MyCars Myanmar

နိုင်ငံခြားသား ခရီးသွားတွေအတွက် ‌ရွှေရောင်  Rolls-Royce Phantom ကြီးနဲ့ တက္ကဆီဆွဲပေးနေတဲ့ အိန္ဒိယ သန်းကြွယ်တစ်ဦး !

 တကယ်လို့ သင်က အိန္ဒိယကို သွားလည်မယ့် နိုင်ငံတကာ ခရီးသွားဧည့်သည်တစ်ဦး ဆိုရင်တော့ ရွှေရောင် တဝင်းဝင်း နဲ့ Rolls-Royce Phantom ကားကြီးကို တက္ကစီအဖြစ် အခမဲ့ကို စီးခွင့်ရကောင်း ရလာနိုင်ပါတယ်။ အဆိုပါ ဇိမ်ခံကားကြီးရဲ့ ပိုင်ရှင် ဖြစ်သူ သန်းကြွယ် သူဌေးကြီး ကိုယ်တိုင်ကားကို မောင်း ပို့နေတာ ဖြစ်ပြီး သူ့ အနေနဲ့ ကတော့ မြို့ ရဲ့ ခရီးသွား လုပ်ငန်း တိုးတက်လာ အောင် ဆွဲဆောင်မှု တစ်ရပ် အဖြစ် လုပ်ဆောင် ပေးနေတာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။ 

 

ဒါကြောင့် အိန္ဒိယ နိုင်ငံ ၊ Kerala ဒေသ ရဲ့ လမ်းတွေထက်မှာ ဆိုရင် အဆိုပါ ‌ရွှေရောင်အတိနဲ့ Rolls-Royce Phantom ကြီးကို မြင်ဖူးသူတိုင်း စိတ်ဝင်တစား ကြည့်ရှုနေကြပြီ ဖြစ်ပါတယ်။ သန်းကြွယ် သူဌေးကြီးဖြစ်သူ Bobbi Chemmanur ကတော့ အခု ရွှေရောင်ရှားပါး ဇိမ်ခံကားကြီးကို ပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ အဖြစ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းနဲ့ အိမ်ခြံမြေပိုင်းတွေမှာပါ အောင်မြင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိသူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုအတိုင်းအတာ ကတော့ ဒေါ်လာ သန်း ၁၀၀ အထက်လောက်မှာ ရှိနေမယ်လို့လည်း ခန့်မှန်းသိ ရှိပါတယ်။ ပုံမှန်အားဖြင့် သူ့ရဲ့ အဆိုပါ Rolls-Royce Phantom ရွှေရောင်ကားကြီးပေါ် ရောက်လာတဲ့ ဧည့်သည်တိုင်းကို သူဌေးကြီး ကိုယ်တိုင် ‌သွားချင်တဲ့နေရာ လိုက်ပို့ပေးပြီး အခကြေးငွေလည်း မယူပဲ အလကားကို စီစဉ်ပေးတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော သူ့ရဲ့ အခုတီထွင်ကြံဆနိုင်မှုကတော့ သူကိုယ်တိုင်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြော်ငြာပြီးသား ဖြစ်ရုံတင်မကပဲ ဒေသတွင်း ခရီးသွား လုပ်ငန်းတွေကိုပါ ဆွဲဆောင်ပြီးသားဖြစ်လို့ နေပါပြီ။ 

Ref: AllAutoExperts

Exit mobile version