MyCars Myanmar

ရာသီဥတု အအေးဆုံးမှာ စမ်းသပ်နေတဲ့ Rimac Nevera ကားသစ် !

Concept အဆင့်မှာ လေးနှစ် ၊ ထုတ်လုပ်မယ့် အဆင့်ကားအဖြစ် မြင်ခဲ့ရတာ တစ်နှစ်လောက် အထိ ရှိခဲ့ပြီ ဖြစ်တဲ့ လျှပ်စစ် စွမ်းအင်သုံး Hypercar တစ်စီး Rimac Nevera ကတော့ အခုဆိုရင် ‌ဈေးကွက်ထဲ ခြေချဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒီတစ်ပတ် ထဲမှာပဲ အဆိုပါ ကားအသစ်ကို အေးခဲလွန်းတဲ့ ရာသီဥတုထဲမှာ စမ်းသပ် မယ်လို့ တရားဝင်ပြောကြားထားခဲ့ပြီး အခုဆိုရင်တော့ ဆွီဒင်နိုင်ငံ မြောက်ပိုင်း ၊ အာတိတ် စက်ဝန်းဒေသနား က Pirelli ရဲ့ Sottozero Center  နေရာမှာ နှင်းတောတွေထဲ ‌စမ်းသပ်မောင်းနှင်နေခဲ့ပြီ ဖြစ်ပါတယ်။ အခု စမ်းသပ်မောင်းနှင်‌တဲ့ အပိုင်း ကတော့ ABS စနစ် တို့လို ကားက ချောနေတဲ့ အပိုင်းမှာ ဘယ်လောက်အထိ ထိန်းနိုင်မလဲ ဆိုတာတွေကို အဓိက စမ်းသပ် နေတာ ဖြစ်ပြီး Nevera ကားမှာ ရလာမယ့် Pirelli ရဲ့ P Zero Winter တာယာတွေရဲ့ ရလဒ်ကိုပါ စမ်းသပ်မှာလည်း ဖြစ်ပါတယ်။ ကားရဲ့ နဂိုမူလ တာယာတွေ အနေနဲ့က တော့ Michelin Pilot Sport 4 S တာယာတွေပါပဲ။

Photo Credit: MotorAuthority

Rimac ကုမ္ပဏီ ရဲ့ စစ်းသပ်စစ်ဆေးမှု အပိုင်းတွေမှာ မောင်းနှင်ရတဲ့ အဓိက ယာဉ်မောင်းဖြစ်သူ Miroslav Zrncevic ဆိုသူ ကတော့ အခုလိုမျိုး ကုပ်အား နည်းလွန်းတဲ့ ‌လမ်းချောချောတွေမှာ ကားကို စမ်းသပ်ထား လို့ အပူချိန် နည်းတဲ့ နေရာတွေမှာ ကားကို မောင်းရတဲ့အခါမှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကို လက်တွေ့သိနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ အခုလို လမ်းတွေမှာ သာမန် ထက် ပိုနှေးကွေးတဲ့ အခြေအနေတွေ ဖြစ်လာတတ်ပြီး လမ်းချော်တဲ့ အပိုင်းတွေကို ကောင်းကောင်း ကိုင် တွယ်နိုင်တဲ့ စနစ်တွေရှိထားရင် တောင်မှ ဘယ်လို အနေအထားမျိုးမှာ လမ်းအနေအထားကို မထိန်းနိုင်ဘူး လဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ရမှာ ဖြစ်တယ် လို့လည်း ၎င်းက ဆိုထား ပါသေးတယ်။ တကယ်လို့ အခုလို အေးခဲရာသီဥတု မှာ စမ်းသပ်တာ Nevera ကား အတွက် ပထမဆုံးပဲ ဖြစ်ပြီး ယခင်တုန်း ကတော့ သူတို့ ရဲ့ ကား တွေအတွက် အနိမ့်ဆုံး -၄ ဒီဂရီ ဖာရင်ဟိုက် ၊ အမြင့် ဆုံး ၁၁၈ ဒီဂရီ အထိ ကိုပဲ မောင်းနှင် စမ်းသပ်ဖူးကြတာ ဖြစ်ပါတယ်။ အခုလိုမျိုး စမ်းသပ်ရာမှာလည်း ရာသီဥတုရဲ့ အပူချိန် ပြောင်းလဲ မှုတွေနဲ့ ပတ်သက်လို့ အသားကျ စေနိုင်ဖို့ ယာဉ်မောင်း တွေကလည်း ကား တံခါးတွေကို ဖွင့်ပြီး မောင်းနှင် ကြရတာပါ။ ဒါကြောင့် ကားက အရမ်း အေးခဲနေတာ မျိုးရှိရင်တောင်မှ အလုပ်လုပ်နိုင်ဆဲ ဆိုတာကို ပိုပြီး ပေါ်လွင် လာ စေပါတယ်။

Photo Credit: MotorAuthority

အခုလိုမျိုး ခက်ခဲတဲ့ ရာသီဥတု အပြောင်းအလဲတွေမှာ စမ်းသပ်ကြတာကြောင့် စိုစွတ်မှု အရမ်းများနေတဲ့ အခြေအနေ မျိုးတွေကိုလည်း သိနိုင်သလို အရမ်းပူတဲ့ နွေရာသီမှာ ရပ်ထားရင်တောင် ဖြစ်နိုင်တဲ့ မီး‌‌အရောင် အနေအထားတွေကို အထိ သိနိုင်ပါတယ်။ မီးတွေ ဖွင့်ထားမယ်ဆိုရင် အပြင်ဘက် အပူချိန်က ၁၅၈ ဒီဂရီ အထိကို တက်သွားနိုင်ပေမယ့် ကားရဲ့ အအေးပေး စနစ်က ၇၂ ဒီဂရီ အထိကို ပြဿနာမရှိပဲ လျှော့ချ ပေး ထားနိုင်တယ်ဆိုပြီး Rimac က ဆိုထားတာဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြော အရေအတွက် နည်းနည်းနဲ့ပဲ သီးသန့် ထုတ်လုပ်တတ်တဲ့ Rimac လို ကား ကုမ္ပဏီမျိုးတောင် အခုလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ ‌အေးခဲ ရာသီဥတု အခြေအနေတွေမှာ စမ်းသပ်လာနေပြီ ဖြစ်ပါတယ်။ ဒါတင်မက သေးပဲ Rimac ကတော့ ယာဉ် တိုက်မှု ဒဏ်ခံနိုင်မယ့် စမ်းသပ်ချက်တွေ အထိ သေချာ လုပ်ထားပြီး ဖြစ်ကာ Electromagnetic စွမ်းအင် ထုတ်လွှတ်မှု အခြေအနေတွေ အထိကိုလည်း ကောင်းကောင်း စမ်းသပ်နေပြီးပြီ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version