MyCars Myanmar

900 hp အထိ စွမ်းဆောင်နိုင်မယ့် Mansory ရဲ့ Lamborghini Urus အထူးထုတ်အသစ် !

Urus SUV ကားအသစ်ကိုပဲ နာမည်ကျော် Mansory တို့ကတော့ ပြုပြင် မွမ်းမံမှုတွေကို ထပ်မံ ပြုလုပ်ခဲ့ ကာ စွမ်းဆောင်ရည်အရရော ဒီဇိုင်းပုံစံ အရပါ လုံးဝပြောင်းလဲ သွားတဲ့ အထူးထုတ် ကားတစ်စီးအဖြစ် ချပြ လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ Limited Edition Venatus Evo S လို့ အမည်ပေးထားပြီး ယခင် Venatus နာမည် နဲ့ ကားတွေ ထက်စာရင် အတော်လေးကိုပိုပြီး Aggressive ဆန်နေပါတယ်။ မနှစ်ကတုန်းက ဖန်တီးခဲ့သေးတဲ့ Mansory Urus နဲ့ အတော်လေး တူနေခဲ့ကာ EvoS အသစ်မှာကတော့ အမြင်ပိုင်း အတော်လေးကို ပြောင်းလဲသွားတာ အရင်ဆုံး သတိထား မိနေမှာပါ။ အနောက်ဘက်မှာလည်း အတောင်ပံ အသစ် တပ်ပေးထားသလို အရှေ့ဘက်က Fender Vents တွေ ကိုလည်း ပုံစံ ပြန်ပြောင်း ပေး ထားပါတယ်။ ဒါ့အပြင် Dash ကိုလည်း ပိုပြီး စတိုင်ကျတဲ့ အသွင်ဖြစ်အောင် ပြင်ဆင်ပေးထားပြီး ဘေးဘက် က Sills တွေနဲ့ အမိုးလိုင်း Spoiler တွေကိုက အစ အကုန်ပုံစံ အသစ် တွေ ပြောင်း ပေးထားတာ ဖြစ်ပါ တယ်။ ယခင် ပုံစံကိုမှ မသိမသာလေးတွေ ကနေ အသေးစိတ် ပြောင်းပေးထားတဲ့ အပြင် စွမ်းဆောင်ရည် ပိုင်းကလည်း တော်တော်လေးကို တိုးတက်လာခဲ့ပြန်ပါတယ်။ ကားရဲ့နောက်တစ်ချက် ထူးခြားတာ ကတော့ တစ်စီး ကို ကြည့်လိုက်ရင် အနက်‌နဲ့ဖြူ ပေါင်းထားတဲ့ တကယ့် ထူးထူးခြားခြား အသွင်မျိုး ဖြစ်နေတာပါပဲ။

Photo Credit: motor 1.com

ကားရဲ့ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို မဖော်ပြထား သေးပေမယ့်လည်း Twin Turbocharged 4.0 Liter V 8 Engine ကြောင့် စွမ်းဆောင်ရည် ကတော့  900 hp နဲ့ 811 lb-ft Torque အထိ ရှိနေပြီလို့ သိရပါတယ်။ ဒါကြောင့် မူလကားရဲ့ 641 hp နဲ့ 627 lb-ft Torque တို့ထက် သိသိသာ သာကို တိုးတက်သွားတာ ဖြစ်သလို ယခင် Mansory Urus ရဲ့ 820 hp ထက်လည်း သာသွား ခဲ့ပါတယ်။ အခု ကားရဲ့ စွမ်းဆောင်ရည် ပိုကောင်းစေဖို့ အတွက် အတော်လေး ပေါ့ပါးတဲ့ ၂၄ လက်မအရွယ် Forged ဘီး တွေကိုလည်း တပ်ဆင်ပေးထားပြီး အရှေ့ဘက် ဘီးတွေ ဆိုရင် ၁၀ လက်မ ပိုကျယ်စေဖို့နဲ့ အနောက် ဘက် ဆိုရင်တော့ ၁၂ လက်မ ပိုကျယ်စေဖို့ စီစဉ် ပေးထားပါတယ်။ ကားကတော့ တစ်နာရီ ၆၂ မိုင် နှုန်း အရှိန်တင်နိုင်ဖို့ ဆိုရင် ၂.၉ စက္ကန့်ပဲ အချိန်ယူရတော့မှာဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်း ကတော့ တစ်နာရီကို ၁၉၀ မိုင် ကနေ မိုင် ၂၀၀ အထိ ရှိ နိုင်မှာပါ။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းနဲ့ ပတ်သက်လို့တော့ တစ်ပုံပဲ မြင်တွေ့ထားရတာ ဖြစ်ကာ မျှော်လင့်ထားတဲ့ အတိုင်း ထူးခြားနေတာတော့ အမှန်ပါပဲ။ ကားရဲ့ အတွင်းမှာ အဝါရောင် တောက်တောက်ကိုမှ အဖြူရောင် လေးတွေ ကို စတီယာတိုင် ၊ ကြမ်းခင်းတွေနဲ့ တံခါးတွေမှာ ထည့်ပေးထားပြီး အနက်ရောင် Trim လေးတွေကိုလည်း အဝါနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်အောင် တစ်ချို့နေရာလေးတွေမှာ သုံးပေးထားပါသေးတယ်။ Mansory ကတော့ အခု ကားက သီးသန့် ထုတ်ပေးမှာဖြစ်လို့ အစီးရေ ၁၀ စီးပဲ စီစဉ်ပေးမယ်လို့ ဆိုထားပြီး ဒီဇိုင်းပိုင်း အရရော စွမ်းဆောင်ရည် အရပါ အတော်လေး ထူးခြားသာလွန် နေတာလည်း အမှန်ပါပဲ။

Ref: motor 1.com

Exit mobile version