MyCars Myanmar

Gran Turismo ကားဂိမ်း အရသာနဲ့ မြင်တွေ့လာရပြန်တဲ့ Italdesign Exeneo Concept ကား ပုံစံသစ်!

Italdesign Exeneo Vision GT ဆိုတဲ့ ကား Concept ကတော့ အီတလီ ကုမ္ပဏီ တစ်ခုကနေ ကားဂိမ်းတွေထဲမှာ အသုံးချ ဖန်တီးဖို့ ပြုလုပ်ပေးထားတဲ့ ဒီဂျစ်တယ်ကား Concept တစ်မျိုး ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ ပုံစံကတော့ ခပ်ပါးပါး ပြားပြားကိုမှ Hybrid V10 အင်ဂျင် တပ်ထားတဲ့ ပုံစံပါပဲ။ အခု ကားအတွက် သိသိသာသာ ထူးခြားတဲ့ Feature တစ်ခုကတော့ Mode ၂ မျိုးထား မောင်းလို့ရတာပဲ ဖြစ်ပြီး Street Mode နဲ့ Off-Road Mode ဆိုပြီး ရနိုင်မှာ ပါ။ ဒါ့အပြင် တာယာအကြီးကြီးတွေနဲ့ ခပ်မြင့်မြင့် ပုံစံကိုလည်း မြင်တွေ့ရနိုင်မှာဖြစ်ကာ လမ်းကြမ်းကြမ်းတွေ မောင်းပြဖို့ ကလည်း တကယ်ကို ကောင်းပါတယ်။ ကား Concept ကို ဖန်တီးထားတဲ့ ဒီဇိုင်နာတွေကလည်း ကားကို ဂိမ်းအတွက် ဖန်တီးထားတာနဲ့အညီ အပြင်လောကနဲ့ မဆိုင်လောက်အောင် လွတ်လပ်မှုအပြည့်နဲ့ ဖန်တီး ပေးထားတာ ပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု ကားရဲ့ Mode ၂ မျိုးအရ ဖြစ်လာတဲ့ ဒီဇိုင်း ၂ မျိုးကတော့ ရုတ်တရတ်ကြည့်လိုက်ရင် အကုန်အတူတူ နီးပါး ဖြစ်ကာ ဘီးတွေ နဲ့ Suspension ပိုင်းပဲ သိသိသာသာ ကွာခြားပါလိမ့်မယ်။ ကား ၂ မျိုး လုံးကတော့ ခပ်ပါးပါး အပြင်အဆင် ၊ Aerodynamic ကောင်းတဲ့ ကိုယ်ထည် ၊ အင်ဂျင်စက်ဖုံး အရှည်နဲ့ တိကျတဲ့ ထောင့်ချိုးတွေအပြင် ခေတ်ရှေ့ပြေးတဲ့ Greenhouse အသွင်တွေကို ပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ်။ ကားရဲ့ ဘေးဘက်မှာတော့ အနာဂတ် အတော်လေး ဆန်တဲ့ အလွိုင်းဘီးတွေကို ကြီးကြီးမားမား ထည့်ပေးထားပြီး ကားရဲ့ အရွယ်နဲ့ ပြတင်းပေါက် ပုံစံတွေကိုပါ Capsule Effect ဒီဇိုင်းနဲ့ ဖန်တီးပေးထား လိုက်တာပဲ ဖြစ်ပါတယ်။


အတွင်းခန်းမှာတော့ ကားအနေနဲ့ အတော်လေး ခေတ်ဆန်တဲ့ Crystal-Sphere Cockpit ကို သုံးပေးထားပြီး ဒီဂျစ်တယ် Interface အပြည့်အစုံနဲ့ ခေတ်ရှေ့ပြေးနေပါတယ်။ အခု Concept အတွက် အသေးစိတ် စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို Italdesign ဘက်က မချပြထားသေးပေမယ့်လည်း ကားကိုတော့ V10 Engine ကြီးနဲ့ အတူ လျှပ်စစ်မော်တာနဲ့တွဲပြီး Hybrid စနစ် လုပ်ပေးထားမှာ ကတော့ သေချာနေတာပါ။ အခု ကား Concept တွေကိုတော့ Gran Turismo 7 ကားဂိမ်း ရဲ့ Update အနေနဲ့ ရယူနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကအခု Exeneo Concept အသစ်ဟာယခင် မြင်ခဲ့ဖူးတဲ့ ဂိမ်းအတွင်း Vision GT Concept တွေလို စွမ်းဆောင်ရည်အတွက် မဟုတ်ပဲ ဒီဇိုင်းပိုင်း လေ့လာလို့ ရအောင် သပ်သပ်ပဲ ထည့်ပေးထားသေးတာ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version