MyCars Myanmar

နှစ် ၅၀ ပြည့်ပြီ ဖြစ်တဲ့ Mercedes-Benz S-Class !

ကမ္ဘာပေါ်က အကောင်းဆုံး ကားတွေထဲကတစ်မျိုး ဖြစ်တဲ့ Mercedes-Benz S-Class ကားတွေကတော့ မှတ်ကျောက် တင်စရာ ကောင်းပါတယ်။ တဖြည်းဖြည်းနဲ့ အဆင့်မြင့် Brand ကားတစ်စီး အဖြစ်ကို တက် လှမ်းလာခဲ့တဲ့ အဆိုပါ ဂျာမနီလက်ရာကားတွေကတော့ အခုဆိုရင်လည်း လုံခြုံရေးပိုင်းဆိုင်ရာ ကောင်းလွန်း တဲ့ ကားတွေအဖြစ်‌နဲ့ ပြောင်းလဲ လာခဲ့တာပါ။ သမိုင်းကြောင်းထဲက W 116 ကားကတော့ ၁၉၇၂ ခုနှစ် မှာ စတင်ထွက်ပေါ်လာခဲ့တဲ့ ပထမဆုံးသော S- Class ကားဖြစ်ပြီး အဆိုပါခေတ်က ဆိုရင် မထင်ထားခဲ့တဲ့ ခေတ်ရှေ့ပြေး နည်းပညာတွေ ပါဝင်ခဲ့တာပါ။ အခုခေတ် နဲ့ ပြန်ယှဉ်ကြည့်ရင်တော့ ခေတ်နောက်ကျ နိုင်ပေ မယ့် အဆိုပါကားမှာ Four-Wheel Anti-Lock ဘရိတ်တွေ ၊ Turn Signal Lenses တွေ၊ ဖုန်မှုန် ဒဏ်တွေ ခံနိုင်တဲ့ ဘေးမှန်တွေ ၊ မီးခွက်တွေကို ထည့်သွင်းပေးထားနိုင် ခဲ့တာ မို့ အံ့အားသင့်စရာပါပဲ။ ဒါ့အပြင် ကားရဲ့ အနောက်ဘက် ဝင်ရိုးအပေါ်နားမှာ တပ်ဆင်ပေးထားတဲ့ ဂတ်စ်နေရာ ကြောင့်လည်း ရုတ်တရတ် အနောက် ကို ဝင်တိုက်မိတာမျိုးတွေ ဖြစ်ရင်တောင်မှ ကာကွယ်ပေးပြီးသား ဖြစ်သွားနိုင် ပါတယ်။ အခု ဆိုရင်တော့ နှစ်ပေါင်း ၅၀ အထိ ပြည့်သွားခဲ့တဲ့ အဆိုပါ ကားဟာ တကယ့်ကို တန်ဖိုး ရှိလှတဲ့ ဇိမ်ခံကား ကောင်း တစ်စီး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ W 116 ကားတွေကိုတော့ ၁၉၇၂ နဲ့ ၁၉၈၀ အကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်ကာ Inline-Six Engine တွေနဲ့ V8 Engine တွေအထိ ရောက်လာခဲ့ပါပြီ။ ဒါ့အပြင် အမေရိက ဈေးကွက်ထဲမှာ ဆိုရင် ဒီဇယ်‌ အင်ဂျင်ကိုပါ ရရှိနိုင် သေးပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာက W 116 တွေက ကမ္ဘာပေါ်မှာ ပထမဆုံးသော တာဘို ဒီဇယ်ပါလာတဲ့ ကားတွေ ဖြစ်လာခဲ့ဖူးတာပါ။ အမြင့်ဆုံး စွမ်းဆောင်ရည်အနေနဲ့ဆိုရင် အဆိုပါ ခေတ် ကတည်းက 121 hp အထိ ရှိခဲ့ပါတယ်။ သမိုင်း ကြောင်းထဲက နောက်ထပ် ထူးခြားတဲ့ အဆိုပါ ကားတွေ ထဲက တစ်မ်ျုး ဆိုရင်လည်း 450 SEL 6.9. ရှိနေသေးပြီး အမေရိကန် ကားတွေကတော့ ဥရောပထက် စွမ်း ဆောင်ရည် နည်းနည်းပိုနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း 250 hp နဲ့ 360 lb-ft Torque အထိ စွမ်းဆောင် လိုက်နိုင်တဲ့ V8 Engine တွေကြောင့် တကယ် ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ ၁၉၇၀ အလယ် လောက်မှာ ဆိုရင်တော့ အခုခေတ်ပေါက်ဈေးနဲ့ဆိုရင် $ 185,000 လောက် တန်ခဲ့တဲ့တန်ဖိုးကြီး ကား တစ်စီး ဖြစ်ခဲ့ပါ တယ်။

Photo Credit: CARBUZZ

အခုလိုမျိုး ကြည့်လို့ ကလည်း ကောင်း ၊ မယုံနိုင်စရာ စွမ်းဆောင်ရည်ကိုလည်း ချပြနိုင်ခဲ့ပြီး အဆုံးစွန်ဆုံး သော ဇိမ်ခံ အရသာတွေကြောင့်လည်း အဆိုပါ ကားကို ၇,၃၈၀ သော အားပေးသူတွေက ဝယ်ယူခဲ့ ကြပါ တယ်။ အကန့်အသတ် နဲ့ သာ အဆိုပါ ခေတ်တုန်းက ရခဲ့တာကြောင့် မြောက်အမေရိကဈေးကွက်ကို ဆိုရင် လည်း ၁၈၁၆ စီးပဲ ရောက်ခဲ့ ပါတယ်။ တကယ်တော့ အဆိုပါ W 116 ရဲ့ အောင်မြင်မှုတွေ က S-Class ရဲ့ အစပိုင်း ပဲရှိနေသေးပြီး ဈေးနှုန်းမြင့်ပေမယ့် ၈ နှစ် လောက် အတွင်းမှာတင် သန်းတစ်ဝက် လောက်ကို ရောင်းချခဲ့ရကာ W 126 ကားတွေ မတိုင်ခင် အစီးရေ ၄၇၃,၀၃၅ လောက်အထိ ရောင်းချခဲ့ ရပါသေးတယ်။ အခု ဆိုရင်တော့ နှစ်ပေါင်း ၅၀ အတွင်း အံ့မခန်း တိုးတက်လာတဲ့ အင်ဂျင်နီယာ နည်းပညာရပ်တွေနဲ့ အတူ ပြောင်းလဲလာခဲ့ပါပြီ။ Touchscreen တွေ အခြားသော Gadget တွေ မရှိသေးတဲ့ ခေတ်ကနေစတင် မွေးဖွား လာခဲ့တဲ့ ဇိမ်ခံ S-Class ကားတွေဟာ ငြိမ့်ညောင်းမှုနဲ့ ခန့်ခန့်ထည်ထည်ကြီး ကျက်သရေ ရှိနေမှု အပိုင်းတွေ က အခုချိန် အထိကို ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version