MyCars Myanmar

ပရိသတ်တွေပါ အကြံပေး ပြင်ဆင်ပေးလာနိုင်မယ့် RAM 1500 Pickup လျှပ်စစ်ကား !

"Ram Truck creates Ram Revolution to invite consumers on its journey to revolutionize the pickup truck market, as it prepares to launch the Ram 1500 Battery Electric Vehicle (BEV) in 2024.”

လက်ရှိ လျှပ်စစ်စွမ်းအင်သုံး Pickup ကားအသစ်တွေကို ပရိသတ်တွေ ဝယ်လိုအား တကယ်မြင့်တက်နေတယ် ဆိုတာကိုတော့  Ford နဲ့ Rivian တို့ ရဲ့ ရောင်းအားတွေက သက်သေပြထားနိုင်ပါတယ်။ အဆိုပါ ကုမ္ပဏီ တွေရဲ့ F-150 Lightning နဲ့ R1 T Models တွေဟာ ဆိုရ င်တော့ ကြိုတင်မှာယူ‌မှုပေါင်းမှာတင် ထောင်နဲ့ချီနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Pickup ကားလောကထဲမှာ ဆရာကြီးတစ်ဆူ ဖြစ်တဲ့ Ram တို့ကတော့ လျှပ်စစ်စွမ်းအင်သုံး Pickup ကားလောက ဘက်ကိုတော့ သိပ်အရဲမစွန့်ရဲသေးတဲ့ပုံ ဖြစ်နေပေမယ့်လည်း အခုတော့ လာမယ့် ၂၀၂၄ ထဲမှာ ထွက်ပေါ်လာတော့မယ်လို့ အတည်ပြုပေးလိုက်ပါပြီ။ အဆိုပါ ကားကတော့ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ Ram 1500 ရဲ့ ပုံစံအတိုင်း Full-Size Model ဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် ကားသစ်ရဲ့ Platform ကိုတော့ Stellantis ကုမ္ပဏီရဲ့ Modular Electric Platform ပေါ်မှာ အခြေခံ တည်ဆောက်ဖန်တီး သွားမှာပါ။

 

အဆိုပါ ကားသစ်ရဲ့ Frame ကိုတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင် လကတည်းက STLA Frame ဆိုတဲ့ နာမည်နဲ့ စတင်ချပြ ခဲ့တာ ဖြစ်ပြီး Pickup Truck လိုမျိုးကားတွေအပြင် ၊ SUV အကြီးစားတွေနဲ့ တစ်ချို့သော Commercial Van တွေလို ကားအကြီးစားတွေအတွက် အဆင်ပြေ အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ချို့ ကားတွေမှာ ဆိုရင် မိုင် ၅၀၀ လောက်အထိ Range ပမာဏကို ပေးစွမ်းနိုင်မယ့်အထိ အဆင့် မြင့်ပါတယ်။ နောက်တစ်ခု ထူးခြားတာကတော့ အခုကားအသစ်အတွက် RAM က ထူးထူးခြားခြားပဲ Ram Revolution ဆိုတဲ့ အစီအစဉ် တစ်ရပ်ကို ကြေညာ လိုက်ပါတယ်။ အဓိက ကတော့ အဆိုပါ ကားသစ်နဲ့ ပတ်သက်ပြီး Customers တွေ ကိုယ်တိုင်ကိုက လိုက်ပါ ဖန်တီး ကာ အကြံဉာဏ်တွေပေးနိုင်အောင် ဖြစ်ပါတယ်။ RAM ရဲ့ CEO ဖြစ်သူ Mike Koval Jr ကတော့အခု Ram Revolution ဆိုတဲ့ အစီအစဉ် ကနေတစ်ဆင့် Customers တွေနဲ့ အနီးကပ်ဆုံးဆက်ဆံရေးကိုလည်း တည်ဆောက်နိုင်မယ့်အပြင် ပိုကောင်းတဲ့ Feedback တွေနဲ့ လိုအပ် ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ် ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: MotorAuthority

အဆိုပါ အစီအစဉ်ကတော့ အခုမှ စမှာ ဆိုပေမယ့်လည်း www.RamRevolution.com ဆိုတဲ့ တရားဝင် Website ကိုတော့ ဖန်တီးထား ပြီးဖြစ်ကာ အဆိုပါ Website မှာပဲ Electric 1500 ကားသစ်နဲ့ ပတ်သက်ပြီး အချက်အလက် အသစ်တွေ ၊ တိုးတက်မှုတွေကို မျှဝေပေးနေ မှာ ဖြစ်ကာ ပရိသတ်တွေက ဝင်ရောက်အကြံပေး နိုင်ပါလိမ့်မယ်။ ဒါ့အပြင် လာမယ့် လပိုင်းတွေထဲမှာ ဆိုရင်လည်း Customer တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင် နိုင်အောင် ကုမ္ပဏီကနေ ပွဲတွေစီစဉ်ပေးသွားဖို့ ရှိပါသေးတယ်။ အဆိုပါ အကြံဉာဏ်တွေကနေ တစ် ဆင့် ရရှိလာတဲ့ အချက်အလက်တွေကိုတော့ Electric 1500 ကားသစ် ရဲ့ Concept Design တွေမှာ ထည့်သွင်း ပြင်ဆင်ပေးသွားမှာ ပါ။ အဆိုပါ လျှပ်စစ်ကားအသစ်ကတော့ RAM ရဲ့ အနာဂါတ် လျှပ်စစ်ကား အစီအစဉ်တွေအတွက် ခြေလှမ်းသစ်တွေ ဖြစ်ပြီး လာမယ့် ၂၀၂၅ မှာ ကုမ္ပဏီရဲ့ ကားအတော်များများကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲတော့မှာ ဖြစ်ကာ လာမယ့် ၂၀၃၀ မှာ ဆိုရင်တော့ လျှပ်စစ်ကား သီးသန့်ကုမ္ပဏီ ဖြစ်လာတော့မှာပါ။

Ref: MotorAuthority

Exit mobile version