MyCars Myanmar

ခေတ်ဟောင်း ချစ်စရာဒီဇိုင်းလေးနဲ့  ထွက်ရှိလာမယ့် Luka လျှပ်စစ်ကားသစ်လေး !

ချက်နိုင်ငံ အခြေစိုက် ကားကုမ္ပဏီဖြစ်တဲ့ MW Motors ရဲ့ Luka လျှပ်စစ်ကား ထုတ်လုပ်မှုကတော့ အခုဆိုရင် ပိုကောင်းတဲ့ အတွင်းခန်း၊ အပြင်ပိုင်း အပြင်အဆင် အသစ်တွေအပြင် ပြန်လည်ပြင်ဆင်ထားတဲ့ Chassis တွေနဲ့ အတူ မကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ တကယ်တော့ အဆိုပါ ကားလေးကို ၂၀၁၈ ကတည်းက မိတ်ဆက် ခဲ့ဖူးပေမယ့် အခုထိ မထုတ်လုပ် ဖြစ်သေးတာပါ။ ဒါပေမယ့် အခု တစ်ခေါက် ပိုထူးခြားတာကတော့ မရောင်းချ ၊ မထုတ်လုပ် ခင်မှာတင် ကြေညာထားတဲ့ ဒီဇိုင်းပိုင်းကို ပြန်လည် ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Luka လျှပ်စစ်ကားလေးရဲ့ ဒီဇိုင်းကို ကြည့်လိုက်တာနဲ့တင် ယခင်ခေတ်ဟောင်း ကားလေးတွေရဲ့ ဒီဇိုင်းအသွင် အတော်များများကို ယူဆောင်ထားတာတော့ သိသာပါတယ်။ ဒါ့အပြင် BMW ရဲ့ ခေါင်းပိုင်း Grille ကို သုံးပေးထားပြီး Aerodynamic အပိုင်းကို ပိုကောင်းအောင် အားစိုက် ပေးထားပါတယ်။ အခြားသော အပြောင်းအလဲတွေအနေနဲ့ ကားရဲ့ မှန်အသစ်တွေ၊ ပိုကြီးလာတဲ့ အနောက်ဘက်ပိုင်း Fenders တွေအပြင် ပိုကြီးတဲ့ ၁၇ လက်မ အရွယ် အလွိုင်းဘီးတွေ ၊ Chrome ဘန်ဘာ တွေကိုလည်း ပါဝင်လာပြီပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ ဘက်ကတော့ ကားရဲ့ အတွင်းဘက် ပိုင်းပုံရိပ်တွေကို ချပြလာခြင်း မရှိသေးပေမယ့် Dashboard အပိုင်းကိုတော့ အတော်လေးပြောင်းလဲ ပြင်ဆင် ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်း ရှိမယ့် ထိုင်ခုံတွေနဲ့ ပစ္စည်းတင်စရာ နေရာ အပိုတွေကိုလည်း မြင်ရဦးမှာပါ။ ကားရဲ့ စက်ပိုင်း ဆိုင်ရာကတော့ ဘီးတွေနဲ့ တွဲဖက် တပ်ဆင်ထားမယ့် လျှပ်စစ် မော်တာ ၄ လုံးဖြစ်ပါတယ်။ ဒါ့အပြင် ပိုပြီး သစ်လွင် အေးမြမယ့် လျှပ်စစ်အင်ဂျင်နဲ့အတူ ဘက်ထရီ အသစ်လည်း ပါဝင်လာမှာ ဖြစ်တာကြောင့် အားသွင်းချိန်ကလည်း ပိုမို မြန်ဆန်လာဖို့ ရှိနေမှာပါ။

Photo Credit: AllAutoExperts

ကားမှာ နောက်ထပ် ပါဝင်လာမှာက‌တော့ Low Center Of Gravity နည်းပညာသစ်နဲ့အတူ စတီယာတိုင် ၊ ဘရိတ် နဲ့ အခြားသော Chassis ပိုင်းတွေကအစ လုံခြုံရေးအတွက် ပိုအားစိုက် ပြင်ဆင်ပေးထားတာပါ။ နောက်ထပ် စက်ပိုင်း ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်ပိုင်းမှာဆက်ပြီး သိလာရဖို့ ရှိနေပါတယ်။ လတ်တလော သိထားရသလောက် ဆိုရင်တော့ တစ်ကြိမ် အားသွင်းထားရုံနဲ့ ကားလေးက ၁၈၆ မိုင် လောက် အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး တစ်နာရီကို ၆၆ မိုင် အထိကိုလည်း အမြင့်ဆုံး မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ Luka လျှပ်စစ် ကားလေး ကိုတော့ လာမယ့် ၂၀၂၃ ပထမ နှစ်ဝက် ကာလ လောက်မှာတင် အကြိုရောင်းချပေးလာနိုင်ပြီး ဈေးနှုန်းကတော့ $ 42,058 ကနေ စတင်မှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ တရားဝင် Website ကနေ ကြေညာထားပြီးဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version