MyCars Myanmar

လျှပ်စစ် ကုန်တင်ကား အလန်းစားကြီးကို ချပြလာတဲ့ Nikola EV Brand !

Nikola Motors ဆိုတဲ့ ကား ထုတ်လုပ်ရေးလုပ်ငန်းသစ် ကတော့ ၂၀၁၄ မှာ စတင် တည်ထောင်လာခဲ့ပြီး အခုဆိုရင် သူတို့ရဲ့ ပထမဆုံးသော ထုတ်ကုန်ကို ချပြခဲ့ပါပြီ။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို Badger လို့ အမည် ရမယ့် Pickup Truck ဖြစ်လိမ့်မယ်လို့ တရားဝင်ပြောထားပြီး ဖြစ်ကာ အဆိုပါ ကုမ္ပဏီ ထံမှာ နာမည်ကြီး GM ကား ကုမ္ပဏီ ကိုယ်တိုင် ကလည်း ဒေါ်လာ ၂ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံထားခဲ့တာ ပါ။ ကုမ္ပဏီရဲ့ CEO အပြောင်းအလဲအပြင် $ 125 သန်းလောက် ပြန်လျော်နေရတာကြောင့် ကုမ္ပဏီ ကတော့ ကောင်းကောင်း နာလန်ထူနိုင်မှာ မဟုတ် သေးဘူးလို့ အများကလည်း တွက်ဆခဲ့ ကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ နောက်ကွက်မှာ လျှပ်စစ် Truck ကားတစ်စီးကို ကြိုးစားဖန်တီး နေခဲ့ကြတာပါ။ အဆိုပါ ကား ကတော့ Ford ရဲ့ F-150 Lightning ဒါမှမဟုတ် Tesla Cybertruck တို့လို ကားမျိုး မဟုတ်ပေမယ့်လည်း Semi-Truck Trailer လို ပုံစံ အမျိုးအစား ဖြစ်ပါတယ်။

 

တကယ်တော့ ဒါက Nikola ရဲ့ အလုံးစုံ လက်ရာ ကားအသစ် မဟုတ်သေးပဲ ကားရဲ့ ကြမ်းခင်း Chassis တွေကတော့ Iveco က ထုတ်လုပ်ထားတာပါ။ အမေရိကန် နိုင်ငံ ၊ အရီဇိုးနား ပြည်နယ်ထဲမှာ ရှိတဲ့ Nikola ရဲ့ စက်ရုံကြီး ဆီက နေအဆိုပါ Chassis ပေါ်မှာ လျှပ်စစ်စွမ်းအင်သုံး စနစ် ထပ်ထည့်လိုက်ရုံပါပဲ။ ဒါကြောင့် အခု နောက်ဆုံးရလဒ် ကတော့ Tre လို့ခေါ်တဲ့ လျှပ်စစ် စွမ်းအင်သုံး စနစ်တစ်ခု ရလာတာပါပဲ။ အဆိုပါ စနစ် မှာတော့ အနောက်ဘက် ဝင်ရိုးမှာ လျှပ်စစ်မော်တာ တစ်လုံးတပ်ထားပြီး 645 hp အထိကို စွမ်းဆောင်နိုင် ပါတယ်။ အမြင့်ဆုံး မြန်နှုန်းကိုတော့ တစ်နာရီ ၇၅ မိုင် ရှိမယ်လို့ Nikola က ဆိုထားပြီး အချိန်တစ်ဝက် လောက်မှာပဲ တစ်နာရီကို ၆၂ မိုင် နှုန်း အရှိန်ကို ရောက်အောင် မောင်းနိုင်မယ်လို့လည်း ဆိုထားတာကြောင့် သာမန် Semi-Truck တွေတိုင်းရဲ့ လုပ်အားနှုန်း လောက် အတူတူပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အကောင်းဆုံးကတော့ ဒီကားရဲ့ ဘက်ထရီ ဖြစ်ပြီး 753 kWh အထိရှိနေတာပါ။ Ford Mustang Mach-E GT မှာတောင် မှ 91 kWh Battery ကိုသာ သုံးထားတာဖြစ်ပြီး အဆိုပါ ကားကတော့ တစ်နာရီ မိုင် ၆၀ ကို ၃.၅ စက္ကန့် အတွင်း အရှိန်တင် မောင်းနိုင်ပါတယ်။ ဒါကြောင့် Mach-E ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ကားထက်တောင် အခု Nikola ကားရဲ့ ဘက်ထရီ က ၈ ဆ လောက် ပိုကြီးနေတော့တာပါ။ Nicola ရဲ့ အခု ကားကတော့ Tesla ရဲ့ Semi Truck အသစ် ပေါ်မှာ အဓိကယှဉ်ပြိုင်လာ နိုင်ပါတယ်။ လက်ရှိ ဖော်ပြထား ချက် အရတော့ ၁၀ % ကနေ ၈၀ % အထိ အားရဖို့ ကို ၂ နာရီအတွင်း သွင်းနိုင်မယ်လို့ သိရပြီး တစ်ခါ သွင်း ထားရင်လည်း ၃၅၀ မိုင် လောက် အထိ အေးဆေးမောင်းနိုင်မှာပါ။ အဆိုပါကုန်တင် ကားကတော့ ကုန် ပမာဏ ၈၂,၀၁၂ ပေါင် အထိကို တင်ဆောင်နိုင်မှာဖြစ်ပြီး ၆% လောက် မတ်တဲ့ လမ်းကိုတောင် ကုန်အပြည့် နဲ့ တစ်နာရီ ၃၆ မိုင် အထိ မောင်းနှင် နိုင်ပါတယ်။ ဒါပေမယ့် ဒါကတော့ ယခင်ပြောထား ခဲ့ဖူးတဲ့ Badger ဆိုတဲ့ ကားကြီး ဆက်လက် ရှင်သန်နေတာမျိုး မဟုတ်ပဲ အဆိုပါ ကားကတော့ တစ်ခန်းရပ်ခဲ့ရပြီ ဖြစ်တာ ကြောင့် အခု ကားကိုသာ အနာဂါတ် အတွက် ဆက်လက် မျှော်လင့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version