တရုတ်ဈေးကွက်အတွင်း ထွက်ရှိလာမယ့် Roewe RX5 ကားကတော့ Compact Crossover SUV ကား တစ်စီးဖြစ်ပြီး SAIC Motor ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကားသစ်က ကြီးမားတဲ့ Grille ဒီဇိုင်းနဲ့ Platform အသစ်ကို အသုံးပြုဖန်တီးလာတာဖြစ်ပြီး Grille ကြီးက ကားရဲ့ရှေ့မျက်နှာပြင် တစ်ခုလုံး နီးပါးအထိ နေရာယူထားတာပါ။ Grille ရဲ့ အပေါ်ထိပ်မှာတော့ Sleek LED Lights တွေတပ်ဆင်ထားပြီး Faux Air Inlets တစ်စုံလည်းပါဝင်ပါသေးတယ်။ ဒါ့အပြင် Pop-Out Door Handles တွေ၊ အနက်ရောင် ဘီးခုံးတွေ၊ အနက်ရောင်မီးတွေနဲ့ ကြီးမားတဲ့ အနက်ရောင် မှန်တွေလည်း တပ်ဆင်ပေးထားပါသေးတယ်။
Roewe RX5 ကားကိုတော့ ၂၀၁၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ များစွာသော Roewe အမျိုးအစားတွေ Lineup အတွင်း ပါဝင်လာခဲ့ပြီး အဆိုပါကားတွေထဲမှာ eRX5 နဲ့ ERX5 Hybrids ၊ RX5 Max နဲ့ RX5 Plus ကားတွေလည်းပါဝင်တာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ Roewe ကားက Facelift ကို မနှစ်ကနှောင်းပိုင်းမှသာ ရရှိခဲ့တာဖြစ်ပြီး ကားရဲ့ Grille က ယနေ့ထွက်ရှိထား တဲ့ All-New RX5 ကားနဲ့အတော်လေး ဆင်တူနေတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်ကားကုမ္ပဏီတွေ က ဘယ်အရာကိုမှ အလွယ်တကူစွန့်ပစ်ရိုးထုံးစံ မရှိတာတွေ့ရတာကြောင့် လက်ရှိ RX5 Plus ကားကို လည်း ကားအသစ်တွေနဲ့အတူ ရောင်းချလာအုံးမယ်ဆိုရင်တောင် အံ့အားသင့်စရာမရှိတာပဲ ဖြစ်ပါတယ်။ မျိုးဆက် ၃ ခုလောက်အထိက ကားတွေကို တစ်ပြိုင်နက်ရောင်းချလေ့ရှိတဲ့ ထုံးစံက တရုတ်နိုင်ငံအတွင်းမှာ ပုံမှန်လိုဖြစ်တာကြောင့် မထူးဆန်းဘူးလို့ ဆိုရမှာပါ။
အခုကားအသစ် မှာတော့ 1.5 Liter Turbocharged Four-Cylinder Petrol Engine ကို တပ်ဆင်ပေး ထားပြီး 187 hp နဲ့ 285 Nm Torque အထိ စွမ်းဆောင်နိုင်မှာဖြစ်ကာ Seven-Speed Dual-Clutch Transmission ဒါမှမဟုတ် Eight-Speed Automatic Transmission နဲ့ ရရှိနိုင်မှာပါ။ အစောပိုင်းတွေ့ မြင်ထားရတဲ့ ပုံတွေအရတော့ အတွင်းပိုင်းမှာ မှန်ခုံး Twin Screen ပါဝင်တဲ့ Dashboard နဲ့ Sporty ဆန်တဲ့ 3-Spoke စတီယာတိုင်၊ Gear Lever ပါဝင်တဲ့ Center Tunnel နဲ့ ခွက်ထည့်စရာ ၂ ခု ပါဝင်တာကို တွေ့ရပါတယ်။ စတီယာတိုင်ကတော့ Tesla ရဲ့ စတိုင်ဖြစ်တဲ့ Button-Scrollers နဲ့ဖြစ်ပြီး ငွေရောင်ဆေး ခြယ်ထားကာ စတီယာတိုင် အလယ်မှာတော့ ROEWE ဆိုတဲ့စာသားပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ Sun Roof ၊ Roof Rails နဲ့ အနောက်ဖက် ပြတင်းပေါက် ထိပ်မှာတော့ Two-Part Spoiler တွေလည်း ပါဝင်လာပါသေးတယ်။ Roewe RX5 ကားသစ်ကိုတော့ နောက်လမှာ ကျင်းပမယ့် Beijing Auto Show မှာ ပြသလာမှာဖြစ်ပြီး မကြာမီမှာပဲ တရုတ်ဈေးကွက်အတွင်း စတင်ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
Ref: CarNewsChina
