MyCars Myanmar

အဆင့်အတန်း မြင့်မြင့် ဖက်ရှင်ဒီဇိုင်းနဲ့ မြင်ရတဲ့ Mercedes-Benz Maybach Haute Voiture Concept ကားအသစ် !

Design Essentials IV The Art of Creating Desire Nizza 2022, Concept Mercedes Maybach Haute Voiture // Design Essentials IV The Art of Creating Desire Nice 2022, Concept Mercedes Maybach Haute Voiture

ကမ္ဘာ့ ထိပ်တန်း ဖက်ရှင်တွေကိုမှ လိုချင်ပြီး သီးသန့်ဆန်တဲ့ ပစ္စည်းတွေ၊ ဖက်ရှင်တွေကိုပဲ လိုလားကြသူတွေ အတွက် ‌ကတော့ Haute Couture ဆိုတာက တကယ့်ကို အဆင့်အတန်းမြင့် ထိပ်တန်း Brand တစ်ခု ဖြစ်နေဆဲပါပဲ။ အခုဆိုရင် တော့ အနာဂါတ် ရဲ့ ဖက်ရှင် Trend အသစ်တွေထဲမှာ အဆိုပါ Brand နဲ့ အတူတူ ကားတွေကိုပါ ပေါင်းစပ်ဆန်းသစ် လာနိုင်အောင် ဖန်တီးပေးနိုင်မယ့် ကားအမျိုးအစား တစ်ရပ်ရှိလာပါပြီ။ အဲ့ဒါကတော့ နာမည်ကျော် Mercedes-Benz Maybach တို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အနာဂါတ်မှာ ဖက်ရှင် တကယ်ကျမယ့် ကားဆိုတာဘာလဲဆိုပြီး ကြို မြင်တွေ့ နိုင်အောင် Haute Voiture ဆိုတဲ့ နာမည် နဲ့ပဲ ထူးထူးဆန်းဆန်း Concept ကားတစ်စီးကို မိတ်ဆက် ပြလာခဲ့ ပါတယ်။

                                                                   Photo Credit: MotorAuthority

အဆိုပါ Concept ကားကတော့ Maybach S-Class ပေါ်မှာ အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး အတွင်းခန်း အရောင် တွေနဲ့ သတ္တုပစ္စည်းတွေ ၊ ပုံစံဒီဇိုင်းတွေကတော့ အဆင့်အတန်း မြင့်လွန်းတဲ့ ဖက်ရှင်ဆိုတာ ဒါပါပဲ ဆိုပြီး ကွက်ကွက် ကွင်းကွင်းပြသခဲ့သလို လှပလွန်း နေခဲ့ပါတယ်။ ထိုင်ခုံတွေနဲ့ Dashboard‌ တွေမှာလိုမျိုး သုံးထားတဲ့ လီနင်တွေလိုမျိုး သာမန် မြင်နေကျ ဇိမ်ခံကား တစ်စီးရဲ့  ဖက်ရှင်တွေ အပြင် မမျှော်လင့်ထားတဲ့ အသေးစိတ် ဖန်တီးချက် လေးတွေ ကိုပါ အနုစိတ် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ဥပမာ ပြရမယ် ဆိုရင်တော့ အရောင်ကွဲလေးတွေနဲ့ Pattern တစ်ချို့ကို လှလှပပ အချိုးကျကျ ဖန်တီးပေးထားတာ ဖြစ်ပြီး အရောင်ကွဲတွေလည်း ပိုသိသာစေဖို့အတွက် သုံး ပေးထား ပါသေးတယ်။ အခု Concept မှာ နောက်တစ်ခု ထူးခြားတာကတော့ Infotainment System ရဲ့ ခလုတ် လေးတွေကိုက အစ ရွှေအိုရောင် Rose Gold ‌လေးတွေနဲ့ အလှဆင် ပေးထားလို့ ကြွရွနေစေတာပဲ ဖြစ်ပါတယ်။ ကားရဲ့ အပြင်ပိုင်းမှာ ဆိုရင်လည်း နှစ် ရောင်စပ်ကိုမှ သီးသန့်ဖြစ်မယ့် အပြာရင့်ရောင် Rose Gold ရွှေအိုရောင် တို့ကို ပေါင်းစပ် ပေးထားတာပါ။ အပြာရင့် ရောင်လေးကိုတော့ ကားရဲ့ အပေါ်ဘက်နဲ့ ဘီးတွေ နေရာမှာသုံးထားပြီး Rose Gold အရောင်ကို တော့ ကားရဲ့ အောက်ဘက်မှာ ထည့်ပေးထားပါတယ်။ အဆိုပါ အရောင်နှစ်ပိုင်းတွေရဲ့ ကြားတွေထဲမှာ တော့ အရောင် ခပ်တောက်တောက် Chrome Accents လေးတွေ ထည့်ပေးထားလို့ ပိုကြည့်ကောင်း နေပါ တော့ တယ်။

                                                                 Photo Credit: MotorAuthority

အခု ကားကို ချပြခဲ့ရာမှာတော့ Mercedes ရဲ့ ဒီဇိုင်းပိုင်း တာဝန်ခံဖြစ်သူ Gorden Wagener ကတော့ အခု Concept ကားရဲ့ အရောင်နဲ့ ဒီဇိုင်းတွေ ပေါင်းစပ်မှုဟာ ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ အရသာတွေဖြစ်ပါ တယ်လို့ ဂုဏ်ယူစွာပဲ ဆိုထား ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ ဒီဇိုင်းအဖွဲ့ အနေနဲ့လည်း ကားတစ်စီးရဲ့ အဆင့်အ တန်းမြင့် အပြင်အဆင်နဲ့ ဖက်ရှင် လောကရဲ့ ထိပ်တန်းအဆင့်တွေကို ကောင်းကောင်း ပေါင်းစပ်ကာ လုံးဝ ဆန်းသစ်တဲ့ လက်ရာတစ်ခုကို ဖန်တီး ချင်တာဖြစ်တယ်လို့ သိရပါတယ်။ အခု Haute Voiture Concept ကားအသစ်အပြင် S-Class ကိုမှ Virgil Abloh နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ အထူးထုတ် ကားတစ်စီးကို လည်း မိတ်ဆက်ပေးထားသေးပြီး ၂၀၂၃ ခုနှစ် အတွက် အစီးရေ အကန့်အသတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ Virgil Abloh နဲ့ ပူးပေါင်း ဖန်တီးထားပြန်တဲ့ တစ်စီးတည်းသော လမ်းကြမ်း ပိုင်းသုံး ကားတစ်စီးကိုလည်း လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက စတင် ပြသခဲ့ဖူးတာ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version