MyCars Myanmar

မကြာခင် ချပြလာတော့မယ့် Nismo Hybrid Sports ကားသစ်!

လွန်ခဲ့တဲ့ ၂၀၀၁ တိုကျို ကားပြပွဲကြီးမှာ Concept အနေနဲ့ စမြင်ခဲ့ရတဲ့ နာမည်ကျော် GT-R ကားတွေအဖို့ တော့ အခုနှစ်ဆိုရင် ၂၁ နှစ်အထိ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Nissan ရဲ့ Performance Division တစ်ခုဖြစ်တဲ့ Nismo ကနေ အခုဆိုရင် အလားတူ အထိမ်းအမှတ်အတွက် ထူးထူးဆန်းဆန်း ကားသစ်တစ်စီးကို ဖန်တီး ထုတ်လုပ်ပေးနေတယ်လို့ စိတ်လှုပ်ရှားဖွယ် သိရှိလာရပါတယ်။

Photo Credit: AllAutoExperts

Nismo ရဲ့ CEO ဖြစ်သူ Takao Katagiri ကတော့ အခုအချိန်မှာ တကယ်ကို စွမ်းဆောင်ရည်ကောင်း ၊ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကားတစ်စီးကို ပြင်ဆင်နေတယ် ဆိုတာကို အတည်ပြုပေးခဲ့ပြီး ဂျပန်ဈေးကွက် ပြင်ပ အတွက်ပဲ ရောင်းပေးမယ့် ကားသစ်ဆိုတာကိုလည်း အတည်ပြုပေး ခဲ့ပါသေးတယ်။ အဓိက‌အားဖြင့် တော့ အဆိုပါ ကားသစ်ကို အမေရိက ၊ ဥရောပ နဲ့ ယူကေ ဈေးကွက် တွေထဲမှာပဲ ဖြစ်လာမှာပါ။ AutoCar သတင်းနဲ့ အင်တာဗျူးထဲမှာတော့ အခုကား အတွက်တင်မကပဲ Nissan ရဲ့ နောက်လာမယ့် ရေရှည် အနာဂတ် မှာလည်း ဥရောပဈေးကွက်က အရေးပါနေတာ တွေ့ရပါတယ်။ အထူးသဖြင့် ယူကေ ဈေးကွက်ထဲမှာ သူတို့ရဲ့ ကားသစ်ကို ပိုပြီးအားစိုက်လာ နိုင်ပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် နောက်ထပ် အတည်ပြုနိုင်တဲ့ AutoCar ရဲ့ သတင်းအရ ဆိုရင်တော့ ထွက်ပေါ်လာမယ့် ကားသစ်ဟာ လက်ရှိ GT-R တွေ နေရာမှာ သွယ်ဝိုက်ပြီး အစားဝင်လာတာမျိုး ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Nismo ရဲ့ Performance ကားသစ်ပိုင်းဟာ သာမန်လို လျှပ်စစ်သီးသန့်တင် မဟုတ်ပဲ အင်ဂျင်နဲ့ တွဲဖက်ထားဦးမယ့် Hybrid စနစ်လည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါသေးတယ်။ ကုမ္ပဏီ ဘက်ကတော့ အခုလို မျိုး စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကား တစ်စီးကိုဖန်တီးဖို့ဆိုရင် Solid State ဘက်ထရီတွေ သုံးဖို့ လိုအပ်တယ်လို့ ဆိုထားဖူးပြီး လက်ရှိမှာ အဆိုပါ ဘက်ထရီတွေကို သေချာမရနိုင် သေးတာကြောင့် Hybrid အနေနဲ့ပဲ ပိုပြီး မြင်ရနိုင်ပါတယ်။

Ref: AllAutoExperts

Exit mobile version