MyCars Myanmar

အသစ် မြင်ရတော့မယ့် Nissan Altima ကား!

ဂျပန် နာမည်ကြီး ကားကုမ္ပဏီကြီး Nissan အဖို့ကတော့ ယခင့်ယခင် ကားတွေကိုပဲ ထုတ်လုပ်ပေးနေလို့ တစ်ခုခုများ ဆန်းသစ်ဖို့ လုံးဝမရှိတော့တာလား ဆိုရင်တော့ မဟုတ်ပါဘူးလို့ပဲ ဖြေရမှာပါ။ လျှပ်စစ် စွမ်းအင် သုံး နာမည်ကြီး Leaf ကားလေးကိုလည်း Ariya ဒီဇိုင်းနဲ့ ပြန်လည်ဆန်းသစ် ဖန်တီးပေးထားသလို ယခင် GT-R ကားကိုလည်း စွမ်းဆောင်ရည် အသားပေး ပြိုင်ကားတစ်စီး အနေနဲ့ပဲမဟုတ်ပဲ လမ်းမထက်မှာ သုံးလို့ ကောင်းမယ့် ကားတစ်စီး အနေနဲ့လည်း မြင်ရမှာ ဖြစ်ကာ တစ်ချိန်တည်းမှာပဲ အကြာကြီးစောင့်ခဲ့ရတဲ့ Nissan Z Car ကလည်း Supra လို ကားမျိုးကို ကောင်းကောင်း ခြိမ်းခြောက်ထားနိုင်ပါတယ်။ ဒါဆိုရင် ကျန်တဲ့ ကားတွေထဲမှာရော ဘာတွေ ပြောင်းလဲ သေးလဲလို့ မေးမယ်ဆိုရင်တော့ Mid-Size Altima ကား ကို ပြရမှာဖြစ်ပြီး ယခင်ကထက် ပိုကောင်းလာတဲ့ အဆင့်မြှင့်တင်မှုတွေနဲ့ အတူ ထွက်လာဖို့ ရှိနေတာ ဖြစ်ပါ တယ်။ အခု ဆိုရင်တော့ တရုတ် ဈေးကွက်ထဲက Altima ကားသစ်ရဲ့ ပုံရိပ်သစ် တစ်ချို့ကိုလည်း စတင် မြင် တွေ့လာရပါပြီ။

Photo Credit: CARBUZZ

ကားကို မြင်လိုက်ရင်တော့ သာမန် Sedan ပါပဲလို့ ထင်မိနိုင်ပေမယ့် သေချာကြည့်ရင် အပြောင်းအလဲ များ စွာ ပါလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ အရှေ့ဘက်က Headlamps တွေ ကတော့ ယခင်အတိုင်း ဖြစ်ပြီး Lighting Cluster တွေကိုတော့ ဒီဇိုင်းပြောင်းလဲ ပေးထားလိုက်တာကြောင့် ပိုပြီး သန့်ရှင်း သပ်ရပ်တဲ့ အမြင်သစ်တစ်ခုကို ပေးစွမ်းလာနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက် က ဘန်ဘာ ဒီဇိုင်း ကလည်း ပြောင်းလဲလာခဲ့ပြီး ပိုပြီး တိကျတဲ့ အရှေ့ဘက် Air Vents တွေကလည်း လက်ရှိ ကားမော်ဒယ်ရဲ့ Fog Lights တွေ နေရာမှာ အစားထိုးလာခဲ့တာပါ။ ကားက ဘေးဘက်ကနေ ကြည့်မယ် ဆိုရင်တော့ ယခင်ကနဲ့ ဘာမှ မထူးခြားသွားသေးပဲ  Lines တွေ ပိုသန့် သွားတာ ကြောင့် ကားကတော့ ပိုပြီး ကြည့်လို့ ကောင်းသွား ခဲ့ပါတယ်။ ဒါပေမယ့် ကြီးကြီးမားမား အပြောင်းအလဲတွေ ကတော့ ကားရဲ့ အနောက်ဘက်မှာ ‌မြင်ရမှာဖြစ် ပြီး ယခင်တုန်းက ခေတ်နောက်ကျတဲ့ဒီဇိုင်း နဲ့ မီးလုံးတွေ နေရာမှာ ပိုပြီးလည်း ခေတ်မှီ ‌ဆွဲဆောင်မှုရှိတဲ့ LED မီးတွေနဲ့ အစားထိုးပေးလိုက်တာ ဖြစ်ပါတယ်။ ကား ရဲ့ အနောက်ဘက် Lighting အသစ် တွေကို သေချာကြည့်မယ်ဆိုရင် Refreshed BMW X3 ရဲ့ အနောက်ဘက် မီးခွက် ဒီဇိုင်းတွေနဲ့တောင် ခပ်ဆင်ဆင် သွားတူနေတာ တွေ့ရမှာပါ။

Photo Credit: CARBUZZ

လောလောဆယ် မြင်ရသလောက်ကတော့ ကားရဲ့ အတွင်းခန်းက အပြောင်းအလဲ မရှိသေးပေမယ့် အသေး စိတ် မြင်တတ်တဲ့ သူတွေအဖို့ ကတော့ Infotainment Screen အပိုင်း ပိုတိုးတက်လာမယ်လို့ ခန့်မှန်းထား ကြပါတယ်။ Spy Shots တွေမှာမြင်ရသလောက်ကတော့ နည်းနည်းပိုကြီးတဲ့ Touchscreen ဖြစ်ပြီးလက်ရှိ ကားမှာ ပါထားတဲ့ Knobs တွေနဲ့ ခလုတ်တွေကတော့ မမြင်လာ ရတော့တာ ဖြစ်ပါတယ်။ ကိုယ့်အကြိုက် ပေါ်မူတည်ပြီး ဒီလို Touch သီးသန့် ဖြစ်သွားနိုင်တာက ကောင်းမကောင်း မသိနိုင်ပေမယ့် Minimalism Design နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်သွားတာတော့ ပိုကောင်းပါတယ်။ အနည်းငယ် အပြောင်းအလဲ ရှိသေးတာ ကတော့ အရှေ့ဘက် ခွက်ထည့်တဲ့ နေရာက လေးထောင့် ကျကျနဲ့ ပိုလှလာတာ ဖြစ်ပြီး ကျန်တာတွေတော့ အတည်မပြုနိုင် သေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် Altima ဆိုတာက တကယ်ကောင်းတဲ့ အတွင်းခန်း တည် ဆောက်ပုံတွေကို ဖန်တီးယူထားနိုင်တဲ့ကားတစ်စီးမို့လို့ အခုကားမှာလည်း သေချာပေါက် ကောင်းမွန်လာနိုင် ပါသေးတယ်။ တစ်ခု ဝမ်းသာစရာ ကောင်းတာကတော့ အခြားသော ကားကုမ္ပဏီ အများစုက ဈေးကွက် ဝယ်လိုအားနည်းလာလို့ Sedan ကား အမျိုးအစားတွေကို ဖယ်ထုတ်လာ ကြချိန်မှာ Nissan အခုလိုမျိုး Sedan တွေကို အဆင်မြှင့်ပေးနေတာပဲ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ကားသစ်က အမေရိက ဈေးကွက် အထိတင်ပို့ ဖို့ ရည်ရွယ် ထားတယ် ဆိုရင်တော့ထွက်ပေါ်လာမယ့် ရက်အတိအကျကို အခုနှစ် မကုန်ခင်မှာပဲ စတင် သိရလောက်ပါတယ်။

Ref: carbuzz.com

Exit mobile version