MyCars Myanmar

ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့ Mazda MX-5 Miata!

ပြီးခဲ့တဲ့ နိုဝင်ဘာ လတုန်းကမှ ခပ်ပြားပြား ကိုယ်ထည်လေးနဲ့ ချပြလာတဲ့ Mazda ရဲ့ ဒီဇိုင်းအလန်း Vision Study Concept ကားလေးက ရေရှည် ကားသစ်တွေ အတွက် ရည်ရွယ်ထားတဲ့အရာ ဖြစ်တယ်လို့သိရပါတယ်။ မျိုးဆက်သစ် Miata များဖြစ်လာ မလားလို့ ထင်မှတ်ချင်စရာ ကောင်းပေမယ့်လည်း သေချာတာ တစ်ခုကတော့ အခုပုံစံ ဟုတ်ဟုတ် မဟုတ်ဟုတ် Miata ဟာ တစ်ချို့သောကားတွေလိုမျိုး ဈေးကွက်ထဲက နေပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ သိလာရပါတယ်။ ကုမ္ပဏီ ရဲ့ ဥရောပ အပိုင်း CEO ဖြစ်သူ Martijin ten Brink က Autocar သတင်းကို ပြောကြားရာမှာတော့ သူတို့ရဲ့ အဆိုပါ Miata ကားဟာ လုံးဝ ပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် အခု မြင်နေရတဲ့ Concept ကားပုံစံတွေရဲ့ အနာဂတ်ကို သေချာ မတွက်ဆထားရသေး ပေမယ့်လည်း သေချာတာ တစ်ခုကတော့ Miata ကလည်း ဆန်းသစ်စွာနဲ့ ဆက်ရှိနေမှာပါလို့ ဆိုခဲ့ပါတယ်။

Photo Credit: motor 1.com

အထူးသဖြင့် Rear-Wheel Drive စနစ် ပါထားတဲ့ အဆိုပါ Miata ကားတွေဟာ ကုမ္ပဏီ Lineup ရဲ့ အရေးကြီး အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး မျိုးဆက်သစ်ကားသစ် အဖြစ် ဘယ်လို ပွဲထုတ်လာမလဲ ဆိုတာကပဲ ပိုစိတ်ဝင်စား စရာ ကောင်းလာ နေပါပြီ။ ပုံမှန် အားဖြင့်တော့ သက်တမ်း ၈ နှစ် လောက်အထိ ကြာမြင့်နေပြီဖြစ်တဲ့ ကားတစ်မျိုးက ခေတ်နောက်ကျပြီး အဆုံးသတ်သွားရဖို့ နီးစပ်လာ လေ့ရှိတာပါပဲ။ ဒါပေမယ့်လည်း ရိုးရှင်းလှပတဲ့ ဒီဇိုင်းတွေ ၊ Naturally Aspirated အင်ဂျင်တွေနဲ့ ၊ Rear-Wheel Drive စနစ်တို့ အပြင် အကောင်းဆုံးသော ဂီယာ‌ တွေထဲက တစ်ခုတို့ အသုံးပြုထားတဲ့ Miata ကားတွေ ကတော့ ဝယ်ယူလို သူတွေအတွက် ဆက်ပြီး အသုံးတော်ခံနေဦးမှာ သေချာပါတယ်။ ဒါ့အပြင်ကား ဈေးတွေတိုင်း အနည်းငယ် တက်လာနေတာ ဖြစ်ပေမယ့် အဆိုပါ Miata ကားလေး ကတော့ ‌ဝယ်လို့ ရနိုင်သမျှ Sports ကားတွေထဲ ဈေးအတန်ဆုံးဖြစ် ရှိနေဆဲပါ။ နောက်ပိုင်းမှာတော့ ခေတ်နဲ့အညီ Miata ကိုမှ Hybrid အင်ဂျင် မျိုးနဲ့လည်း ရလာနိုင်သေးတာဖြစ်ပြီး ဥရောပ ဈေးကွက်မှာ ဆိုရင်လည်း Euro 7 စည်းမျဉ်း စည်းကမ်း တွေနဲ့ ညီစေဖို့အတွက် လျှပ်စစ် စွမ်းအင်သုံး တစ်စိတ်တစ်ပိုင်း အမျိုးအစားတွေကိုလည်း ပုံဖော်ပေးလာနိုင်ဖို့ ရှိနေပါပြီ။ Miata မျိုးဆက်သစ် ကားသစ်ရဲ့ စမ်းသပ်မှုတစ်ချို့ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ တုန်းက မြင်တွေ့ ခဲ့ကြရဖူးတာကြောင့် တကယ်သာ အမှန်ဆိုရင် သိပ်မဝေးတော့တဲ့ အချိန် တစ်ခုလောက်မှာတင် ဈေးကွက် ထဲရောက်လာ နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Miata ၅ ခုမြောက် မျိုးဆက်သစ် အထိ အင်ဂျင်နဲ့ Rear-Wheel Drive စနစ်တွေ ထည့်ပေးနေ နိုင်ဦးမှာဟာ တကယ်ကို ဝမ်းသာစရာကောင်းပြီး လျှပ်စစ်သီးသန့် ထွက်လာဦးမယ် ဆိုရင်လည်း တစ်မျိုးတစ်ဖုံ ကြိုဆိုရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube

Exit mobile version