MyCars Myanmar

လာမယ့်နှစ်ကစလို့ ဥရောပမှာ လျှပ်စစ်ကားတွေချည်း မိတ်ဆက်ပေးမယ့် Nissan !

ဥရောပ ရဲ့ Euro 7 ဆိုတဲ့ ကာ‌ဗွန်ထုတ်လုပ်မှု ဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းအသစ်တွေကို လိုက်နာပြီး သာမန် အင်ဂျင်သုံး ကားတွေကို လုံးဝ မမိတ်ဆက်တော့ဖို့ စီစဉ်နေတဲ့ ကားကုမ္ပဏီ အနည်းအကျဉ်းထဲမှာ ဂျပန်ကုမ္ပဏီ Nissan တို့လည်း ပါဝင်လာပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ အခုလို ဆုံးဖြတ်ချက်ရဲ့ ရလဒ် အနေနဲ့ လာမယ့်နှစ် ၂၀၂၃ က စလို့ ဥရောပ ဈေးကွက်ထဲမှာ လျှပ်စစ်ကားကလွဲရင် အခြားသော သာမန် အင်ဂျင်သုံး ကားတွေကို လုံးဝ ရောင်းချတော့မှာ မဟုတ်ပါဘူး။ တစ်ချိန် တည်းမှာပဲ သူတို့ရဲ့ ပင်မဂျပန်ဈေး ကွက်ထဲမှာတော့ အခုနှစ်နွေရာသီကစလို့ လျှပ်စစ်ကားအမျိုးအစားသစ် ၆ မျိုးနဲ့အတူလျှပ်စစ် ကားဈေး ကွက် ကို ကောင်းကောင်း ချဲ့ထွင်ဖို့ စီစဉ်နေပါပြီ။ Nissan ကတော့ ဥရောပ ဒေသက လျှပ်စစ်ကား ရောင်း အားတွေကို လာမယ့် ၂၀၂၆ ခုနှစ် ကစပြီး ၇၅ ရာခိုင်နှု  ရရှိအောင် ရည်မှန်းနေပါတယ်။ လာမယ့် ဆယ်စုနှစ် အကုန်မှာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်က လျှပ်စစ်ကားတွေ ချည်း ဖြစ်လာအောင် ကြံစည်ထားတာပါ။ ဒါ့အပြင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာကတော့ ကုမ္ပဏီက ချပြထားတဲ့ လျှပ်စစ် ကားအမျိုးအစား အသစ် ၆ မျိုးထဲမှာ ၆ မျိုး စလုံးက မတူညီတဲ့ လျှပ်စစ် စွမ်းအင် နည်းပညာတွေကိုချည်းပဲ အသုံး ပြုထားကြ တာပါပဲ။

Photo Credit: motor 1.com

Nissan ဥရောပရဲ့ ဥက္ကဌဖြစ်သူ Guillaume Cartier ကတော့ ကမ္ဘာ့ ဈေးကွက်နဲ့ လိုက်လျော ညီထွေဖြစ် အောင် ပူးပေါင်းလုပ်ဆောင် နေတာကြောင့် အခုတစ်ခါမှာလည်း ဥရောပရဲ့ Nissan အတွက်ကို အမှတ်တရ ရှိစေမယ့် သမိုင်းဝင် ဖြစ်ရပ် ဖြစ်လာစေမှာပါလို့ ဆိုထားပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ထပ်မရှိလာ စေဖို့ အတွက် ရည်ရွယ်ပြီး Customers တွေနဲ့လည်း အဆင်ပြေစေမယ့် လျှပ်စစ်ကားတွေကိုပဲ နောက်ပိုင်း ရောင်းချ ပေးသွားနိုင် တော့မှာ ဖြစ်တယ် လို့ Guillaume က ထပ်မံ အသိပေးထားပါတယ်။ ဥရောပ ‌ဈေး ကွက်ထဲက လက်ရှိ Nissan Model တွေကို ကြည့်မယ် ဆိုရင်တော့ Crossover တွေ ပိုများပြီး လျှပ်စစ် သီးသန့် Leaf ၊ Micra နဲ့ Townstar ၊ Primastar Light Commercial ကားတွေ ဆိုပြီး ရှိထားပါတယ်။ နောက်ပိုင်း အသစ် မိတ်ဆက်ထားတဲ့ Hybrid Version ကားသစ် တွေထဲမှာ ဆိုရင်တော့ Juke နဲ့ Qashqai တို့ ရှိနေပြီး Leaf မော်ဒယ်ဆိုရင်လည်း အခု လာမယ့် နှစ်သစ်အတွက် ပြန်လည် ဆန်းသစ်ပြီး အသစ်ထွက်လာ ဦးမှာပါ။ GT-R Supercar ကတော့ အခု ဥရောပဈေးကွက် ထဲမှာ ဆက်လက် မမြင်ရ တော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

တစ်ချိန်တည်းမှာပဲ Nissan က ကားတွေအပြင် ကားထုတ်လုပ်ရေးလုပ်ငန်းပိုင်းတွေမှာပါ ပြန်လည် ပြည့် ဖြိုးမြဲ စွမ်းအင် တွေကို အသုံးချသွားဖို့ စီစဉ်နေပါပြီ။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ လာမယ့် ၂၀၅၀ အရောက် မှာ လုံးဝ ကာဗွန်ကင်းစင်တဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်ရေး ဖြစ်ပြီး အခု လာမယ့် ဆယ် စုနှစ်အကုန် ၂၀၃၀ မှာ တင်ပဲ လျှပ်စစ် သီးသန့် ကားတွေရဲ့ ရောင်းအားက စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရောက်လာအောင် ရည်မှန်းထား ပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version