MyCars Myanmar

စကော့တလန်ရဲ့ လမ်းမများပေါ် စတင်စမ်းသပ်နေပြီဖြစ်တဲ့ မောင်းသူမဲ့ ဘတ်စ်ကား !

ယူကေ အစိုးရက ထောက်ပံ့ပေးထားတဲ့ CAVForth ဆိုတဲ့ မောင်းသူမဲ့ယာဉ် စီမံကိန်းကတော့ အခုဆိုရင် မောင်းသူမဲ့ ဘတ်စ် ကားအသစ်တွေပါ မြင်တွေ့လာရတဲ့အထိ တိုးတက်လာပါပြီ။ အဆိုပါ အပြည့်အဝ မောင်းသူမဲ့ ဖြစ်လာမယ့် ကားတွေ တကယ်အဆင်ပြေဖို့က နှစ်အတော် ကြာဦးမယ် ဆိုပေမယ့်လည်း အခုလို မျိုး Project တွေကတော့ အနာဂါတ်မှာ မောင်းသူမဲ့ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ကောင်းလာဖို့ အတွက် လိုအပ်တဲ့ အခြေခံ လေ့လာမှုတွေ အဖြစ် ရှိလာနေတာပါ။ အခု ဆိုရင်တော့ အဆိုပါ Project ကနေ တစ်ထပ် ဘတ်စ်ကားကြီး ၅ စီး ကို လုံးဝ မောင်းသူမဲ့ စနစ်သုံးပြီး စမ်းသပ်တော့မှာ ဖြစ်ကာ ခရီးမိုင် ၁၄ မိုင် စာ စမ်းသပ်မှာလည်း ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်း ကတော့ Ferrytoll ပန်းခြံ နဲ့ Ride In Fife နေရာ တွေ ၊ Edinburgh ပန်းခြံ နဲ့ Tram Interchange နေရာတွေ အထိကို ခရီးသည်တွေ အပြန်ပြန် အလှန်လှန် ပို့ဆောင်ပေးနိုင်မယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တကယ်သာ အဆိုပါ ဝန်ဆောင်မှု စနိုင်ပြီ ဆိုရင်တော့ ဘတ်စ်ကား တစ်စီးအနေနဲ့ ခရီးသည် ၃၆ ယောက် အထိ တစ်ကြောင်းကို သယ်ဆောင် နိုင်မှာ ဖြစ်ကာ တစ်ပတ်ကို ခရီးသည် ၁၀,၀၀၀ ‌ ကျော်လောက်အထိ ပို့ဆောင်နိုင်တော့မှာပါ။ အဆိုပါ မောင်းသူမဲ့ ခေါက်တို ပို့ဆောင်ရေး လမ်းကြောင်း စနစ်ကိုတော့ လာမယ့် နွေရာသီ နှောင်းပိုင်း လောက်မှာပဲ စတင်ဖို့ စီစဉ်နေပါ ပြီ။

