MyCars Myanmar

လမ်းပေါ်ဒုက္ခရောက်နေတဲ့ Semi Truck ကြီးတစ်စီးကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ Rivian R1T !

ကား တစ်စီးကို ဆွဲပေးနိုင်လောက်‌တဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေ လျှပ်စစ် ကားတွေမှာ ပိုင်ဆိုင် လာကြပြီ ဖြစ်ပြီး အဲ့ဒီအထဲကမှ လျှပ်စစ် မော်တာ ၄ လုံး တပ်ထားတဲ့ Rivian R1T တို့ကတော့ အံ့မခန်း ပါပဲ။ အဆိုပါ ကားရဲ့ စွမ်းဆောင်ရည်ကတော့ 835 hp နဲ့ 908 lb-ft Torque အထိကို ရှိတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကားရဲ့ လက်တွေ့ စွမ်းဆောင်ရည်ကို ပိုပြီး အံ့အားသင့်ဖွယ် မြင်လိုက်ရပြီဖြစ်ကာ လမ်းပေါ် မှာ လှည့်မရပြုမရဖြစ်ပြီး ဒုက္ခရောက် နေရတဲ့ Semi Truck ကားကြီး တစ်စီးကိုပါ ဆွဲတင်ပေးနိုင်ခဲ့တဲ့ အထိ အစွမ်းပြ ခဲ့ပါတယ်။ လူမှုမီဒီယာ တစ်ခု ဖြစ်တဲ့ Reddit ပေါ်မှာ တက်လာတဲ့ Video တစ်ခုထဲမှာ အဆိုပါ R1T ရဲ့ အစွမ်းပြတာကို မြင်ခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကပဲ အမေရိကန် နိုင်ငံ၊ အီလီနွိုက်စ် ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ တကယ်တော့ အဆိုပါ ဒေသက R1T ကားသစ်တွေ ထုတ်လုပ်ရာ နေရာဖြစ် လို့ R1T အတွက် မထူးဆန်းပေမယ့်လည်း Semi Truck ကားကြီး တစ်စီးက အခုလို အခြေအနေ ရောက် အောင် ဘယ်လိုဖြစ်သွားတာလဲ ဆိုတာကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 

ဖြစ်နိုင်ချေ ရှိတာ တစ်ခုကတော့ မိုးကြောင့် Semi Truck ကားကြီး လမ်းချော်သွားပြီး လမ်းဘေးကို ထိုးကျ သွားနိုင်ပြီး ယာဉ်မောင်းက လမ်းပေါ် ပြန်ဆွဲတင်ပေမယ့် လမ်းပုခုံးကို မတက်နိုင်တာကြောင့် အခုလိုမျိုး လမ်းလယ်ကြီးမှာ ကန့်လန့်ကြီး ခံသွားရပုံ ရှိပါတယ်။ Video ထဲမှာ မြင်ရသလောက်ကတော့ ရှေ့တိုးရ အခက် ၊ နောက်ဆုတ် ရအခက် အနေအထားကြောင့် ထွက်စရာလမ်းလည်း မရှိတော့တာဖြစ်ပြီး ဆွဲတင်မှကို ရတော့မယ့် အခြေအနေ ဖြစ်သွားတော့တာပါ။ အဆိုပါ အချိန်မှာ R1T ကားက ဝင်ဆွဲပေးခဲ့တာ ဖြစ်ပြီးတော့ တကယ်အံ့ဩဖို့ ကောင်းတဲ့ အချက်ကတော့ Semi Truck ကားကြီးက ပေါင် ၁၅,၀၀၀ လောက်အထိ ရှိတဲ့ အပြင် လမ်းက‌လည်း မိုးရေတွေကြောင့် တကယ်ကို ချော်နေရတဲ့ အခြေအနေမျိုးမှာ ရအောင် ဆွဲပြသွား နိုင်တာပါပဲ။ ဒါပေမယ့် Reddit ထဲမှာ အခု Video ကို Comment ပေးနေကြသူတစ်ချို့ ကလည်း ဒါက သာမန် ကားတစ်စီးတောင် လုပ်နိုင်တဲ့ အရာမို့လို့ လွယ်ကူပါတယ် ဆိုပြီး ပြောနေကြပြန်ပါတယ်။

Photo Credit: InsideEVs

ဒါပေမယ့်လည်း သေချာ ပြန်ကြည့်မယ် ဆိုရင်တော့ နဂိုကတည်းက Truck ကားရဲ့ နောက်ဘီး ၄ ဘီး စလုံးက အနောက်ဘက် ရောက်နေရာက နေ R1T ဆွဲပေးလိုက်မှ ရွေ့သွားတာ ဖြစ်လို့ တကယ် အကူအညီ ဖြစ်ခဲ့တယ်ဆိုတာ ကတော့ သေချာပါတယ်။ တကယ်လို့သာ အနောက်က Truck ကားကြီးက နည်းနည်း လေးမှတောင် မရွေ့နိုင် ဘူးဆိုရင်တော့ R1T အဖို့ အတော်လေး ခက်ခဲသွားနိုင်ပါတယ်။ သေချာတာကတော့ ဒီ Video က တစ်ချို့တွေ ပြောနေကြသလိုမျိုး ကြိုတင် စီစဉ် ထားတာမျိုး မဖြစ်နိုင်ပါဘူး။ Tesla တုန်းက လည်း အခုလိုမျိုး Video တစ်ခါ ထွက်ပေါ်လာ ခဲ့ဖူးသေးပြီး Cybertruck နဲ့ Ford F-150 တို့ထိပ်တိုက် ဆွဲကြတာ ဖြစ်ကာ Cybertruck က နိုင်သွားဖူးပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပွဲမှာတုန်းကတော့ Ford F-150 က Rear-Wheel Drive အနေနဲ့ ပဲဖြစ်တာ ကြောင့် မမျှတဘူးလို့တောင် ဆိုလို့ရပါတယ်။ အဲ့ဒီလို ယှဉ်ပြိုင်အပြီး မှာတော့ Elon Musk ကိုယ်တိုင်ကလည်း သူတို့ရဲ့ Cybertruck က Ford F-150 ထက် အများကြီးပိုကောင်းတယ် ဆိုပြီး ပြောခဲ့ဖူးသေးတာ ဖြစ်ပါတယ်။

Ref: InsideEvs

Exit mobile version