MyCars Myanmar

ပြိုင်ဘက်တွေအတွက် သတိထားစရာ ဖြစ်လာတဲ့ Mazda ရဲ့ အောင်မြင်မှုတစ်ရပ် !

ဂျပန် ကားကုမ္ပဏီ Mazda ကတော့ ကောင်းသလောက် သိပ်ပြီး အာရုံစိုက်မခံ ရတဲ့ ကားကုမ္ပဏီ တွေထဲမှာ ပါဝင်လို့ နေပါတယ်။ အဆိုပါ ကုမ္ပဏီကနေ မောင်းလို့ ကောင်းပြီး စိတ်ချရတဲ့ Sedans တွေ ၊ Crossover တွေနဲ့ နာမည် ကျော် Roadster ကားတွေကို ထုတ်လုပ်ပေးနေခဲ့တာပါ။ ဒါ့အပြင် အဆိုပါ ကုမ္ပဏီ ကတော့ Rotary Engine တွေနဲ့ အတူ နာမည် တစ်လုံး ရခဲ့သေးပြီး အခု ဆိုရင်တော့ နောက်ထပ် နာမည်ကောင်း ရစရာ တစ်ခုတော့ ထပ်တိုးလာ နိုင်ခဲ့ပါပြီ။ အဲ့ဒါကတော့ ကားတွေရဲ့ လုံခြုံစိတ်ချရမှု အပိုင်းပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ထွက်သမျှ ကားတိုင်းကိုလုံခြုံ စိတ်ချအကြမ်းခံရမှု ပိုင်းဆိုင်ရာတွေ စစ်ဆေးပေးနေတဲ့ IIHS ရဲ့ စစ်ဆေးမှု ရလဒ်တွေ ၊ အမြင့်ဆုံး ဖြစ်တဲ့ Top Safety Pack + တွေ ကို ဘယ်ကားတွေကရရှိ သွား လဲဆိုတာ  Carmaker Magazine ကနေ ထုတ်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဆိုပါ စစ်ဆေးမှု တွေကိုခံယူခဲ့တဲ့ အထဲမှာ Mazda ကား အများအပြား ပါဝင် ခဲ့တာ ဖြစ်ပြီး Mazda 3 Sedan နဲ့ Hatchback ၊ CX-30 ၊ CX-5 နဲ့ CX-9 တို့ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုထဲ အံ့အားသင့်ဖွယ် မပါဝင်ခဲ့ တဲ့ ကားတွေကတော့ MX 5 Miata နဲ့ All-New MX-30 EV တို့ပါပဲ။ အဆိုပါ MX-30 EV ကတော့ လော လောဆယ်မှာ ကယ်လီဖိုးနီးယား ကားဈေးကွက်ထဲမှာပဲ ရနိုင်သေးတာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အခု လုံခြုံစိတ်ချရမှုအပိုင်း စစ်ဆေးချက်တွေထဲမှာ အကောင်းဆုံးရလဒ်တွေ ရရှိခဲ့ကြတာကတော့ Mazda အတွက် ၃ နှစ်ဆက် အထိကို ရှိလာခဲ့ပါပြီ။