Photo Credit: motor 1.com

အခုလိုမျိုး တကယ့်လမ်းပေါ်တွေမှာ မစမ်းသပ်ခင် အဆိုပါ Project အနေနဲ့အစဦးဆုံး အပိုင်းတွေမှာ သတ် မှတ် ထားတဲ့ သီးသန့် လမ်းကြောင်းတွေ နဲ့ ပုံရိပ်ယောင် လမ်းကြောင်းတွေမှာ စမ်းသပ်တာ တွေကအစ အရင်ဆုံး ပြုလုပ် ထားမှာလည်း ဖြစ်ပါတယ်။ CAVForth ကတော့ အခု Project မှာ ပြည်သူ အယောက် ၅၀၀ လောက် ဆီကနေ ဆန္ဒ တောင်းခံထားခဲ့တာ ဖြစ်ပြီး မောင်းသူမဲ့ ဘတ်စ် စမ်းသပ်ဖို့ ဘယ်လမ်းကြောင်း က ပိုအဆင်ပြေမလဲ ဆိုတာကအစ လမ်းသွား လမ်းလာတွေဆီကနေ စစ်တမ်း ကောက်ထား ခဲ့တာပါ။ အဆို ပါ မောင်းသူမဲ့ ဘတ်စ်ကားရဲ့ ခရီးစဉ် တစ်လျှောက်မှာ‌တော့ ယာဉ်ပေါ်မှာ ခရီးသည်တွေကို ဝန်ဆောင်မှုပေး နိုင်မယ့် ဝန်ထမ်းတစ်ချို့လည်း ပါဝင်ပါဦးမယ်။ ဒါ့အပြင် CAVForth ကတော့ စကော့တလန် နိုင်ငံ အခြေ စိုက် Fusion Procession၊ Stagecoach လုပ်ငန်းနဲ့လည်း တွဲလုပ် နေတာရှိပြီး Alexander Dennis ဆိုသူနဲ့ပါ ပူးပေါင်း လုပ်ကိုင်နေပါတယ်။ Stagecoach ကတော့ မကြာမီမှာ ပဲ မောင်းသူမဲ့ ဘတ်စ်ကားအပိုင်း ပညာရှင် အယောက် ၂၀ လောက် အထိကို အခု မောင်းသူမဲ့စနစ် စမ်းသပ်မှုမှာ ကြီးကြပ်ပေးနိုင်ဖို့ ခေါ်ယူ သွားဦးမှာပါ။ ကားကို မောင်းနှင် စမ်းသပ်နေစဉ်မှာပဲ ယာဉ်‌ရဲ့ခေါင်းဆောင် Captain က လိုက်ပါလာမယ့် ခရီးသည်တွေနဲ့ ချိတ်ဆက်ကာ မေးခွန်းတွေဖြေ ၊ စစ်တမ်းတွေ ကောက်တာနဲ့ အခြားသော မောင်းသူမဲ့ အနာဂါတ်နဲ့ ပတ်သက်တာတွေကိုလည်း ကြိုတင်ချပြတာမျိုးတွေ ရှိနေမှာပါ။ အဆိုပါ ဘတ်စ်ကား ကိုတော့ မောင်းသူမဲ့ အဆင့် ၄ နဲ့ စမ်းသပ်မှာ ဖြစ်ကာ ယာဉ်မောင်း လုံးဝ မလိုအပ်တော့ ပေမယ့် ဘတ်စ်ကားမှာတော့ သာမန်လိုမျိုးပဲ ယာဉ်ကို ထိန်းချုပ်လို့ရတဲ့ စက်ပစ္စည်းတွေက ပါဝင်နေဦးမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

စကော့တလန် ‌ဒေသရဲ့ Regional Director ဖြစ်သူ Sam Greer ကလည်း အခု စနစ်ကတော့ ယူကေ တစ် နိုင်ငံလုံး မောင်းသူမဲ့ ပို့ဆောင်ဆက်သွယ်ရေး စနစ်ဖြစ်လာစေဖို့အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းအဖြစ် ဖော်ညွှန်းထားပြီး စကော့တလန် အရှေ့ဘက်ပိုင်းရဲ့ အရေးကြီးတဲ့ နေရာဆီကို အခုလို ဘတ်စ်ကား လမ်း ကြောင်းအသစ် အနေနဲ့ မောင်းသူမဲ့ ပြေးဆွဲလာနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာကတော့ ကမ္ဘာနဲ့ အဝှမ်းမှာ မောင်းသူမဲ့ကားတွေကို အဓိက အသုံးပြုလာနိုင်ဖို့ဆိုတာ အလှမ်းဝေးနေသေးတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် လုံခြုံရေးအပိုင်းနဲ့ ယုံကြည်စိတ်ချရမှု အပိုင်းတွေ မှာ တော်တော်လေး အားနည်းချက်တွေ ရှိနေသေးတာ ဖြစ်ပြီး ဘယ်လို ယာဉ်မောင်းနှင်နေရတဲ့ အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် လူသားတွေ နေရာတိုက်ရိုက် အစားထိုးနိုင်ဖို့ကတော့ တကယ် ခက်ခဲနေသေးတာ ဖြစ်ပါ တယ်။ မောင်းသူမဲ့ နည်းပညာ တကယ်တိုးတက်လာပြီ ဆိုရင်တော့ ကုမ္ပဏီတွေ ဘက်ကလည်း လုပ်ငန်း တွေ သေချာပေါက် တိုးချဲ့လာကြမှာ ဖြစ်ပြီး မောင်းသူမဲ့ ဘတ်စ်ကား တွေ ၊ Robotaxi တွေနဲ့ သတ်မှတ် လမ်းကြောင်းတွေမှာ တောက်လျှောက် ပြေးဆွဲနေမယ့် ယာဉ်စနစ်တွေ စသဖြင့် အမျိုးမျိုးကို မြင်လာရနိုင် တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version