MyCars Myanmar

Rocks E-Xtreme ဆိုတဲ့ ချစ်စရာ ကားသစ်လေးကို ထုတ်လုပ်သွားဦးမယ့် Opel!

Opel ကတော့ သူတို့ရဲ့ ချစ်စရာ လျှပ်စစ်ကား အသေးလေးတွေရဲ့ ဒီဇိုင်းပိုင်း အတွက်ကို လူမှုကွန်ရက်မှာ အလွတ် ဖန်တီးနိုင်ဖို့ ပြိုင်ပွဲတစ်ခု ဖန်တီးပေးခဲ့ ဖူးပါတယ်။ အဓိက ကတော့ Rocks-e ဆိုတဲ့ သူတို့ရဲ့ အထူး ထုတ် ကားမော်ဒယ်အတွက် ရည်ရွယ်တာဖြစ်ပြီး အခုဆိုရင် ဂျာမနီနိုင်ငံ ၊ Pforzheim တက္ကသိုလ်ရဲ့ ဒီဇိုင်းပိုင်းဌာန ကျောင်းသားဖြစ်သူ Wenzhofer ရေးဆွဲထားတဲ့ ကားပုံစံကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းသားလေး Wenzhofer ကတော့ သူ့ရဲ့ ဒီဇိုင်းကို ပြီးခဲ့တဲ့နှစ် ကတည်းက ချပြခဲ့တာဖြစ်ပြီး အတော်လေး ထူးထူးခြားခြား ဖြစ်သွားစေမယ့် ပြင်ဆင်မှုတွေကိုတော့ မူလ Rocks-e ကားနဲ့ သိသိသာသာ ကွဲထွက်အောင် ပြင်ဆင်ခဲ့ပါတယ်။ ကုမ္ပဏီ ဘက်ကတော့ အခုကားလေးကို တရားဝင် ထုတ်ပြလာမယ့် ရက်ကိုတော့ မကြေညာ သေးတာကြောင့် စောင့်ဆိုင်းရဦးမှာပါ။

Photo Credit: AllAutoExperts

အဓိက အားဖြင့် Rocks E-Xtreme ကားလေးကို ပုံမှန်နဲ့ မတူစေဖို့ Double Wishbone Suspension ကို ပြောင်းသုံးထားပြီး ဘီးတွေကိုလည်း ကားကိုယ်ထည်နဲ့ သပ်သပ်စီနီးပါး ကွဲထွက်နေစေပါတယ်။ ဘီး ပတ်ပတ်လည် မှာ သုံးထားတဲ့ တာယာတွေကတော့ ရွှံ့စေးပိုင်း အပါအဝင် လမ်းကြမ်းတွေမှာ ကောင်းကောင်း ခံနိုင်မယ့် တာယာတွေ ဖြစ်ပြီး Opel ရဲ့ Suspension ပိုင်းကိုလည်း ပုံမှန်ထက် ပိုမြှင့်တင် ပေးထားပါ သေးတယ်။ နောက်ထပ် အပြောင်းအလဲတွေ အနေနဲ့ ဆိုရင်တော့ Tubular Frame ကို သုံးထားတာကြောင့် Spotlight နည်းနည်းနဲ့ Twin- Plane အနောက်ဘက် အတောင်ပံ ခပ်ကြီးကြီးတို့ကိုပါ ထပ်မြင်လိုက်ရ တာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဒီဇိုင်နာ ကျောင်းသားလေး ကတော့ အခု ဒီဇိုင်းဟာ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ခံစားမှုနဲ့ မောင်းနှင်ရတဲ့ အရသာ အစစ်အမှန်ကို ရရှိစေဖို့ ရည်ရွယ် ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။ အဓိက ကတော့ လမ်းကြမ်းပိုင်း ကို ပါ ကောင်းကောင်း မောင်းနိုင်မယ့် Extreme Design ပိုင်းကို ပိုပေါ်လွင်အောင် ဖန်တီးထားတာဖြစ်ပြီး Sport အပြင်အဆင်တွေ ခပ်များများနဲ့အတူ လျှပ်စစ်ကားတွေလည်း ဘယ်လို စွမ်းဆောင် နိုင်တယ်ကိုပါ ချပြရာ ရောက်အောင် လုပ်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု ကားသေးလေး တကယ်တမ်း ထွက်ပေါ်လာတဲ့ အခါ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version