MyCars Myanmar

မီးလောင်နိုင်ချေရှိလို့ အစီးရေ ၈ သိန်းလောက် အထိ ပြန်လည်သိမ်းဆည်းရတော့မယ့် Nissan Rogue !

တကယ်လို့ သင့်မှာအခု ၂၀၁၄ ကနေ ၂၀၁၆ အတွင်း ထုတ်လုပ်ထားတဲ့ Nissan Rogue ကားရှိတယ် ဆိုရင်တော့ ကံဆိုးသွားပြီလို့ပဲ ဆိုရမှာဖြစ်ပြီး ပြန်လည်သိမ်းဆည်းခံရမယ့်အထဲ ပါသွားတော့မှာပါ။ အဓိက ကတော့ ကားရဲ့ ဝိုင်ယာ စနစ်ထဲမှာ ဆားဓာတ်နဲ့ ရေဓာတ်ရောပြီး ပါဝင်နေတာကနေ ပြဿနာဖြစ်နိုင်တာ ကြောင့်လို့ သိရပါတယ်။ အဆိုပါ ကားကတော့ သူ့ရဲ့ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ မြောက်အမေရိက ဈေးကွက်ကို ပိုမို ထိခိုက်စေမှာ တွေ့ရပြီး အဆိုပါ ဈေးကွက်ထဲကနေပဲ အစီးရေ စုစုပေါင်း ၇၉၃,၀၀၀ ကျော် အထိကို သိမ်းဆည်းရတော့မှာ ဖြစ်ပါတယ်။ NHTSA ရဲ့ စုံစမ်း စစ်ဆေးမှုတွေအရတော့ အဆိုပါ ၃နှစ်တာ ကာလအတွင်း ထုတ်လုပ်ခဲ့တဲ့ Rogues ကားတွေမှာ ဆိုရင် ယာဉ်မောင်းရဲ့ ခြေနင်းအောက်က ဝိုင်ယာ ချိတ် ဆက်မှု စနစ်မှာ အမှားအယွင်း တစ်ချို့ရှိနေတယ် လို့ သိရပါတယ်။ အခု စနစ်သာ ချို့ယွင်းမယ်ဆိုရင် မီး လောင်မှု ဖြစ်နိုင်ရုံသာမက ကားရဲ့ Power Window တံခါး စနစ် တွေပါ အလုပ် မလုပ်ဖြစ်သွားတတ်ပြီး ထိုင်ခုံတွေလည်း ရွှေ့မရတော့တာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အထူး သဖြင့် All-Wheel Drive စနစ် နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ဆက်တိုက်ပေါ်ထွက်လာနေမှာ ဖြစ်ပြီး ဘက်ထရီ ပျက်စီးမှုတွေလည်း ရှိလာမယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

လက်ရှိမှာတော့ အဆိုပါစနစ်ရဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားနေပြီဖြစ်ပြီး အခုနှစ် မေလ လောက် ကစလို့လည်း ပိုင်ရှင်တွေဆီကို သတိပေး အကြောင်းကြား စာတွေပေးပို့တော့မှာပါ။ နောက်ပိုင်းမှာလည်း သတိ ပေးစာတွေ ဆက်တိုက် ပို့ပေးဦးမှာဖြစ်ပြီး ဆောင်ရန်ရှောင်ရန် တွေလည်း ပါလာလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာတော့ အဆိုပါ နှစ်ကာလ အပိုင်းအခြားထဲက Nissan Rogue ကားတွေမှာပဲ သီးသန့် ကြုံရတာလဲ ဆိုတဲ့ မေးခွန်းက မေးချင် စရာ ဖြစ်လာပြန်ပါတယ်။ အခု ပြဿနာ မှာကတော့ Troublesome Harness Tape ဆိုတဲ့ တိပ်ပြားက MY 2016 နောက်ပိုင်းက ကားတွေမှာ ဖယ်ထုတ်ထားလို့ပဲဖြစ်ကာ ဒီနှစ်ထဲက ကား တွေမှာပဲ ကြုံရတယ် ဆိုတာကို ပိုသေချာ သွားစေခဲ့ ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီဘက်ကကို သေချာ ပြင်ဆင်မှုတွေ လုပ်ပေးဖို့အတွက် စုံစမ်းစစ်ဆေး မှုတွေ လုပ်နေခဲ့ပြီး ဖြစ်‌ပြီး အခုလာမယ့် နွေဦးလောက်က စတင်ဖြေရှင်း ပေးတော့မှာပါ။ အခု ကားတွေကတော့ သေချာ ပေါက် အာမခံ သက်တမ်းမကျန်တော့မှာ ဖြစ်တာကြောင့် အခု ပြင်ဆင်မှုကြောင့် ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို တွက်ချက်ပြီး ကုမ္ပဏီဘက်က ပြန်ထုတ်ပေးမှာလည်း ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ကားတွေကတော့ အမေရိကန် Tennessee ပြည်နယ်ထဲက Nissan ရဲ့ Smyrna စက်ရုံမှာ တည် ဆောက် ထုတ်လုပ်ခဲ့တဲ့ ဒုတိယမြောက် မျိုးဆက် Rogues တွေကားတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ကားတွေ နေရာမှာတော့ လွန်ခဲ့တဲ့၂ နှစ် လောက် တုန်းကပဲ T 33 မျိုးဆက် ကားတွေနဲ့ အစားထိုးခဲ့ပြီဖြစ်ပြီး အဆိုပါ SUV မျိုးဆက် ၂ ခုလုံး ကတော့ Renault-Nissan ပူးပေါင်းထုတ်လုပ် ထားတဲ့ CMF-CD platform ကို အခြေခံ ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ အမေရိက ဈေးကွက် ထဲပိုအောင်မြင်ခဲ့ပြီး၊ ထွက်လာ ခဲ့ပြီး ၂ နှစ် အကြာမှာတင် အဆိုပါ ကား Segment အထဲ ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ လက်ရှိ အချိန်ထိလည်း Rogue ကတော့ Nissan ရဲ့ ရောင်းအား အကောင်းဆုံး ကားတွေထဲက တစ်မျိုး အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး ၂၀၂၁ မှာ အစီးရေ ၂၈၅,၆၀၂ စီး အထိ ရောင်းခဲ့ ရသေးတာ ကြောင့် ၂၀၂၀ တုန်းကထက် ကို ၂၅.၃ ရာခိုင်နှုန်း လောက်အထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version