Photo Credit: CARBUZZ

Mazda ရဲ့ မြောက်အမေရိကအပိုင်း ဥက္ကဌ နဲ့ CEO ဖြစ်သူ Jeff Guyton ကတော့ အခုလိုမျိုး IIHS ရဲ့ Top Safety Pick + ဆု ကို Mazda ကားတွေ ဆက်တိုက် ရရှိလာတာမျိုးကတော့ ခေတ်သစ် အဆင့်မြင့် နည်း ပညာတွေကို ပိုင်ရှင်တွေ မျှော်လင့်ထားတဲ့ အတိုင်း ပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ သက်သေပါပဲလို့ ဖော်ပြထား ပါတယ်။ ကုမ္ပဏီရဲ့ အဆင့်မြင့် လုံခြုံ‌ ရေး နည်းပညာအသစ်တွေ အကုန်လုံးကတော့ ယာဉ်မောင်း တွေ ပိုပြီး စိတ်ချလက်ချနဲ့ ပျော်ပျော်ရွှင်ရွှင် မောင်းနှင်လို့ ရအောင် ကောင်းကောင်း ထောက်ပံ့ ပေးထားနိုင်တာတွေပဲ ဖြစ်ပါတယ်။ တကယ် တော့ အဆိုပါ အမြင့်ဆုံး အဆင့် Top Safety Pack + ကို ရနိုင်ဖို့ ဆိုတာ တော်တော် လေး မလွယ်ကူတာ ဖြစ်ပြီး စမ်းသပ်ချက်ရဲ့ တစ်ဆင့်ချင်းစီ တိုင်းမှာ ယာဉ်တွေက ရလဒ်ကောင်းတွေရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဆိုပါ စမ်းသပ်ချက်ထဲမှာ ဆိုရင်တော့ အသင့်အတင့် ဝင်တိုက်တာကိုခံနိုင် ရည် စမ်းသပ်ချက် ၊ ယာဉ်မောင်းဘက် အခြမ်းဝင်တိုက်တာ ၊ ခရီးသည် ဘက် အခြမ်းဝင်တိုက်တာနဲ့ အရှေ့ ဘက် ၊ ဘေးဘက် ၊ ‌ကားခေါင်းပိုင်းစသဖြင့် ဘက်ပေါင်းစုံကနေ ခပ်ကြမ်းကြမ်းကို စမ်းသပ် စစ်ဆေးတာတွေ ပါဝင်တာဖြစ်ပါတယ်။ Mazda ရဲ့ Lineup တွေကတော့ အရှေ့ဘက်က ယာဉ်တိုက်တာ တွေ ကို ကောင်း ကောင်း ခံနိုင်ရည်ရှိတဲ့ အဆင့်တွေ ရရှိနိုင်ခဲ့ပြီး ယာဉ်အချင်းချင်း ဒါမှမဟုတ် ယာဉ် နဲ့ လမ်းသွားလမ်းလာ တွေ တိုက်မိတာတွေ အထိကို အကောင်းဆုံး အလုံခြုံဆုံးအဆင့်တွေ ရခဲ့တာတွေ့ရပါတယ်။

Photo Credit: CARBUZZ

အခြားသော ကားတွေအဖို့လည်း အဆိုပါအဆင့်တွေကိုကောင်းကောင်း ကျော်ဖြတ်လာနိုင်ခဲ့ပေမယ့် အမြင့် ဆုံး အဆင့်ရောက်ရင် မအောင်မမြင် ဖြစ်ကြရတာတော့ Headlight တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ Mazda ကားတွေက တကယ်ကောင်းတဲ့ ဆိုတဲ့ Rating တွေရယ် လက်ခံလို့ရတဲ့ အဆင့်တွေချည်း ရရှိခဲ့ကြ တာပါ။ လက်ရှိ Mazda ရဲ့ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ CX-5 Crossover ဆိုရင် IIHS ရဲ့ အကောင်း ဆုံး ရမှတ်တွေကို စတင်ရနိုင် ခဲ့တဲ့ ပထမဆုံး ကားတစ်စီးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Mazda ရဲ့ ပထမဆုံးသော လျှပ်စစ်ကား MX-30 အသစ်ကလည်း နောက်နှစ် အခုလိုစမ်းသပ်ချက်တွေထဲ ပါဝင်လာနိုင်လို့ ဘယ် လောက် အထိ စွမ်းဆောင်နိုင်မလဲ စောင့်ကြည့်ရတော့ မှာပါ။ ဒါပေမယ့် လောလောဆယ်တော့ အဆိုပါ လျှပ်စစ် ကားက EPA Rating တွေထဲ တစ်ကြိမ်အားသွင်းထားရင် မိုင် ၁၀၀ ပဲ မောင်းနှင် နိုင်တယ်ဆိုတဲ့ သိပ်မကောင်းတဲ့ရလဒ်ကို ရရှိထားတာဖြစ်ပါတယ်။ နှိုင်းယှဉ်ရမယ် ဆိုရင်တော့ ပြိုင်ဘက်လျှပ်စစ် ကားတစ် စီး ဖြစ်တဲ့ Hyundai Ioniq 5 တောင်မှ အဆိုပါ ပမာဏထက် ၃ ဆ လောက် ရှိတဲ့ Range ကို ရရှိထားပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version