MyCars Myanmar

အခုနှစ် ထဲအမေရိကမှာ စတင်ပြေးဆွဲ ပေးတော့မယ့်မောင်းသူမဲ့ Ioniq 5 Robotaxi ကားများ!

Hyundai Motor Group နဲ့ Aptiv တို့ အကြား ပူးပေါင်းတည်ထောင်ထားတဲ့ Motional မောင်းသူမဲ့ ကားကုမ္ပဏီဟာ အခုဆိုရင် တက္ကစီ ကုမ္ပဏီကြီး Uber နဲ့ ပူးပေါင်းပြီး Ioniq 5 အခြေပြုလာမယ့် မောင်းသူမဲ့ တက္ကစီတွေကို စတင် ပြေးဆွဲဖို့ သဘောတူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ၁၀ နှစ်သက်တမ်းရှိပြီး ဈေးကွက်အစုံ အတွက်ကို သဘောတူနိုင်ခဲ့တာ ကြောင့် နောက်ပိုင်း Uber ရဲ့ ကားအတော် များများမှာ  Motional ရဲ့ မောင်းသူမဲ့ကားတွေက ခရီးသည် သန်းပေါင်းများစွာကို ပို့ဆောင်ပေးနိုင်တော့မှာပါ။ ယခု စတင် မိတ်ဆက်စဉ်မှာတော့ အမေရိကမှာ စတင်ပြေးဆွဲ အသုံးပြုမှာဖြစ်ပြီး Uber ကတော့ Hyundai Ioniq 5 ကားတွေနဲ့ အတူ အခုနှစ်ကုန်မှာတင်ပဲ စတင်ပြေးဆွဲဖို့ ရည်ရွယ် နေပါပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်တာ ဖြစ်လို့ Uber ကလည်း Motional ရဲ့ နည်းပညာ‌နဲ့ ကားတွေကို ကောင်းကောင်း အသုံးချပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မောင်းသူမဲ့ Ioniq 5 လျှပ်စစ်ကားတွေ သုံးတာ ကြောင့် နည်းပညာ ပိုမြင့်ပြီး Vehicle Downtime ကိုလည်း လျှော့ချနိုင်ကာ မလိုအပ်ပဲ ခရီး‌မိုင် အပိုတွေ ပတ်မောင်းနေခြင်း ကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။ ရလဒ်အနေနဲ့ ကတော့ Uber ဟာ ဝန်ဆောင်မှုပေး နိုင်မယ့် နေရာမှာ အချိန်တွေ ပိုတိုးပေးနိုင်မှာဖြစ်ပြီး ခရီးသည် သွားလာချင်တဲ့ အချိန်မှာကိုပဲ စောင့်ဆိုင်းရချိန်တိုတိုနဲ့ လျှင်လျှင်မြန်မြန် ဝန်ဆောင် မှု ပေးနိုင်တော့မှာပါ။

Photo Credit: motor 1.com

တကယ်တော့ အခုလို ကုမ္ပဏီတွေ အကြား ပူးပေါင်းလာတာဟာ ပထမဆုံးတော့မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ မေလ ကတည်းကစလို့ ဆန်တာမိုနီကာနဲ့ ကယ်လီဖိုးနီးယား ဒေသတွေမှာ Uber Eats ဆိုတဲ့ ဝန်ဆောင်မှု ကိုသုံးပြီး Ioniq 5 Robotaxi မောင်းသူမဲ့ ကားတွေနဲ့ပဲ အစားအသောက်တွေကို လိုက်လံပို့ဆောင် နေခဲ့ပါပြီ။ အခုလိုမျိုး အစောပိုင်းစမ်းသပ်ချက်တွေမှာပါ အားလုံးအောင်မြင်တာကြောင့် နောက်ပိုင်းမှာ စားသောက် ဆိုင် အတော်များများဆီ ချဲ့ထွင် တော့မှာဖြစ်ပြီး Uber Eats ကိုလည်း အတော်လေး အသုံး ပြုလာကြတော့မှာပါ။ တကယ်ကတော့ အခုလိုမျိုး အစား အသောက်တွေ မောင်းသူမဲ့ပို့ပေးတာထက် ခရီးသည်တွေကို မောင်းသူမဲ့ပို့ပေးရမှာ ပိုပြီးစိန်ခေါ်မှု ကြီးမားတာလည်း ဖြစ်ပါတယ်။ Motional ကတော့ အခုဆိုရင် ကုမ္ပဏီဟာ Uber ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်း ကွန်ရက် တွေထဲ ပစ္စည်းရော ခရီးသည်တွေကိုပါ မောင်းသူမဲ့ ပို့ဆောင်ပေးနိုင်တော့မယ့်ကုမ္ပဏီ ဖြစ်လာလိမ့်မယ်လို့ ဆိုထားပြီးဖြစ်ပါတယ်။ Motional ရဲ့ အခုလိုမျိုး Hyundai Ioniq 5 Robotaxi ကားတွေကို Uber လမ်းကြောင်းတွေ မှာ အသုံးပြုခြင်းဖြင့် Uber ရဲ့ လာမယ့် ၂၀၃၀ အရောက် အမေရိကမှာ လျှပ်စစ်ကားသီးသန့် ကုမ္ပဏီ ဖြစ်လာရမယ် ဆိုတဲ့ ရည်မှန်းချက်ကိုပါ ပြည့်မှီစေတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version