MyCars Myanmar

Sports ကားတွေအတွက် အောင်မြင်‌ဖို့ လိုနေတဲ့ Lotus ရဲ့ Eletre SUV !

Sports ကားလောက မှာ ပြိုင်ကားတွေနဲ့ ပေါ့ပါးတဲ့ ပြိုင်ပွဲသုံး ကားတွေကို တောက်လျှောက် ထုတ်လုပ်ပေး နေခဲ့ပြီး Brand ရဲ့ ပုံရိပ်ကိုတည်ဆောက်‌ထားတဲ့ Lotus တို့ကတော့ အခုဆိုရင် Eletre SUV ဆိုတဲ့ ကားကို ချပြပြီး သာမန် လမ်းကြောင်းက နေခွဲထွက်လာခဲ့ ပါတယ်။ တကယ်တော့ အခု ကားက Lotus ကို အမြဲအား ပေးနေကြသူတွေ အတွက် စိတ်ကြိုက် ကားတစ်စီး မဖြစ်နိုင်ပေမယ့်လည်း နောက်ပိုင်းကုမ္ပဏီရဲ့ Sports Car အသစ်တွေ ကိုအာရုံပိုစိုက်ခံ ချင်တယ်ဆိုရင် ဒီကားမှာလည်း ထင်ထားတာထက် ပိုပြီး အောင်မြင်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကား တကယ် ကို အောင်မြင်မှသာ Lotus ကလည်း နောက်ပိုင်း Sports ကား မော်ဒယ်တွေ ထုတ်လုပ်ရာမှာ ရင်းနှီးမြုပ်နှံ နိုင်မှာ ဖြစ်ပါတယ်။ Lotus ရဲ့ Boss ဖြစ်သူ Matt Windle ကတော့ Top Gear ကို ပြောကြား ရာမှာ ယခင်ကလိုအပ် ချက် ရှိခဲ့တာတွေ အတွက် အခုကားနဲ့ အတူ အမြတ်ငွေအားတွေ ပြန်ပြီးတည်ဆောက်ဖို့ လိုတယ်လို့ကို ဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ထုတ်ကုန် အသစ်တွေကို ဘယ်လောက်အထိ ကောင်းအောင် ရင်းနှီးမြုပ်နှံ နိုင်မလဲ ဆိုတဲ့ အခြေအနေ ကလည်း ဒီကား က စမ်းသပ်ခံ စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေပါတယ်။

Photo Credit: motor 1.com

အခု ကား ကိုတော့ ကုမ္ပဏီ ဘက်ကနေ အောင်မြင်မှု ကြီးကြီးမားမား ရနိုင်ဖို့ အထိ ယုံကြည်ထားတာ ဖြစ်ပြီး စတင် ထုတ်လုပ်ပြီ ဆိုတာနဲ့ အစီးရေ‌ပေါင်းကို ထောင်ပေါင်း ဆယ်နဲ့ချီတဲ့ ရောင်းချနိုင်မယ်လို့လည်း ခန့်မှန်း ထားတာ ဖြစ်ပါတယ်။ ဒါက ၂၀၂၁ ထဲမှာ ကုမ္ပဏီကနေ ကားအစီးရေ ၂,၀၀၀ တောင် ကျော်အောင်မရောင်း ခဲ့ရတာနဲ့ ယှဉ်ရင် တော့ အတော်ကို သိသိသာသာ ကွာခြားလွန်းတဲ့ ပမာဏဖြစ်ပြီး တကယ်သာ လက်တွေ့ ကျကျ ‌ထပ်တူကျခဲ့မယ် ဆိုရင်တော့ ဆယ်စုနှစ် တစ်ခုအတွင်း ရောင်းအားအကောင်းဆုံးလည်း ဖြစ်လာနိုင် ပါတယ်။ ဒါပေမယ့်လည်း ဒီကားရဲ့ ရောင်းအားကို ထောင်ပေါင်း ရာနဲ့ချီတဲ့ ပမာဏ အထိတော့ မမျှော်လင့် ထားတာကိုကြည့်ခြင်း အားဖြင့်တော့ ကုမ္ပဏီရဲ့ အသက်က Sports Car တွေ ဖြစ်နေဆဲ ဆိုတာ သေချာပါ တယ်။ Lotus ကတော့ ပြီးခဲ့တဲ့ လပိုင်း တုန်းကပဲ အဆိုပါ ကား ကို 600 hp အထိ စွမ်းဆောင်ရည်တွေနဲ့ အတူ ချပြခဲ့တာဖြစ်ပြီး All Electric လျှပ်စစ်ကား သီးသန့်လည်း ဖြစ်ပါတယ်။ တစ်နာရီကို မိုင် ၆၀ အထိ မောင်းဖို့ကို ၃ စက္ကန့် လောက် အတွင်းမှာတင် အရှိန်တင်နိုင်မှာ ဖြစ်ပြီး လျှပ်စစ် မော်တာကလည်း ၂ လုံး အထိ ပါဝင်တာကြောင့် စွမ်းဆောင်ရည် ကောင်းတာပါ။ ဒါ့အပြင် WLTP Cycle အရ တော့ Range အနေနဲ့ ၃၇၃ မိုင် အထိကို ရထားတာဖြစ်ပြီး 350 kW အားသွင်း စနစ်‌ကြောင့်တော့ မိနစ် ၂၀ အတွင်း ၂၄၈ မိုင်စာ မောင်းဖို့လောက်ကို ပြန်အားသွင်း နိုင်ပါသေးတယ်။

Photo Credit: motor 1.com

လက်ရှိ အချိန်ထိကားနဲ့ ပတ်သက်ပြီး မသိရသေးတဲ့ တစ်ချက် ကတော့ ကားရဲ့ အလေးချိန် ဖြစ်ပါတယ်။ Brand ရဲ့ အခြားသော လျှပ်စစ် သီးသန့် Sports Car ဖြစ်တဲ့ Evija တုန်း ကတော့ ပေါင် ၃,၇၀၀ လောက် အထိ ရှိတာ ဖြစ်ပြီး အခု Crossover အနေနဲ့ ဆိုရင်တော့ နည်းနည်း ပိုလေးမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါပေမယ့် တစ်ချို့သော အတည်မပြုနိုင် သေးတဲ့ သတင်းတွေ အရတော့ Lotus ရဲ့ အင်ဂျင်နီယာတွေက အခု Crossover ရဲ့ အလေးချိန်ကို ၄,၄၀၉ ပေါင် လောက် အထိပဲ ရှိအောင် ပြင်ဆင်ထားတယ်လို့ ဆိုနေကြ ပါတယ်။ တကယ်လို့ ဒါကိုမှ များသေးတယ် လို့ ထင်ရင်တော့ ပေါင် ၄,၄၀၀ လောက်အထိကို ဖန်တီး ပေး လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Eletre ဆိုတာ Lotus ဆီကနေ မျှော်လင့်ထားကြတဲ့ ကားတစ်စီး မဟုတ်ပေမယ့်လို့ သီးသီးသန့်သန့် ခွဲထုတ်လာနိုင်ခဲ့လို့ ဈေးကွက်ထဲ အပြိုင်အဆိုင်ကားတစ်စီးတော့ ဖြစ်လာ တော့မှာ သေချာပါတယ်။

Ref: motor 1.com

Exit mobile version