tesla Model 3 ကတော့ အခုမှ စပြီး လျှပ်စစ် ကားပြောင်းစီး မယ့် သူတွေအတွက် သင့်တင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ကားရဲ့ ၂၆၇ မိုင် ဆိုတဲ့ Range ကလည်း အထင်ကြီးစရာ ကောင်းသလို အတော်လေးလည်း မြန်ဆန်တာတွေ့ရပြီး တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန် တင်ဖို့ကိုတော့ ၅.၈ စက္ကန့် ပဲ ကြာမြင့်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ဆိုရင်တော့ အဆိုပါ ကားကို ယှဉ်ပြိုင်နိုင်မယ်ဆိုတဲ့ နောက်ထပ် လျှပ်စစ် ကားသစ်တစ်မျိုးတော့ ထွက်ပေါ်လာပြန်ပါပြီ။ အဆိုပါ ကားက တော့ တရုတ် ဈေးကွက်ထဲမှာ မိတ်ဆက် လာတဲ့ Leapmotor C01 ဆိုတဲ့ ကားဖြစ်ပြီး အတော်လေးတော့ တင့်တောင်းတင့်တယ် ရှိတယ်ဆိုတဲ့ ကားအသွင်ကို စမြင်ရပါတယ်။ ဒါပေမယ့် အမိုးခပ်နိမ့်နိမ့် Sedan ပုံနဲ့ အဆိုပါ ကားကတော့ တစ်နာရီ ၆၂ မိုင် ပမာဏအတွက် ၄ စက္ကန့် အောက် အတွင်းမှာတင် မောင်းပြနိုင်မယ် လို့ ဆိုလာပြီး 542 hp အထိ ရှိတဲ့ လျှပ်စစ်မော်တာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ကားနဲ့ ပတ် သက်ပြီး အံ့အားသင့်စရာ အကောင်းဆုံး ကတော့ ဈေးနှုန်းတွေပါပဲ။ ကုမ္ပဏီ ကတော့ အဆိုပါ C 01 ကို အမေရိကန် ဒေါ်လာ ၂၇,၀၀၀ တည်းနဲ့ စတင်ရောင်းချမှာဖြစ်ပြီး Nissan Leaf ထက်တောင် ဈေး သက်သာ နေသေးတာ တွေ့ရမှာပါ။ ဒါ့အပြင် ကားတွေထဲကမှ Range အမြင့်ဆုံးသော Model ဆိုရင်တောင် $ 40,300 ပဲ ကျသင့်ဦးမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် ကံမကောင်းတာ တစ်ခုကတော့ အခုကားကို အမေရိက ဈေးကွက်ထဲအထိ တင်သွင်းမှာ မဟုတ် တာပါပဲ။ နောက်ထပ် စိတ်လှုပ်ရှားစရာ ကောင်းတာ တစ်ခုကတော့ ကားရဲ့ 90 kWh ရှိတဲ့ ဘက်ထရီကနေ တစ်ကြိမ် အားသွင်းထားရုံနဲ့ ၄၄၅ မိုင် အထိကို မောင်းနှင်နိုင်မယ့် အချက်ပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာလည်း Trim Level ၅ ခု အထိ ရှိမယ့်အပြင် Base Model ကကိုပဲ Range မှာ ၃၁၀ မိုင် အထိ ရနေတော့တာပါ။ ဒါပေမယ့် အဆိုပါ စံနှုန်းတွေ ကတော့ CLTC Cycle ပေါ်မူတည်ပြီး တွက်ချက်ထားတာကြောင့် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါသေးတယ်။ ကားရဲ့ Aerodynamic အပိုင်းကိုလည်း ပိုကောင်းအောင် လုပ်ပေးထား ပြီး ခပ်ပါးပါးလျလျနဲ့လေကို ခွင်းအောင် မောင်းလို့ရမယ့် ဒီဇိုင်းကြောင့်ပါ Drag Coefficient က ၀.၂၂၆ ပမာဏပဲ ရှိပါတယ်။ တံခါး ရဲ့ လက်ကိုင်တွေကလည်း ခပ်ပါးပါးနဲ့ ၊ Aerodynamic ပိုကောင်းစေတဲ့ ဘီးတွေ ကြောင့်လည်း အခုလို စွမ်းဆောင်နိုင်တာဖြစ်ကာ စိတ်ဝင်စား စရာ နောက်တစ်ချက်ကတော့ Chassis နည်း ပညာသစ် ကိုသုံးထားတာပါပဲ။ အဆိုပါ နည်းပညာသစ်မှာတော့ Chassis ၊ ဘက်ထရီ နဲ့ ကိုယ်ထည်အောက် ခြေတွေကို သေချာ အတူတကွ ထည့်ပေးထားမှာဖြစ်လို့ တော်တော်လေး အဆင် ပြေစေတာ တွေ့ရပါတယ်။ တရုတ်ရဲ့ ဈေးအသက်သာဆုံး ခေတ်ပေါ် လျှပ်စစ်ကား ဖြစ်တဲ့ Wuling Mini EV ထက်‌ တောင် အခုကား က အများကြီး အဆင့်မြင့်တာကိုတော့ မြင်ရပြီး အလေး ချိန်က အစ ၁၈၇ ပေါင်ပဲ ရှိတာပါ။ ဒါ့အပြင် ကုမ္ပဏီ ကတော့ အခု လျှပ်စစ်ကားကို ခရီးမိုင် ပေါင်း  ၆၂၀,၀၀၀ လောက်အထိကိုအေးဆေး မောင်းနှင်နိုင်အောင် ပြင်ဆင်ပေးထားတာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

