MyCars Myanmar

အပြီးအပိုင် နှုတ်ဆက်ရတော့မယ့် Rolls-Royce Wraith နဲ့ Dawn အမျိုးအစားများ!

တစ်ချို့ကတော့ Rolls-Royce Wraith နဲ့ Dawn ကား အမျိုးအစားတွေကို BMW 7 Series တွေရဲ့နောက် Version အကွဲ တစ်ခု လောက်သာသာပဲ မြင်ကြပေမယ့် တကယ်တမ်းတော့ အဆိုပါ တံခါး ၂ ပေါက်ပါ မော်တော်ကားတွေက အတော်လေး ထူးခြားကောင်းမွန်တဲ့ သီးသန့်လက်ရာတွေ ဖြစ်ပါတယ်။ ပိုပြီးနာမည်ရ ထားတဲ့ Phantom လို ကားမျိုးတွေ ထက် ပိုပြီးလည်း ဈေးသက်သာကာ စွမ်းဆောင်ရည်လည်း မနိမ့်တဲ့ အင်္ဂလိပ်လက်ရာ ကားကောင်းတွေပါပဲ။ ဒါပေမယ့်လည်း ဝမ်းနည်းစရာ ကောင်းတာကတော့ အဆိုပါ ကား တွေကို အမေရိက ဈေးကွက်ထဲကနေ စတင် မရရှိ နိုင်တော့ တာပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၁ မှာတော့ အဆိုပါကား ၂ မျိုးလုံးကို အမေရိက ဈေးကွက်ထဲကနေ စတင်ဖယ်ထုတ်ပြီဖြစ်ပြီး မျိုးဆက်သစ်လည်း မရှိနိုင်တော့ဘူးလို့ တရားဝင် ကြေညာခဲ့တာပါ။ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Torsten Muller-Otvos  ကတော့ အဆိုပါ ကားတွေ ရဲ့ ထုတ်လုပ်မှုတွေကိုပါ ရပ်နားတော့မယ်လို့ ဆိုထားခဲ့ပြီး အသစ်ထွက်လာမယ့် Spectre EV တွေမှာတော့ တံခါး ၂ ပေါက်ပါ ကားတွေပါလာနိုင်တယ်လို့ တစ်ပါတည်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် စာရင်းပေး ပြီး စောင့်ဆိုင်းနေရတဲ့ လိုချင်သူတွေ ကျန်နေသေးတာကြောင့် အဆိုပါ ကား ၂ စီးကို လာမယ့် ၂၀၂၃ အစော ပိုင်းလောက် အထိတော့ ဆက်လက် ထုတ်လုပ်နေဦး ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အသစ်ထွက်လာမယ့် Spectre ဆိုတာကတော့ Brand ရဲ့ ပထမဆုံးသောလျှပ်စစ်ကားဖြစ် လာတော့မှာဖြစ် ပြီး Brand ကလည်း လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ် ကားကုမ္ပဏီ အဖြစ် လုံးဝပြောင်းလဲ တော့မှာပါ။ အခု ရပ်နားသွား တော့မယ့် Wraith ထက်လည်း ပိုကြီးတဲ့ ကားဖြစ်လာနိုင်ပြီး ၂၀၁၆ တုန်းက ရပ်နားသွား ခဲ့တဲ့ Phantom Coupe နေရာ ဝင်လာမယ့် မျိုးဆက်သစ်လည်း ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ကားမှာတော့ ပုံမှန်လိုအရှေ့ဘက်မှာ V 12 Engine မပါဝင်တော့ပေမယ့်လည်း စွမ်းဆောင်ရည်မြင့်တဲ့ လျှပ်စစ်ကားတစ် စီး အဖြစ် ပြောင်းလဲမြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Camouflage တွေ အုပ်ထားတာပဲ မြင်ရ သေးတဲ့ အဆိုပါ စမ်းသပ်ဆဲ လျှပ်စစ်ကားကတော့ Brand ရဲ့ မူလ အရသာ ဒီဇိုင်းတွေထဲက ကွဲထွက်သွားမှာ မဟုတ်သလို Pantheon Grille လိုမျိုး လျှပ်စစ်ကားမှာ မလို အပ်နိုင်တော့မယ့် ဒီဇိုင်းကိုတောင် Rolls-Royce အရသာရအောင် ထပ်ပြီးထည့်ပေးလာဦးမှာ ဖြစ်ပါတယ်။ Rolls-Royce ဆိုတဲ့ အတိုင်း အဆိုပါ ကားမှာလည်း အနုစိတ်လက်ရာ အလှအပလေးတွေ ပါဝင်လာဦးမှာ သေချာသလို သူတို့ရဲ့ စက်ဖုံးပေါ်က အမှတ်သညာ အရုပ်လေး Spirit Of Ecstasy ကိုတောင် ဒီဇိုင်းလေး ပြောင်းပေးထားပါ သေးတယ်။

