MyCars Myanmar

အခြားလျှပ်စစ်ကား ကုမ္ပဏီတွေကိုမျက်ခုံးလှုပ်စေခဲ့တဲ့ Polestar ရဲ့ ချပြလာမှု!

လျှပ်စစ် ကားကုမ္ပဏီသစ် Polestar ကတော့ သူတို့ ရဲ့ အရေးပါတဲ့ ခြေလှမ်းသစ်တွေကို ကာလာကွယ် နောက်ကွယ် မှာရော ရှေ့တင်မှာပါ ကြိုးစား နေတာကြောင့် နာမည်ကြီးတွေ ဖြစ်တဲ့ Tesla ၊ Volkswagen နဲ့ အခြားသော ကုမ္ပဏီ တွေကိုပါ ပုခုံးချင်း ယှဉ်လာနိုင်ခဲ့ပါတယ်။ Polestar 2 ကားက နေစလို့ နာမည်ရလာ ခဲ့တဲ့ ကားကတော့ Polestar 1 ကတည်းကကို Flagship ကား ကုမ္ပဏီအနေနဲ့ စဝင်လာခဲ့တာပါ။ အခု လ အစောပိုင်းမှာပဲ သူတို့ရဲ့ ပထမဆုံးသော SUV အသစ်ကိုပါ အနည်းငယ် ချပြလာခဲ့ပြီး အနာဂါတ် အတွက် တော့ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ကုမ္ပဏီကောင်း တစ်ရပ်ဖြစ် နေခဲ့ပါပြီ။ ဒါတင်မက သေးပဲ ဆွီဒင် အခြေစိုက် အဆိုပါ ကားကုမ္ပဏီကတော့ SPAC ဆိုတဲ့ ကုမ္ပဏီနဲ့ပါ ပူးပေါင်းပြီး အခုဆိုရင် တော့ အများပြည်သူကိုပါ ချပြလာခဲ့ပြီ ဖြစ်တာကြောင့် အခြား‌သော ကုမ္ပဏီတွေ အတွက်ပါ သေချာပေါက် မျက်ခုံးလှုပ်စရာ ဖြစ်လာခဲ့ပါပြီ။

Photo Credit: CARBUZZ

ကုမ္ပဏီ ၂ ခု ပူးပေါင်းတယ် ဆိုပေမယ့် Polestar ဆိုတဲ့ နာမည်ကိုပဲ ဆက်သုံးပြီး နယူးယောက် အခြေစိုက် Nasdaq မှာစပြီး ကုန်သွယ်ရေးတွေ စလုပ်တော့မှာပါ။ အခြားသော ကုမ္ပဏီတွေနဲ့ မတူတာကတော့ Polestar ဟာ ဈေးကွက်ရဲ့ ၂၅ % လောက်ကို ဝယ်ပြီးတော့ နေရာစယူလာတာဖြစ်သလို $ 890 သန်းအထိ ရှိနေတဲ့ ကုမ္ပဏီရဲ့ ဈေးကွက် တိုးတက် မှု က‌လည်း ပုံမှန်ထက်ပိုပြီး မြန်မြန်ဆန်ဆန် ရလာတာပါပဲ။ ကုမ္ပဏီ ရဲ့ ရောင်းအားကိုလည်း ပြီးခဲ့တဲ့ ၂၀၂၁ မှာ အစီး ရေ ၂၉,၀၀၀ ကနေ လာမယ့် ၂၀၂၅ အရောက် မှာ ၂၉၀,၀၀၀ အထိကို တိုးတက်အောင် လုပ်နိုင်မယ်လို့ ရည်မှန်းထားနိုင်ပါတယ်။ လက်ရှိမှာတော့ လမ်းမတွေ ထက်မှာ Polestar အနေနဲ့ ကားအစီးရေ ပေါင်း ၅၅,၀၀၀ လောက် အထိကို နေရာယူထားနိုင်ပြီး အခုနှစ် ကုန်ပိုင်းမှာ Polestar 3 SUV က ထွက်လာဦးမှာပါ။ အဆိုပါ ကားကတော့ လာမယ့် ၂၀၂၄ အထိ ထွက်လာ မယ်လို့ ရည်ရွယ်ထားတဲ့ လျှပ်စစ်ကားသစ် ၃ စီးထဲက ၁ စီး အပါအဝင် ပဲ ဖြစ်ပါတယ်။ အသေးဆုံး ဖြစ်လာ မယ့် Polestar 4 SUV-Coupe ကားသစ်ကတော့ ၂၀၂၃ မှာ ထွက်လာမှာ ထွက်လာ မှာ ဖြစ်ပြီး Polestar 5 Four-Door GT ကတော့ လာမယ့် ၂၀၂၄ အရောက်မှာ ရရှိလာပါလိမ့်မယ်။

Photo Credit: CARBUZZ

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Thomas Ingenlath  ကတော့ အခုလိုမျိုး Nasdaq လို နေရာမျိုးမှာ လုပ်ငန်းတွေ တိုးချဲ့လို့ ရတဲ့ အတွက် အတော်ကို ဂုဏ်ယူမိတယ်လို့ ဆိုထားပြီး ဈေးကွက်မှာ ကောင်းကောင်း ဦးဆောင် လာနိုင်ဖို့နဲ့ တန်ဖိုး ကောင်းကောင်း တက်လာနိုင်မယ့် ခြေလှမ်းတွေကို လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ် ဆိုပြီးပါ ပြောဆိုထားခဲ့ ပါတယ်။ Nasdaq ရဲ့ Listing စာရင်းတွေကလည်း Polestar အတွက် အတော်လေး စိတ်လှုပ်ရှားစရာ ဖြစ်လို့ နေပါတယ်။ Nasdaq ကတော့ လက်ရှိ ၂၀၂၂ ထဲမှာပဲ Polestar 2 ကား ရဲ့ Global Customer တွေ ပမာဏဟာ ၃၂,၀၀၀ အထိ ရောက်နေခဲ့ပြီး ၊ မနှစ်ကထက်စာရင် ၂၉၀% အထိကို တိုးတက်လာခဲ့တာ ဖြစ်တယ်လို့ အံ့မခန်းဖော်ပြထား ပါတယ်။ လက်ရှိ မှာတော့ အသစ်ထွက်လာမယ့် SUV ဆိုတာကလည်း မြင်ရသလောက်ကို အတော်လေး ဆွဲဆောင်မှုရှိနေတာကြောင့် အခု ပမာဏတွေကိုတောင် အသာလေး ကျော်တက်သွားနိုင်ဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version