Photo Credit: CARBUZZ

ကားရဲ့ ကြီးမားတဲ့ ကိုယ်ထည်ကနေ ကားထဲကိုဝင်လိုက်ပြီဆိုတာနဲ့ ခေတ်မှီဆန်းသစ်တဲ့ Cabin အတွင်းခန်း ကို မြင်ရမှာ ဖြစ်ပါတယ်။ ကားရဲ့ Wheelbase ကလည်း ၁၁၅.၃ လက်မ အထိ ရှိတာကြောင့် အနောက် ခန်းလည်း အတော် လေး ခြေဆန့်လက်ဆန့် ထိုင်နိုင်တဲ့အထိ ကျယ်ဝန်းသလို ၁၇.၅ ကုဗပေ အရွယ်ရှိမယ့် ပစ္စည်းတွေကိုလည်း သယ်ထည့်သွားနိုင်ပါသေးတယ်။ ပိုပြီး အထင်ကြီးစရာ ကောင်းသွားတာကတော့ နည်း ပညာပိုင်း ပစ္စည်းတွေ သုံးထားတာဖြစ်ပြီး Qualcomm 8155 Chipset ကို ကားပေါ်က HD ရုပ်ထွက်နဲ့ Screen တွေ အတွက် သုံးပေးထားတာလည်း ဖြစ်ပါတယ်။ ဇိမ်ခံ Sedan ကားတစ်စီးရဲ့ အတွင်းခန်း အရသာ ကို အပြည့်အဝ ခံစားနိုင်အောင် မျက်နှာ စကန် ဖတ်တဲ့ စနစ် ၊ အပူ‌အအေးထိန်းညှိပေးတဲ့အပြင် အနှိပ်ဝန် ဆောင်မှုပါ ပါဝင်တဲ့ ထိုင်ခုံတွေ ဖြည့်ဆည်းပေးလို့ နေပါတယ်။ အခု တရုတ်လျှပ်စစ် ကားသစ်ကို လုံးဝ မကြားဖူးသေးသူတွေကတော့ လှောင်ပြောင်ကောင်း ပြောင်နိုင်ကြပေမယ့်လည်း ကုမ္ပဏီဘက်ကတော့ အခုကားကို Tesla တုန်းကထက် ၆ ကြိမ်လောက် ပိုပြီးတော့ လှည့်လှည် ပြသထားမယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ် ဈေးကွက်ထဲ နာမည်ရပြီးသား BYD ထက် စာရင် တော့ တစ်ဆင့် နိမ့်နေဆဲပဲ ဖြစ်ပါတယ်။

Ref: https://carbuzz.com/news/another-ev-maker-thinks-it-can-beat-the-tesla-model-3

Exit mobile version