MyCars Myanmar

အမှာစာတွေ ပယ်ဖျက်ကုန်ကျတဲ့ Rivian ကားမှာယူထားသူများ !

Rivian ကား ကုမ္ပဏီအနေနဲ့ကတော့ မခန့်မှန်းနိုင်တဲ့ အနှောက်အယှက်တွေနဲ့အတူ ထုတ်လုပ်မှုနှောင့်နှေး နေခဲ့ ရပေမယ့်လည်း အခု ဆိုရင်တော့ R1T All-Electric Pickup ကားကို စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကာ SUV ကားဖြစ်တဲ့ R1S ကလည်း မကြာခင်စတင်ထုတ်လုပ်နိုင်တော့မှာပါ။ အခုပထမတစ်သုတ် ထုတ်လုပ် မယ့် R1T ကားတွေ ကိုတော့ အရင်ဆုံး မှာယူထား သူတွေထံကို ပို့ဆောင်ပေးမှာဖြစ်ကာ မှာယူထားသူတွေ အကုန်လုံးကတော့ စောင့်ဆိုင်းရဦးမှာ ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အီလီနွိုက်စ်မှာ ရှိတဲ့ ကားစက်ရုံကနေ အများအပြား ထုတ်လုပ်ပေးနိုင်တယ် ဆိုပေမယ့် ဝယ်လို အားနဲ့မမျှဖြစ်နေတဲ့ အခြေအနေကြုံနေရပြီး ဂျော်ဂျီယာ ပြည်နယ်ထဲက စက်ရုံအသစ်ကလည်း မကြာခင် စတင် အသိအမှတ် ပြုနိုင်တော့မယ် ဆိုပေမယ့် လည်ပတ်ဖို့ကတော့ နှစ်အနည်းငယ် စောင့်ရနိုင်ပါသေးတယ်။ ဒါ့အပြင် အခု ရက်သတ္တပတ် အစောပိုင်းတုန်း ကလည်း ကားသစ်တွေရဲ့ဈေးနှုန်းမြင့်တက်မှုကို ကုမ္ပဏီဘက်က ကြေညာခဲ့တာကြောင့် သည်းခံစောင့်ဆိုင်း နေကြတဲ့ Customers တွေကို အတော်လေး ဒေါသထွက်စရာ ဖြစ်လာ စေခဲ့ပါတယ်။ စောင့်ဆိုင်းရတာကြာ လို့ ဈေးလျှော့ပေးရမယ့်အစား ဈေးတောင် တင်လိုက်သေးလို့ မှာယူထားသူတွေ ဘက်ကလည်း ပေါက်ကွဲ ကာ အခုဆိုရင် အမှာစာ အတော်များများကို ပယ်ဖျက်ဖို့ စီစဉ်လာကြပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Rivian Subreddit မှာ အခုကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းထားကြရာမှာတော့ အသုံးပြုသူ ၃,၅၀၀ လောက် က ပြန်လည်တုံ့ပြန်ထားကြကာ အဲ့ဒီအထဲကမှ အနည်းဆုံး လူဦးရေ ၁,၉၀၀ လောက်က မှာယူထားတာတွေ ကို ပြန်လည် ပယ်ဖျက် လိုနေကြပါတယ်။ နောက်ထပ် ၁၁၀ လောက်ကတော့ ဈေးလျှော့ပေးဖို့ အလိုရှိနေ ကြပြီး လျှပ်စစ်မော်တာ ၂ လုံး နဲ့ Standard လုပ်ထားပြီး ဈေးများတာကို မလိုချင်ကြတဲ့ သဘောဖြစ်ပါ တယ်။ လက်ရှိ မှာတော့ ၁,၃၀၀ လောက်က ဒီ အကြောင်းကို မတုံ့ပြန်သေးပဲ Rivian ဘက်ကတော့ အခု ချိန်အထိ အမှာစာ ပေါင်း ၇၀,၀၀၀ ကျော် လက်ခံရရှိထားတယ်လို့တော့ တုံ့ပြန်ထားပါတယ်။ လက်ရှိ အခြေ အနေတွေကြောင့် အမှာစာ အသစ်ဆက်ပြီး လက်ခံ နိုင်ပါဦးမလား ဆိုတာကတော့ မသေချာသေးပဲ ဈေးနှုန်း တွေကလည်း တက်လာနေတာကြောင့် လျှပ်စစ်မော်တာ ၂ လုံးကို Standard အဖြစ် ထည့်သွင်းပေးလာ မယ် ဆိုပေမယ့် အနည်းဆုံး ၁၂,၀၀၀ ဒေါ်လာ လောက် ပိုပေးရမှာကို တော့ သတိပြုရပါလိမ့်မယ်။ ထပ်ပြီး အပိုရွေးချယ်စရာတွေ မူတည်ပြီးတော့လည်း ဈေးနှုန်းက ယခင် မှာယူထား တာထက်ကို ဒေါ်လာ ၂၀,၀၀၀ လောက် အထိ ပိုသွားနိုင် သေးတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

မနှစ်ကနဲ့ဒီနှစ် မှာတော့ ဈေးနှုန်းအနည်းငယ် မြင့်တက်လာနိုင်တယ်ဆိုတာ ခန့်မှန်းထားခဲ့ကြပြီး ဖြစ်ပေမယ့် အခု လောက် ဈေးနှုန်းတွေ ဆိုတာကတော့ အတော်လေးကို မြင့်တက်လွန်းတာ ဖြစ်ပြီး Tesla တောင် တစ် နှစ်အတွင်း ဒီလောက်ဈေးမတက်ဖူးပါဘူး။ Rivian ကတော့ ဒီ ဈေးနှုန်းတွေအပေါ်မှာ ငွေကြေးဖောင်းပွတာ တွေနဲ့ ကုန်ကြမ်း တွေ ဈေးတက်လာတာကို အကြောင်း ပြနေပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သည်းခံ စောင့်ဆိုင်း နေရတဲ့ Customers တွေ ဘက်ကို အခုလောက်အထိ ဈေးတက်လိုက်တာကတော့ အတော်လေးမဖြစ်သင့် တဲ့ ကိစ္စပါပဲ။ အဲ့ဒီအစား ဈေးနှုန်း အမျိုးမျိုးနဲ့ ရွေးချယ်မှု များများ လုပ်‌ပေးလိုက်တာမျိုးက ပိုပြီး အဆင်ပြေ ကောင်းမွန်နိုင်ပါတယ်။ Rivian Subreddit Community လူမှု ကွန်ရက်ထဲမှာ ဆိုရင်လည်း အများစုက ကုမ္ပဏီ အနေနဲ့ အခု အနေအထားတွေမှာ ထုတ်လုပ်မှု တိုးမြှင့်နိုင်ဖို့လည်း ပြဿနာ ရှိနေနိုင်တယ်လို့ ယူ‌ဆ နေကြပြီး အခုလိုမျိုး Customers တွေရဲ့ ပေါက်ကွဲ ထွက်လာမှုကို Rivian တို့ ဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာပါ။

Ref: carbuzz.com

Exit mobile version