MyCars Myanmar

အသက်ကယ်နိုင်မယ့် Suicide Doors ကားတံခါး အသစ်ကို တီထွင်လိုက်တဲ့ Rolls-Royce!

Rolls-Royce Phantom ဒါမှမဟုတ် ဘယ်လို Rolls-Royce ကိုမဆို ဝယ်ဖို့ ဆုံးဖြတ်ထားပြီ ဆိုကတည်းက နောက်ဆုံး ပေါ် နည်းပညာသစ်တွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံ အရသာသစ်တွေကို ခံစားကြည့်ချင်လို့ ဆိုတာ တော့ သေချာ ပါတယ်။ အထူးသဖြင့် အသစ်အသစ်သော Suicide Door တွေ ၊ အနောက်ဘက်ကို လှန်ဖွင့် ရတဲ့တံခါး အသစ်တွေနဲ့ အတူ ကားကို ပိုပိုပြီး ထူးခြား ကျက်သရေ ရှိအောင် စီစဉ် ပေးလာတာပါ။ Rolls-Royce ကတော့ အခု ဆိုရင် သူတို့ရဲ့ Suicide တံခါး ဒီဇိုင်းကို သုံးဖို့အတွက် နည်းပညာသစ် တစ်ခု စီစဉ်နေ ပြီ ဖြစ်ပြီး အတော်လေး လေးတယ်လို့ ထင်ရတဲ့ အဆိုပါ တံခါးတွေကို မပြီးဖွင့်တဲ့အခါ ပိုအဆင်ပြေစေ အောင် မော်တာလေးထည့်ပေး လိုက်မှာပါပဲ။ တကယ်ကတော့ Rolls-Royce ရဲ့ ကား တံခါးတွေ အကုန်လုံး က အလိုအလျောက် အပိတ်အဖွင့် လုပ်နိုင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခု တံခါးကို မော်တာထပ်တပ်ရ တဲ့ တီထွင်မှုကတော့လုံခြုံရေးပိုင်းကို အဓိကအသားပေးချင်လို့ပဲဖြစ်ပြီး တံခါးကို ရုတ်တရက် လမ်းလယ် ခေါင် ကားထူထူထဲထဲ ကြားထဲ ဖွင့်မိပြီး ဒုက္ခရောက်ရတာမျိုး ကိုမဖြစ်စေချင်လို့ပါပဲ။

Photo Credit: CARBUZZ

လက်ရှိမှာ ဂျာမနီ ရဲ့ မူပိုင်ခွင့်ရုံးကို ရောက်နေတဲ့ Rolls-Royce ရဲ့ မူလကုမ္ပဏီ BMW ဆီက တီထွင်မှု မူပိုင် ခွင့် အရတော့ အဆိုပါကားဟာ အလိုအလျောက်အဖွင့်အပိတ်ကိုမှ အန္တရာယ်ကင်းကင်းရနိုင်မယ့် နည်းပညာ သစ် တစ်မျိုး ဆိုတာ သေချာပါတယ်။ ဒီလို နည်းပညာကို Rolls-Royce မှာ မဟုတ်ပဲ BMW 7 Series အသစ်မှာ ထည့်ပေးတာမျိုး ရော မဖြစ်နိုင်ဘူးလားလို့ ယူဆကြပေမယ့် အခု မူပိုင်ခွင့်ထဲမှာကတော့ Rolls-Royce Dawn အမိုးဖွင့် ကားနဲ့ သရုပ်ပြထားတာပါ။ လက်ရှိမှာ သိထား ရသလောက် အဆိုပါ စနစ်ကို ယာဉ် တိုက်မှု မဖြစ်စေမယ့် လုံခြုံရေး တံခါး စနစ် ဆိုတာမျိုးနဲ့ ဖော်ပြထားပြီး လက်ရှိ နည်းပညာကိုပဲ ယာဉ်ထဲက ထွက်တာကို ပုံစံ ပြောင်းနိုင်မယ့် အသွင်နဲ့ ဖော်ပြထားတာပါ။ အထူးသဖြင့် Hyundai ကားတွေ ဘာတွေမှာ မြင်ရလေ့ရှိတဲ့ အသွင်ဆိုပေမယ့် ပိုလို့တော့ ကြည့်ကောင်းမယ့် အနေအထား ဖြစ်ကာ သတိပေးအဆင့်ထက် ပိုတဲ့ ကာကွယ်မှုလေးတွေ ပါလာနိုင်ပါတယ်။

Photo Credit: CARBUZZ

အခု နည်းပညာ အသစ်ထဲမှာတော့ Rolls-Royce အနေနဲ့ ရေဒါတွေ ဒါမှမဟုတ် LiDAR Sensor တွေ သုံး ပြီးတော့ ကားတံခါး ဖွင့်ခါနီး ရုတ်တရက် ဆိုရင်တောင်မှ ကားလာနေတယ် မလွတ်ဘူးဆိုတာမျိုးကို ပြပေး နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သတိပေးချက် ထွက်လာတဲ့ တစ်ပြိုင်နက်ထဲမှာတင် ကားတံခါးတွေကို ပိုပြီး ဖွင့်ရခက် သွားတဲ့ အခြေအနေ ဖြစ်အောင် စီစဉ်ပေးလိုက်မှာ ဖြစ်ကာ တကယ်လည်း လုံခြုံမှု ရနိုင်ပါတယ်။ တကယ်လို့ တစ်စုံ တစ်ယောက်က ကိုယ့်ရဲ့ ကားတံခါးကို လာဖွင့်တယ် ဆိုရင်လည်း သတိပေးတဲ့ အနေနဲ့ပါ သုံးလို့ ရနိုင်ပါသေးတယ်။ တကယ်လို့ အန္တရာယ် ကြုံလာခဲ့ရမယ် ဆိုရင်တော့ ပိုပြီးတော့ ခုခံကာကွယ်နိုင် အောင် တံခါးက ပြင်ဆင် ပေးထားနိုင်မှာပါ။ ဒါကြောင့် အခုစနစ်ကတော့ တံခါးဖွင့်ခါနီး လွတ်မလွတ် သတိ ပေးတာကို အပိုထည့်ပေးလာနိုင်မှာ ဖြစ်ပြီး ကျန်တဲ့ အလိုအလျောက် ဝန်ဆောင်မှုတွေကိုတော့ ပုံမှန်အ တိုင်း ဆက်လုပ်ပေးနေနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ  နည်းပညာ နမူနာကိုတော့ ၂၀၂၀ နှောင်းပိုင်း လောက် ကတည်းက စတင်စီစဉ်နေခဲ့တာ ဖြစ်လို့ Rolls-Royce Spectre ကားသစ် လောက်ကစလို့ နောက်ပိုင်း Rolls-Royce ကားတွေမှာ သာမန် စံ တစ်ရပ် အနေနဲ့ကို ပါလာနိုင်ဖို့ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version