MyCars Myanmar

ကမ္ဘာတစ်ဝန်း မိုင်ပေါင်း ၁၇,၀၀၀ အထိ ခရီးနှင်မယ့် Nissan Ariya!

Nissan ရဲ့ Ariya လျှပ်စစ်ကားသစ် ကတော့ မထင်ထားလောက်တဲ့ စံချိန်တွေနဲ့ Mission တစ်ခုကို လုပ်ပြလာဖို့ ပြင်ဆင်နေပါပြီ။ အခုဆိုရင်တော့ အဆင့် မြှင့်တင်ထားတဲ့ Nissan Ariya အသစ်ကိုပါ ကုမ္ပဏီ ဘက်က ချပြလာခဲ့တာဖြစ်ပြီး အဆိုပါ အထူးထုတ် ကားကတော့ အခုနှစ် နှောင်းပိုင်းလောက်မှာတင် ထူးခြားတဲ့ Mission တစ်ခု အဖြစ် ကမ္ဘာမြောက်ခြမ်းကနေ တောင်ဘက်ခြမ်း ဝင်ရိုးစွန်း အထိကို ခရီးနှင်ပြမယ်လို့ သိရပါတယ်။ အခု အထူးထုတ် Ariya မှာ အသိသာ ၊ အထင်ရှားဆုံး ဖြစ်နေတဲ့ အပိုင်းတွေကတော့ Suspension ပိုင်းတွေ နဲ့ တာယာတွေပါပဲ။ Nissan ကတော့ အဆိုပါ ကားသစ်ရဲ့ Suspension ပိုင်းကိုလည်း ပုံမှန်ထက် မြှင့်တင်ပေးထားပြီး တော်တော်လေး အကြမ်းခံတဲ့ ၃၉ လက်မ အရွယ် BF Goodrich တာယာ တွေကိုပါ သုံးကာ Fenders တွေ ကိုလည်း နဂိုထက် ပိုရှည် အောင် ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Nissan ကတော့ အခုကားရဲ့ အမိုးပေါ်မှာတင် ဖယ်လို့ရတဲ့ ဒရုန်း တစ်ခုစာပစ္စည်း တင်စရာနေရာလေး ထည့်ပေးထားပါသေးတယ်။ ဒ့ါအပြင် အတွင်းခန်းမှာ လည်း အပို လက်ဆောင်အဖြစ် ‌Espresso ကော်ဖီ ဖျော်စက်လေးတောင် ပါလာသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် နဂိုပါထားပြီးသား ဘက်ထရီနဲ့ လျှပ်စစ် မော်တာတွေကိုတော့ ဘာမှ မပြောင်းလဲ ပေးထားပဲ ရှိနေတာပါ။ Ariya မှာ ထူးခြားတာတစ်ခုကတော့ e-4ORCE All-Wheel Drive နည်းပညာသစ် ပါဝင် တာဖြစ်ပြီး လျှပ်စစ်မော်တာ နှစ်လုံးတပ် အနေနဲ့လည်း ထည့်ပေးလာပါတယ်။

Photo Credit: AllAutoExperts

အခု ကားသစ်ရဲ့ စွမ်းဆောင်ရည်ပိုင်း ကတော့ 389 hp နဲ့ 443 lb-ft Torque အထိကို ရှိထားတာဖြစ်ပြီး Nissan အနေနဲ့ အခု အထူးထုတ်ကားကို Arctic Trucks အဖွဲ့နဲ့ ပူးပေါင်းဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ကတော့ အာတိတ်ဒေသသွားတဲ့ ယာဉ်တွေကိုဖန်တီးရာမှာ အတော်လေးကို ကျွမ်းကျင် ပြီးသား ဖြစ်တာကြောင့် လမ်းခရီး အတွက် အတော်လေး အဆင်ပြေစေမှာ သေချာပါတယ်။ Nissan Ariya အနေနဲ့ အခု လောက်အထိ ခရီးဝေးကြီး ဆီ ကောင်းကောင်းခရီးနှင်နိုင်ဖို့ အတွက် စထွက်ကတည်းက လမ်းတစ်လျှောက်ကို Energy Unit အပိုတစ်ခု အားသွင်းနိုင် ဖို့ အတွက် တောက်လျှောက် ယူဆောင်သွားဦးမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version