MyCars Myanmar

Safari Concept ကားအသစ်တွေကို ချပြလိုက်တဲ့ Jeep !

Ultra-capable and undeniable Jeep® and Jeep Performance Parts (JPP) concept vehicles are heading to the 2022 Easter Jeep Safari, April 9-17 in Moab, Utah. Here’s a sneak peek at two new rock-crawling, trail-ready beasts that will debut in Moab’s red-rock country -- a new Jeep 4xe concept that will electrify both on- and off-pavement adventures and another from JPP that breaks the code for the performance enthusiast.

အခုလာမယ့် ဧပြီလ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ Moab ၊ Utah မှာ ကျင်းပမယ့် ၅၆ ကြိမ်မြောက် Moab Easter Safari ပွဲတော်ကြီးမှာ ပြသဖို့အတွက် ရည်ရွယ်ကာ Concept အသစ် တစ်ချို့ကိုတော့ Jeep တို့ ယူဆောင်လာ ခဲ့ပါပြီ။ အခုကြာသပတေး နေ့မှာတင်ချပြခဲ့တဲ့ အဆိုပါ Teaser Concept တွေထဲမှာတော့ Trail Marker 3 ဆိုတဲ့ ကားလည်း ပါဝင်လာပြီး Gladiator Pickup ကားအပေါ်မှာ အခြေခံ ဖန်တီးထား တဲ့ Concept အသစ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု Concept ကတော့ SUV တစ်စီးနဲ့ ပိုဆင်တူနေ အောင် Departure Angle ပိုင်းကို ပိုချဲ့ထားတာ တွေ့ရမှာ ပါ။ Jeep ကတော့ တံခါးမပါ အမိုးမပါ တဲ့လွတ် လပ်တဲ့ ကား အရသာကို ကြိုက်သူတွေအတွက်လည်း Gladiator ကိုပဲ တံခါးမပါတဲ့ ပုံစံနဲ့ Concept ပုံရိပ် တစ်ခု ချပြလာခဲ့ပြန်ပါတယ်။ တစ်ခြားသော အသေးစိတ်အချက်အလက် ပုံတွေထဲမှာ ဆိုရင်တော့ Rubicon တံဆိပ်နဲ့ကား ၊ Mud-Terrain တာယာ အသစ်အကြီးစားတွေ အပြင် စက်ဖုံးဒီဇိုင်း အကြီးစားတွေကိုလည်း ချပြခဲ့တာ တွေ့ရပါတယ်။

                                                           Photo Credit: MotorAuthority

အဆိုပါ Concept အသစ်တွေထဲက တစ်စီးကတော့ 4xe Plug-In Hybrid ကား ဖြစ်လာလိမ့်မယ်လို့ Jeep က အတည်ပြုပေးထားပြီး Grand Cherokee ကားရဲ့ အနီးကပ် ပုံကြမ်းနဲ့လည်း တွဲဖက်ပြထား ပါတယ်။ ဒါကြောင့်အဆိုပါ Hybrid ကားအသစ်တစ်မျိုးဆိုတာကတော့ Grand Cherokee 4xe အသစ်ကိုပဲ အခြေခံ ထားတဲ့ Concept ဖြစ်လာ နိုင်ပါတယ်။ Wrangler 4xe ကားလိုပဲ Grand Cherokee အသစ်ထွက် ကားက လည်း 2.0 Liter Turbo-4 Engine ကို တပ်ဆင်ထားတာ ဖြစ်ပြီး 8-Speed Automatic Transmission ကိုလည်း တွဲဖက် ‌ပေးထားပါတယ်။ ဒါတင်မကသေးပဲ လျှပ်စစ်မော်တာ ၂ လုံး ၊ Mechanical Four-Wheel Drive စနစ်တို့က သာမန် Jeep ကားတွေ ရဲ့ စွမ်းဆောင်ရည် မြင့် လုပ်အားနှုန်း တွေ အတူတူပဲ ပေး စွမ်း နိုင်မှာပါ။ ဒါ့အပြင် Towing Capacity ပိုင်းကလည်း ပေါင် ၆၀၀၀ လောက် အထိ ကို ဆွဲနိုင်တယ်လို့ သိရပြီး လမ်းကြမ်း ပိုင်းလည်းကောင်းမွန်ကာ လျှပ်စစ် စွမ်းဆောင်ရည် အနေနဲ့ကတော့ EPA ရဲ့ လျှပ်စစ် Range မှာတင် ၂၆ မိုင် လောက်အထိ ပေးထားနိုင်ပါတယ်။

                                                                 Photo Credit: MotorAuthority

Jeep ကတော့ သူတို့ရဲ့ လျှပ်စစ် စွမ်းအင်သုံး ကားမျိုးကွဲတွေကို လာမယ့် ၂၀၂၅ လောက် မှာတင် စတင်ချ ပြဖို့ စီစဉ် ထားပြီး All-Electric SUV ကိုလည်း အဆိုပါနှစ်က စတင်ကာ နှစ်တိုင်းအမျိုးအစား တစ်မျိုးချင်း စီတိုင်း အတွက် ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။ မနှစ်က အဆိုပါ Moab ပွဲကြီးမှာတုန်း ကတော့ Electric Wrangler Concept ကိုချပြခဲ့ပြီး Moab အတွက်ကတော့ အဆိုပါ ကားတွေအပြင် အခြားသော လျှပ်စစ်ကားတွေနဲ့ Plug-In Hybrid ကား တွေ အတွက်လည်း ပွဲအတွင်းမှာ အားသွင်းနေရာတွေ ပိုမို စီစဉ် ရတော့မယ် ဆိုတာ သေချာလာခဲ့ ပါတယ်။ နောက်ထပ် Teaser ပုံရိပ်တစ်ပုံမှာ ကတော့ Pickup Truck တစ်စီးရဲ့ အနားသတ် တစ်ချို့ကို မြင်ခဲ့ရပြီး Jeep Gladiator ရဲ့ Concept တစ်မျိုးကို အခြေခံရေး ဆွဲ ထားတယ်လို့လည်း သိရပါတယ်။ ဒီတစ်စီးတည်းတင် မဟုတ်သေးပဲ အခုနှစ် ပွဲကြီး ‌အတွက်တော့ Jeep ဘက်က Concept ၄ မျိုး အထိကို အခြေခံ ဖန်တီးထားတာ ဖြစ်ကာ ဘယ်လိုမျိုး စိတ်ဝင် စားစရာတွေ ဖြစ် လာဦးမလဲ ဆိုတာကိုတော့ ပွဲအတွင်း အတူတူ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version