MyCars Myanmar

ဥရောပ လျှပ်စစ် Van ကားဈေးကွက်ထဲ ပူးပေါင်းဝင်ရောက်လာတော့မယ့် Rivian နဲ့ Mercedes-Benz!

လျှပ်စစ် ကားကုမ္ပဏီသစ် Rivian နဲ့ Mercedes-Benz Vans Division တို့ ပူးပေါင်းပြီး ဥရောပဈေးကွက်အတွက် လုပ်ငန်းသုံးလျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ကြေညာသွားခဲ့ပါတယ်။ ကားသစ်တွေ ထုတ်လုပ်ရာမှာ တော့ ကုမ္ပဏီ တွေရဲ့ လက်ရှိပုံမှန် All-New EV စက်ရုံတွေမှာပဲ ဖန်တီးသွားဖွယ်ရာ ရှိပါတယ်။ အစပိုင်းတုန်းကတော့ ကုမ္ပဏီ တစ်ခုချင်းစီရဲ့ Van တစ်မျိုးစီကို Platform တစ်ခုချင်းစီမှာပဲ ဖန်တီးနေဖို့ ဖြစ်ပေမယ့် အခု သဘောတူညီမှု အရ ဆိုရင်တော့ ကုမ္ပဏီ ၂ ခုပေါင်းလုပ်နိုင်မယ့် ဥရောပရဲ့ စက်ရုံတစ်ခုခုမှာ ကားသစ်တွေ ထုတ်လုပ်ပေးလာနိုင် ပါတယ်။ ကုမ္ပဏီကြီး ၂ ခု အကြား ပူးပေါင်းတာဖြစ်လို့ စာရွက်စာတမ်းတွေနဲ့ အခြားကိစ္စတွေ လိုကောင်းလိုနိုင် သေးပေမယ့်လည်း တရားဝင် ကြေညာထားပြီးဖြစ်တာ စိတ်လှုပ်ရှားစရာတွေတော့ မျှော်လင့်လို့ ရလာပါပြီ။ ပူးပေါင်းထုတ်လုပ်မယ့် Van အသစ်တွေကိုတော့ လာမယ့်နှစ် အနည်း ငယ်မှာပဲ စတင်မြင်ရနိုင်ပြီး ဥရောပ အရှေ့ ပိုင်းနဲ့ အလယ်ပိုင်းတွေ‌ဆီက လျှပ်စစ်ကားသီးသန့် ထုတ်လုပ်ရေး ရုံတွေမှာ ထုတ်လုပ်လာနိုင်ပါတယ်။ အခုလို ကုမ္ပဏီကြီး ၂ ခု အကြား ပူးပေါင်းဆောင်ရွက်တာ တကယ် လည်း ကောင်းသလို ကားသစ်တွေထုတ်ဖို့ ရက် အတိအကျ ကာလအတိအကျတွေ မဆိုထားသေးပေမယ့်လည်း အခု ကာလကတော့ ပူးပေါင်းမှုတွေအတွက် ကြေညာလို့ အကောင်းဆုံး အချိန်ပါပဲ။

Photo Credit: MotorTrend

Rivian ရဲ့ EV Van ကားကြီး တစ်စီးကတော့ ဒုတိယမြောက်မျိုးဆက် Rivian Light Van (RLV) Platform ပေါ် အခြေခံဖန်တီးထားမှာဖြစ်ပြီး အဆိုပါ Platform ရဲ့ ပထမမျိုးဆက်ကိုတော့ Amazon က ယူဆောင် အသုံးပြုထား ပါတယ်။ Mercedes-Benz တို့ ကလည်း သူတို့ရဲ့ EV Van အကြီးအတွက် Van Electric Architecture (VAN.EA) ပေါ်မှာ အခြေခံထုတ်လုပ်လာဖို့ လျာထားတာ ဖြစ်ပါတယ်။ အစီးရေ ဘယ်လောက်အထိ ထုတ်နိုင်မယ်ဆိုတဲ့ အချက် တွေလည်း မသိရသေးပေမယ့် သဘောတူညီမှုတွေထဲမှာတော့ ကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့အပြင် အသုံး ပြုသူတွေထံကိုလည်း ပုံမှန်ထက် ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနိုင်ဖို့ စီစဉ်ထားကြပါတယ်။ တစ်ခု ရှိတာကတော့ မကြာသေးမီကမှ ပြဌာန်းထားတဲ့ အမေရိကရဲ့ ငွေကြေးဥပဒေ အသစ်အရ ပြင်ပက ထုတ်လုပ် တပ်ဆင်ထားတဲ့ လျှပ်စစ်ကားမှန်သမျှ နိုင်ငံတွင်းကို သွင်းတဲ့အခါ အခွန်ကောက်ခံရမှာ ဖြစ်တာ ကြောင့် အခု ကားသစ် တွေ ဥရောပ အခြေစိုက် ထုတ်လုပ်တာ သေချာခဲ့ရင် အမေရိက ဈေးကွက်အတွက်တော့ လွယ်လွယ်ကူကူ မရနိုင် လောက်ပါဘူး။ ဒါပေမယ့် ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး အလားတူကားမျိုးတွေကို အမေရိက ဈေးကွက်အတွက် သီးသန့်ထုတ်ပေးနိုင်‌ရင်တော့ ပိုကောင်းပါလိမ့်မယ်။ လတ်တလောမှာတော့ Mercedes-Benz ကနေ တောင်ကယ်ရိုလိုင်း နား မှာ ရှိတဲ့ သူတို့ရဲ့ Sprinter Van အတွက် $ 500 သန်းအထိ ရင်းနှီးထားသလို ကုမ္ပဏီ ၂ ခု ပူးပေါင်းမှု စတင်ပြီ ဆိုတာနဲ့လည်း ပိုပိုပြီး ချဲ့ထွင်သွားကြဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: MotorTrend

Exit mobile version