MyCars Myanmar

ဆန်းသထက် ဆန်းထားလို့ မှတ်တောင် မမှတ်မိနိုင်တော့မယ့် Rolls-Royce Phantom 6×6 ပုံပြောင်းကားတစ်စီး!

Rolls-Royce ကားတွေကို ပြန်ပြီး အသွင်ပြောင်းတယ်ဆိုတာ ရှားလည်းရှားသလို ရှိခဲ့ရင်လည်း ပိုလန်းသွား တာ များပါတယ်။ အဓိကကတော့ နဂို ထုတ်ပေးထား ကတည်းကိုက Rolls-Royce က ဝယ်ယူသူ တစ်ယောက်ချင်းစီရဲ့ စိတ်ကြိုက်ဖြစ်စေမယ့် Bespoke Options တွေကို ‌ရွေးချယ်ကာ ပြင်ဆင် ပေးထားလို့ ပါပဲ။ တကယ်တော့ ဒီထက်ပိုတဲ့ခပ်ကြမ်းကြမ်း စည်းမျဉ်းတစ်ခုကတော့ အခုလို သေချာစိတ်ကြိုက် ပြင်ဆင် ထုတ်လုပ် ပေးထားတဲ့ ကိုယ့်အတွက် သီးသန့်ဆန်ပြီးသား Rolls-Royce ကိုမှ ထပ်ပြင်ဆင်ရင် နောက်ထပ် Rolls-Royce တစ်စီး ပြန်ဝယ်လို့ မရနိုင်တော့ ဘူးလို့ သတ်မှတ်ထားတာပါပဲ။ ဒါပေမယ့် ဒီစည်မျဉ်းကတော့ အခုတစ်ခေါက် 2004 Rolls-Royce Phantom ရဲ့ ပိုင်ရှင် တစ်ယောက်ကို မတားနိုင်ခဲ့တဲ့ သဘောမှာ ရှိပါ တယ်။ အဆိုပါ ပိုင်ရှင်ကတော့ သူပိုင်တဲ့ Rolls-Royce ကို 6×6 ကားကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာ ဖြစ်ပြီး Mad Max ရုပ်ရှင်ထဲက ကားလိုလိုတောင် ဖြစ်တဲ့အထိ ရုပ်ပြောင်းသွား ပါတော့တယ်။ ယခင်က တည်းကလည်း 6×6 Version ပြောင်းလိုက်တဲ့  ထူးထူးခြားခြား ကားတွေ အတော်များများကို မြင်ဖူးထား ပြီး Apocalypse Dark Horse Ford Bronco 6×6 လို ကားမျိုးဆို တကယ်ကို ထူးခြားပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အခုမြင်ရမယ့် Rolls-Royce Phantom 6×6 ကားကတော့ မြင်ဖူးသမျှတကယ်ကို ရူးချင် စရာ အသွင် ပြောင်းလဲမှု တစ်ရပ် ဖြစ်နေတာပါပဲ။

 

အဆိုပါ ပြုပြင် ပြောင်းလဲမှုကိုတော့ Danton Arts Kustoms ဆိုတဲ့ ပြင်သစ် Tuning ပိုင်းက ဖန်တီးပေးခဲ့ တာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ မူလ Phantom ကားရဲ့ အရှည်ကို ပိုချဲ့နိုင်ဖို့အတွက် ကားကို အနောက် ဘက် တံခါး ကနေ ဖြတ်ထုတ်ပစ်ခဲ့ပြီး 2005 ခုနှစ်ထုတ် BMW 7 Series ရဲ့ ကိုယ်ထည်ကို အပိုအဖြစ် ထပ် ထည့်ကာ ဖြတ်ညှပ်ကပ် လုပ်ခဲ့ ပါတော့တယ်။ ဒါ့အပြင် အဆိုပါ 7 Series ရဲ့ အနောက်ဘက်ဝင်ရိုးကို  အပို တစ်စုံအတွက် အဆင်ပြေအောင် ၆ ဘီး ကားအဖြစ် ထည့်ပေးထား လိုက်ပြန်ပါတယ်။ ရလဒ်ကတော့ အခု မြင်ရတဲ့ အတိုင်းပဲ လမ်းကြမ်းမောင်း ၆ ဘီး ကားကြီး Rolls-Royce Phantomကို မြင်ရမှာပါ။ ကားက တော့ အလူမီနီယံ အသားနဲ့ ဆက်ထားတဲ့ Fenders တွေ ၊ မီးဝါရောင်တွေ ၊ Light Bar နဲ့ အတူ ၂၄ လက်မ အရွယ်ဘီးကြီးတွေနဲ့ ဘာမှကို မဆိုင်အောင် ပြောင်းလဲသွားခဲ့ပြီး ဒီ ကားကို မြင်တာနဲ့တင် ကမ္ဘာကြီးက ရူးသွပ်နေတာ တကယ်ပါလို့ သက်သေထူနိုင် လောက်တဲ့ အထိပါပဲ။

Photo Credit: motor 1.com

အတွင်းခန်းကတော့ သိပ်ထူးထူးခြားခြား မဟုတ်တော့ပဲ သာမန် Tuning တွေလုပ်သလို Leather ပြန် ထည့်ထားတဲ့ Upholstery တွေ၊ အရှေ့ဘက် Cabin မှာတော့ ထူးထူးခြားခြား မိကျောင်းသားရေနဲ့ မြွေသား ရေ အနည်းငယ် ထည့်သုံး ပေးထား ပါတယ်။ ကားမှာ ပို ဆန်းတာကတော့ မူလကားနဲ့ ဘာမှကို မဆိုင်ပဲ အပေါ် လှန်ဖွင့်ရတဲ့ Suicide Door တံခါး ဒီဇိုင်းတောင် ပါဝင်လာခဲ့ ကာ Rolls-Royce ရဲ့ အမှတ်သညာ နဂိုမူလ ထီးလေးကိုတော့ တံခါးဘောင် တွေ အောက်မှာ ဆက်ထည့်ပေးထား ပါတယ်။ အင်ဂျင် ပိုင်းကတော့ လည်း အတူတူပဲ ဖြစ်ပြီး 453 hp အထိ ရှိတဲ့ 6.7 Liter V 12 Engine ဖြစ်ကာ တစ်ခြား ဘာမှတော့ စွမ်း ဆောင်ရည်ပိုင်း အတွက် ပြောင်းပေးထားတာမျိုး မရှိတော့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version