MyCars Myanmar

လုံးဝ ပုံစံပြောင်းလဲသွားတဲ့ Nissan 350Z ကားတစ်စီး!

အခု ပုံထဲမှာ မြင်ရမယ့် Nissan 350Z ကားကတော့ ဂျပန်ပြည်တွင်း ဈေးကွက်ထဲက ပြင်ဆင်မှု တစ်ရပ်ဖြစ်ပြီး မြင်လိုက်တာနဲ့တင် မူလကားနဲ့ လုံးဝခြားနားနေမယ်ဆိုတာ သိသာစေပါတယ်။ Aftermarket ပြင်ဆင်မှု တွေထဲမှာမှ တကယ် အထူးခြားဆုံး ဖြစ်ပြီး Bespoke အစိတ်အပိုင်းတွေရဲ့ နေရာယူ အပြင်အဆင် အထားအသိုတွေကလည်း ကား ကို မွမ်းမံဖို့ အတော်လေးကို စိတ်ရှည် အချိန်ယူထားရတယ်ဆိုတာ မြင်သာထင်သာ ရှိနေစေတာ ဖြစ်ပါတယ်။ အသိသာဆုံး အပြောင်းအလဲကတော့ ကားရဲ့ ကိုယ်ထည်တစ်ခုလုံးအတွက် Kit ဖြစ်ပြီး Headlights ရှေ့မီးကြီး အသစ် တွေကလည်း အမြင်ပိုင်းအရ မူလ Z ကား အသစ်နဲ့ တစ်ထပ်တည်း တူတာကိုမှ ဆန်းသစ် ထားတာ တွေပါပဲ။ အရှေ့ ဘက် ဘန်ဘာကိုလည်း Splitter အသစ် ၊ Grille ပုံစံ အသစ်တို့နဲ့ ပြန်လည် မွမ်းမံပေးထားပြီး ကား Body Kit ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် Air Intake လေဝင်ပေါက်တွေကိုလည်း ထပ်ထည့်ပေးထား ပါသေးတယ်။

Photo Credit: AllAutoExperts

ဘေးဘက်မှာလည်း ပိုရှည်လာတဲ့ Skirts တွေ ၊ Spoiler ခပ်ကြီးကြီး တစ်မျိုးနဲ့ ပေါင်းစပ်ပေးထားတဲ့ Decklid ၊ အနောက် ဘန်ဘာအသစ်နဲ့ အခြားအခြားသော သီးသန့်ဆန်ဆန် အပြင်အဆင်တွေ အများကြီး ကိုလည်း ထပ်တွေ့ ရဦးမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ကြည့်လိုက်တာနဲ့ သာမန်လူတွေ အဖို့တောင် တန်းမြင်သာ စေမှာကတော့ ဘေးကို ချော်ထွက်နေတဲ့ ဘီး ဒီဇိုင်းတွေပါပဲ။ အဆိုပါ ဘီးတွေမှာလည်း Bronze Spokes တွေနဲ့ Chrome Barrels တွေကို တပ်ဆင် ပေးထားပြီး ကားရဲ့ ပိုင်ရှင်အဖို့ကတော့ ကားသစ်တစ်စီး ရလိုက်သလိုကို ကွာခြားသွားစေပါတယ်။ အဆိုပါ ပိုင်ရှင်ကပဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တုန်းက အခုလို Headlights ဒီဇိုင်းအတူတူနဲ့ Revamped Version ကားသစ် တစ်စီးကို ချပြခဲ့သေးတာ ဖြစ်ပါတယ်။ အခုကားမှာလည်း LED Daytime Running Lights တွေနဲ့ ကိုယ်ထည်တစ်ခု လုံးရဲ့ ဒီဇိုင်းအကုန်လုံးက အစ တကယ်ကို ထူးခြားနေတဲ့ အသွင်ပဲဖြစ်လို့နေပြီ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version