Photo Credit: CARBUZZ

လက်ရှိမှာ အဆိုပါ ကားအကြောင်း ကုမ္ပဏီဘက်က  ဘာမှ သိပ်မပြောထားသေးပေမယ့် စွမ်းဆောင်ရည်မြင့် လာ နိုင်တယ် ဆိုတာကတော့ အများစုက ခန့်မှန်းနေကြပြီး 600 hp ကနေ 650 hp လောက် အထိကို ရှိ လာနိုင်ပါတယ်။ ဒ့ါအပြင် ဇိမ်ခံ ကားတစ်စီးအနေနဲ့ တစ်ကြိမ် အားသွင်းထားရင် အများကြီး မောင်းလို့ရမယ့် Range ကောင်းကောင်းလည်း ပါလာနိုင်သလို မိုင် ၃၀၀ လောက်မှ တစ်ခါ အားသွင်းရမယ် ဆိုရင်တော့ Rolls-Royce ပရိသတ် တွေ အတော် ပျော်နိုင်ပါတယ်။ Porsche ရဲ့ တစ်ချို့သော အိုင်ဒီယာတွေကို အခု ကားသစ်မှာ မြင်တွေ့ရနိုင်ပါတယ်။ အဲ့ဒါကတော့ Porsche ဟာ လက်ရှိမှာ သူတို့ရဲ့လျှပ်စစ် အားသွင်းရုံတွေ ကို ပိုပြီး အသုံးတည့်မယ့် ဝန်ဆောင်မှုတွေပါ ထည့်ပေးလာနေတာ ဖြစ်ပြီး အထူးသဖြင့် အားသွင်းနေစဉ် မပျင်းရအောင် ကော်ဖီဆိုင်တွေ၊ အလုပ်လုပ် စရာ နေရာလေးတွေပါ ထည့်ပေးထားလာတာပါပဲ။ လက်ရှိ မှာတော့ ရုရှားအပေါ် ကုန်သွယ်ဖို့ လုံးဝ ပိတ်ဆို့ထားတာတွေ ကြောင့် အဆိုပါ ကားအသစ်ရဲ့ နောက်ထပ် ဈေးကွက် အသစ်တွေကို အခြားသော လမ်းကြောင်းတွေ အဖြစ် ထပ်မံရှာ ဖွေ ရမှာပါ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အခု လက်ရှိ အခြေအနေ မကောင်းတဲ့ ယူကရိန်းနိုင်ငံ တွင်းက Rolls-Royce ရဲ့ အင်ဂျင်ပင်မစက်ရုံ ပြန်လည် လည်ပတ်လာနေတာပါပဲ။ ကျူးကျော် စစ်စတင်ခါစက ယာယီ ပိတ်လိုက်ရပေ မယ့်လည်း အထိအခိုက် မရှိ ခဲ့တာကြောင့် အဆိုပါ စက်ရုံကို အခုတစ်ခါ ပြန်လည်လည်ပတ်နိုင်ခဲ့တာ ဖြစ်ပြီး Rolls-Royce တို့တော့ ကံကောင်းသွားတယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version