MyCars Myanmar

ပန်းရောင် အပြင်အဆင် ၊ အလန်းစားဒီဇိုင်းတွေနဲ့ Maserati Grecale Barbie Edition ကားသစ်!

မိန်းကလေးတွေ အတွက် နာမည်ကြီး ဘာဘီရုပ်လေးတွေ ကတော့ ကားလောကဆီ ပုံစံတစ်မျိုးနဲ့ ရောက်ရှိလာ ခဲ့ပါတယ်။ Maserati နဲ့ Mattel တို့အတွက် ဘာဘီ Version ပန်းရောင် ကားလှလှလေးတွေအဖြစ် ပုံပေါ်လာတာ ဖြစ်ပြီး ၂ စီးတည်းသာ အထူးတလည် ဖန်တီးထားမယ့် အဆိုပါ ကားလေးတွေထဲက ပထမဆုံးတစ်စီးကိုတော့ $ 330,000 နဲ့ စတင်ဝယ်ယူလို့ရနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယမြောက် ကားရဲ့ အသေးစိတ် အချက် အလက်တွေကိုတော့ လာမယ့် နှစ် ၂၀၂၃ အရောက်မှသာ သိရမှာပါ။ အခု အထူးထုတ် Grecale ကားရဲ့ အပြင်ဘက် အရောင်ကတော့ တစ်စီးလုံးကို ပန်းရောင်ဖြစ်ပြီး Grille အပိုင်း၊ စက်ဖုံးနဲ့ အနောက်ဘက် ဘန်ဘာအောက်ပိုင်း တွေနားမှာသာ အဝါရောင်လေး အနည်းငယ် ကွပ်ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အဆိုပါ အရောင်ကိုမှ ကိုယ်ထည် မှာ Rainbow Effect ရနိုင်ဖို့ဆိုပြီး Iridescent Topcoat နည်းပညာကို ထပ်ထားပါသေးတယ်။ Barbie ဆိုတဲ့ အထူးထုတ် သီးသန့် နာမည်လေးကိုတော့ ကားရဲ့ အရှေ့ဘက် Fenders တွေပေါ်မှာ ထည့်ထားပြီး B Logo လေးကို တော့ C-Pillar ပေါ်မှာပဲ ထည့်ထားတာ တွေ့ ရမှာပါ။

Photo Credit: motor 1.com

ကားရဲ့ ဘီးတွေကတော့ Multispoke Design ကိုမှ လုံးဝအနက်ရောင်နဲ့ဖြစ်ပြီး အလယ်တည့်တည့် ကတော့ အဝါရောင်လေး သုံးထားပါတယ်။ အတွင်းခန်းထဲ ဝင်လိုက်ရင်တော့ ပန်းရောင် အရသာတွေကိုပဲ ပိုခံစား ရမှာ ဖြစ်ပြီး Cabin တစ်လျှောက်လုံး အထိ ဒီအရောင်ပဲ ဖြစ်မှာပါ။ ဒါ့အပြင် တံခါး ဘောင်တွေနဲ့ အလယ်တည့်တည့်က Center Console တွေအထိ ပန်းရောင် တောက်တောက်ပဲ ဖြစ်ပြီး B ဆိုတဲ့ တံဆိပ်လေးကို တော့ ထိုင်ခုံခေါင်းမှီနေရာ လေးတွေ မှာ ထင်ထင်ရှားရှားထည့်သုံးပေးထား ပါတယ်။ အခု အထူးထုတ် Barbie Grecale ကားကတော့ Trofeo Trim Level ပေါ် အခြေခံ ဖန်တီးထားတာဖြစ်လို့ 3.0 Liter Twin-Turbo V6 Engine ပါလာမှာဖြစ်ပြီး 523 hp နဲ့ 457 lb-ft Torque အထိရှိနေပါတယ်။ ကားရဲ့ တစ်နာရီ ၆၂ မိုင် နှုန်းပမာဏ မြန်နှုန်းကို ရောက် ဖို့ ဆိုရင် တော့ ၃.၈ စက္ကန့် ပဲ ကြာမြင့်ပြီး အမြင့်ဆုံး မြန်နှုန်းကလည်း ၁၇၇ မိုင်အထိကို ရှိနေမှာပါ။

Photo Credit: motor 1.com

အခု ကားမှာတော့ Eight-Speed ZF အမျိုးအစား အော််တိုဂီယာကို သုံးပေးထားပြီး All-Wheel Drive စနစ်ကိုမှ အနောက်ဘက် ဝင်ရိုးမှာ Limited-Slip Differential စနစ်ပါ ထည့်ပေးထားလိုက်သေးတာ ဖြစ်ပါ တယ်။ ကားကို ရောင်းချရမယ့် ဈေးနှုန်း ဖြစ်တဲ့ $ 33,000 ကိုတော့ မိန်းက‌လေးတွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ ပရဟိတတစ်ခု ကို လှူဒါန်းသွားမှာပါ။ သာမန် Grecale ကားသစ်တွေကိုတော့ အမေရိက ‌ကား ဈေးကွက်ကစလို့ အခုနှစ် ဆောင်းဦးမှာ တင် စတင်ဝယ်ယူနိုင်တော့မှာဖြစ်ပြီး 296 hp ရှိ GT Trim Level ကို   $ 64,995 က စတင် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် 325 hp ရှိမယ့် Modena Grade ကားကို တော့  $ 74,395၊ အမြင့်ဆုံးသော Trofeo Grade ကိုတော့ $ 103,995 တို့နဲ့ အသီးသီး ဝယ်ယူနိုင်ပါလိမ့်မယ်။

Ref: motor 1.com

Exit mobile version